နယ်မြေအငြင်းပွားမှုကြောင့် သျှမ်းမြောက် တိုက်ပွဲ ဆက်ပြင်းထန်လာနိုင်

သျှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် နယ်မြေအငြင်းပွားမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်စပ်ကြား သျှမ်းတပ် (၂)တပ်ဖြစ်သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့ သည် နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲ သဖန်ပြင်းထန်လာပြီး ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီရက်ပိုင်းအတွင်း နမ့်လန်ဒေသမှာ RCSS ဖက်ကနေ လာရောက်ပစ်ခတ်တာတွေ ရှိလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်၊ နယ်ခြားထားတဲ့နေရာတွေကို မကျော်လာဘူး ဆိုရင်တော့ တိုက်ပွဲက ဖြစ်မှာ မဟုတ်ဘူး” ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နယ်မြေကျူးကျော် တိုက်ခိုက်မှုများ ဆက်ရှိနေပါက သျှမ်းတောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းကိုင်မြို့နယ်ထိ တိုက်ပွဲ ကူးဆက် သွားနိုင်ကြောင်း ဗိုလ်မှူးကြီး စိုင်းဆု ပြောသည်။

“နောက်ထပ် နယ်မြေကျူးကျော်တာတွေ ရှိရင်တော့ နမ့်လန်ဒေသအပြင် ကျေးသီး၊ မိုင်းကိုင်ဖက်တွေပါ ဆက်ဖြစ်သွားနိုင်ပါတယ်၊ သူတို့ဖက်ကသာ နောက်ဆုတ်လိုက်ရင်တော့ တွေ့ဆုံဆွေးနွေးပြီး နယ်မြေသတ်မှတ်တာတွေ၊ တိုက်ပွဲပြီးဆုံးတာတွေလည်း ဖြစ်လာနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းဆု က ဆိုသည်။

တဖက်ကလည်း သျှမ်းမြောက် တိုက်ပွဲ ကိစ္စနှင့်ပတ်သက်ပြီး တဖက်တပ် (SSPP/SSA) လှုပ်ရှားမှုပေါ် မူတည် ကြောင်း၊ တဖက်တပ်မှ လာရောက် မတိုက်ပါက စစ်ရေးလျော့ကျနိုင်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောက်ထပ် တိုက်ပွဲတွေ ပြင်းထန်လာနိုင်လား ဆိုတာကတော့ တစ်ဖက်က တပ်တွေရဲ့ အနေအထားပေါ် မူတည်တယ်၊ သူတို့တွေ လာမတိုက်ဘူး ဆိုရင် တိုက်ပွဲက ဆက်ဖြစ်မှာမဟုတ်ဘူး” ဟု ဗိုလ်မှူး စိုင်းခမ်းစံ က ပြောသည်။

သျှမ်းတပ် (၂)တပ်ကြား တွေ့ဆုံဆွေးနွေးမှုသည် ယခင်တွင် အဖြေရှာခဲ့ဖူးကြောင်း၊ သို့သော် တဖက်မှာ စစ်ရေး နှင့် တိုက်ခိုက်လာပါက ပြန်လည်ခုခံရသည့်အနေအထားဖြစ်ကြောင်းလည်း ဗိုလ်မှူးခမ်းစံ က ဆိုသည်။

“အရင်ကတည်းက တွေ့ဆုံဆွေးနွေးပြီး အဖြေရှာခဲ့ဖူးပါတယ်၊ ဒါပေမယ့် တစ်ဖက်က စစ်ရေးနဲ့ပဲ တိုက်ခိုက်လာနေတာဆိုတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ပဲ ပြန်လည် ခုခံနေတာပါ။ အဲ့ဒါကြောင့် ဒီပြဿနာကို မဖြေရှင်းနိုင်သေးဘူး” ဟု ဗိုလ်မှူးခမ်းစံ က ထပ်လောင်းပြောသည်။

သျှမ်းပြည်တွင် လက်ရှိကာလမှာ စစ်အာဏာရှင် အမြစ်ပြတ်တိုက်ခိုက်ရေး လှုပ်ရှားမှုကြောင့် အကြပ်အတည်းကြုံနေရချိန်၊ တဖက်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်မှုကြောင့် အခက်အခဲ ရင်ဆိုင်နေရချိန်ဖြစ်သည်။

ထို့ပြင် သျှမ်းတပ်(၂)တပ် နယ်မြေ အငြင်းပွားမှုကြောင့် စစ်ရှောင်များ ထွက်ပြေးတိမ်းရှောင်နေရပြီး ကိုဗစ်ကာလ သွားလာကန့်ကွက်ချက်များကြောင့် စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

“စစ်ရှောင်တွေက ပိုများလာတယ်၊ ကိုဗစ်ကာလ ဆိုတော့ စစ်ရှောင်တွေကို လှူဒါန်းမှုတွေကလည်း အားနည်းသွားတယ်၊ တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်ဖို့ မျှော်လင့်တယ်” ဟု ကျောက်မဲမြို့မှ စစ်ရှောင်များကို ကူညီနေသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှုတွင် သျှမ်းတပ်(၂)တပ်အပြင် TNLA လည်း ပါဝင်ပတ်သက်နေသည့် အတွက် သျှမ်းသံတော်ဆင့်အနေဖြင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

“ တိုင်းရင်းသားအချင်းချင်း၊ ကိုယ့်လူမျိုးအချင်းချင်းကြားဘာကြောင့် တွေ့ဆုံဆွေးနွေးမှု ညှိနှိုင်းမရကြတာလဲ။ တခြားသူတွေနဲ့တောင် ညှိလို့ရနေတာ။ အချင်းချင်းကြားညှိမရတာတော့ စဉ်းစားလို့မရဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

သြဂုတ်လ (၁၁)ရက်နေ့မှ စတင်ပြီး တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲပြန်လည် ပြင်းထန်လာမှုကြောင့် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် စစ်ဘေးရှောင်သူ (၂၀၀၀)ဝန်းကျင်ထိ ရှိနေကြောင်း၊ တိုက်ပွဲများပြီးဆုံးရန် တွေ့ဆုံဆွေးနွေးကာ အမြန်ဆုံး အဖြေရှာသင့်ကြောင်း ဒေသခံများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...