အောင်ပန်းမြို့ လမ်းမပေါ်တွင် “(၁၉) ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့” စာရွက်များ ဖြန့်ကြဲ

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ လမ်းမပေါ်တွင် “(၁၉ ) ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့ “ စာသားပါ စာရွက်များကို လမ်းမပေါ်တွင် ဖြန့်ကြဲထားကြောင်း စုံစမ်းသိရှိရသည်။

အာဏာသိမ်းပြီး (၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်)နေ့ တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသော အောင်ပန်း လူငယ်များအား စစ်ကောင်စီတပ်မှ သေဆုံးသည်အထိ ဖြိုခွင်းဖမ်းဆီးသတ်ဖြတ်မှုကြောင့် လူငယ် (၂၀) ဦးခန့် သေဆုံးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ကြောင့် ယမန်နေ့ ( မတ်၁၈)ရက် ညတွင် လမ်းမပေါ်ရှိ စာရွက်ဖြူများ ပြန့်ကြဲနေပြီး ထိုစာသားသည် ယခင် အတိတ်ကာလ နေ့ရက်များကို ပြန်မြင်ယောင်လာစေသည်ဟု မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင် လွန်ခဲ့တဲ့ (၄)နှစ်က လူငယ်တွေ တော်တော်များများ ဆန္ဒပြရင်း အသက်ပေးသွားခဲ့တာ။ ဒီအကြောင်းတွေ ကျနော်တို့ မေ့တော့မလို့ ဖြစ်နေတာ ဒီစာရွက်တွေကောက်ရမှ ပြန်ပြီးသတိရလာစေတယ်” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် လေးနှစ်သာ ကာလ ယနေ့အချိန်တွင် စစ်ကောင်စီမှ ဆန္ဒပြလူငယ် (၂၀)ကို သတ်ဖြတ်ခဲ့ပြီး ထိုလူငယ်များသည် အောင်ပန်းမြို့တွင် မီးသဂြိုဟ်ခွင့်မရရှိခဲ့ကာ ကလောမြို့ဘက်သို့ သယ်ဆောင်သွားခဲ့ ရကြောင်း ၎င်းကဆိုသည်။

ယခုကဲ့သို့ “(၁၉)ရက်နေ့ လူသတ်ပွဲ လုံးဝမမေနဲ့ “ စာသားကို မည်သည့်အဖွဲ့မှ ဖြန့်ကြဲခဲ့သည်ကို ထုတ်ပြန်လာခြင်းမရှိသေးဘဲ ပြည်သူများကို ယခင်က ဆန္ဒပြရင်း သေဆုံးသွားခဲ့ရသည့် အောင်ပန်းလူငယ်များကို မမေ့စေလိုသော ရည်ရွက်ချက်ဖြင့် ဖြန့်ကြဲခဲ့ခြင်းဖြစ်နိုင်သည်ဟု အသက် (၃၀) ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ မတ်လ (၁၉) ရက်နေ့တွင် အောင်ပန်းမြို့ ဗထူးကျောက်တိုင်နားတွင် ရဲနှင့် စစ်သားများ ကင်းစောင့်နေပြီး စစ်ဆေးနေမှုများပြုလုပ်နေကြောင်း အောင်ပန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ဗထူးကျောက်တိုင်နားမှာ ရဲနဲ့ စစ်သား (၃၀)လောက်ရှိမယ် စစ်ဆေးတာလုပ်နေတယ်။ ဒါ့မှ မဟုတ် ကလေး စာမေးပွဲကြောင့် ဒီလောက်များနေလား မသိဘူး”ဟု ၎င်းအမျိုးသားက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၅ မတ်လ ၁၈ ရက်အတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အတည်ပြုပြီး သေဆုံးသူ (၆၄၁၀)ဉီးရှိပြီး၊ အတည်မပြုနိုင်ဘဲ သေဆုံးသူ (၃၁၀၀) ဉီးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ၂၀၂၅ ခုနှစ် မတ်လ ၁၈ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...