Tuesday, January 27, 2026

အောင်ပန်းမြို့ CDM မလုပ်ထားသည့် မီးရထား ဝန်ထမ်း တစ်ဦး ဓားခုတ်ဒဏ်ရာဖြင့် သေဆုံး

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့တွင် CDM လုပ်ဆောင်ထားခြင်းမရှိသည့် မီးရထားဝန်ထမ်း (၁)ဦး ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၂၄)ရက် ညနေ (၄)နာရီဝန်းကျင်တွင် အောင်ပန်းမြို့ မှ ကုန်းလွင်ကျေးရွာသို့ သွားသည့် မီးရထားလမ်းဘေးရှိ ပြောင်းစိုက်ခင်းအနီးတွင် ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခံထားရသည့် မီးရထားဝန်ထမ်း တစ်ဦး ၏ ရုပ်အလောင်းကို တေ့ွရှိပြီး၊ တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။

“မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်မှာ ပြောင်းဖူးခင်းထဲ အသတ်ခံရတဲ့ အလောင်းတစ်လောင်းတွေ့တယ်၊ သူ့ရဲ့ ပါးစပ်ကိုတိတ်တွေနဲ့ ပိတ်ထားပြီးတော့ ဓါးနဲ့ထိုးတဲ့အချက်ပေါင်း ၃၆ ချက်လောက်ရှိမယ်။ သူနဲ့ အတူနေ နောက်ထပ် ဝန်ထမ်းတစ်ဦးကတော့ ပျောက်နေတယ်၊ သေသလား ရှင်သလား မပြောတတ်ဘူး” ဟု အောင်ပန်းမြို့နေ တစ်ကိုယ်တော် ပရဟိတ လုပ်ကိုင်နေသူ ကိုသူရိန်ထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မီးရထားဝန်ထမ်းနှစ်ဦး အနက် ဓါးချက် ၃၆ ချက်ဖြင့် အသတ်ခံလိုက်ရသည့် ဝန်ထမ်းတစ်ဦးသည် အရင်တွင် ပိုက်ဆံ ၃၆ သိန်း ခိုးဖူးသူ ဖြစ်ကြောင်းနှင့် CDM လုပ်ဆောင် ထားသူ မဟုတ်ကြောင်းလည်း ကိုသူရိန်ထွန်းက ပြောသည်။

“ဓါးချက်တွေနဲ့ အလောင်းပြန်ရတဲ့ တစ်ယောက်က အရင်က သူများ ပိုက်ဆံ ၃၆ သိန်းတိတိ ခိုးဖူးတဲ့သူပါ၊ သူတို့ကို PDF ကသတ်လိုက်တယ် ဆိုတာကတော့ ယုတ္တိမရှိဘူး၊ CDM မလုပ်ထားပေမယ့် နိုင်ငံရေး အကြောင်းကို အဲ့လောက်ထိ သိရှိနားလည်တဲ့ သူတွေ မဟုတ်ဘူး၊ ဒါပေမဲ့ ဘာကြောင့် ဘယ်သူက လာသတ် သွားလဲ ဆိုတာ ကျနော်လည်း မသိဘူး” ဟု ကိုသူရိန်ထွန်းက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် အောင်ပန်းမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ရိုက်နှက်မှုများအပြင် အခုလို သတ်ဖြတ်မှုများလည်း ရှိလာကြောင်း၊ လူငယ်များစွာကလည်း စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲသားတို့၏ ဖမ်းဆီးခံရမှုများ ရှိနေကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

အောင်ပန်းမြို့ လမ်းမပေါ်တွင် “(၁၉) ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့” စာရွက်များ ဖြန့်ကြဲ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ လမ်းမပေါ်တွင် “(၁၉ ) ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့ “ စာသားပါ စာရွက်များကို လမ်းမပေါ်တွင် ဖြန့်ကြဲထားကြောင်း စုံစမ်းသိရှိရသည်။ အာဏာသိမ်းပြီး (၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်)နေ့ တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသော အောင်ပန်း...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

မီးလုံးယမ်းပေါက်ကွဲမှုကြောင့် အသက် ၁၉နှစ် လူငယ် အမျိုးသား ထပ်မံသေဆုံး

0
သျှမ်းပြည် အောင်ပန်းမြို့တွင် မီးလုံးပြုလုပ်ရန် ယမ်းထောင်စဥ် မတော်မဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၉နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အောင်ပန်းမြို့တွင် ပြီးခဲ့သည့် မေလ ၂၅ ရက် ညနေပိုင်း၌ မီးလုံးပြုလုပ်ရန် ယမ်ထောင်းစဉ်မတော်တဆ ပေါက်ကွဲဖြစ်ပွားခဲ့ပြီး အသက် ၁၉နှစ်အရွယ် လူငယ်အမျိုးသားနှင့် အသက် ၅၄နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် တိုက်ပွဲကြောင့် အောင်ပန်းမြို့ စစ်ဆေးရေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်ပန်းမြို့ အဝင်အထွက်မှာ စစ်ဆေးရေး တင်းကြပ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ အောင်ပန်းမြို့ အဝင်အထွက်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး တောင်ကြီးမြို့ နှင့် ညောင်ရွှေမြို့ မှ လာသည့်သူများကို ပိုပြီးစစ်ဆေးနေကြောင်း သိရသည်။ “ မြို့ထဲမှာ စစ်ဆေးတာတော့ မရှိဘူး။ အဓိကတော့...