Tuesday, January 27, 2026

မီးလုံးယမ်းပေါက်ကွဲမှုကြောင့် အသက် ၁၉နှစ် လူငယ် အမျိုးသား ထပ်မံသေဆုံး

သျှမ်းပြည် အောင်ပန်းမြို့တွင် မီးလုံးပြုလုပ်ရန် ယမ်းထောင်စဥ် မတော်မဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၉နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။

သျှမ်းပြည် အောင်ပန်းမြို့တွင် ပြီးခဲ့သည့် မေလ ၂၅ ရက် ညနေပိုင်း၌ မီးလုံးပြုလုပ်ရန် ယမ်ထောင်းစဉ်မတော်တဆ ပေါက်ကွဲဖြစ်ပွားခဲ့ပြီး အသက် ၁၉နှစ်အရွယ် လူငယ်အမျိုးသားနှင့် အသက် ၅၄နှစ်အရွယ်ရှိ အမျိုးသားတို့ မီးလောင်ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် အသက် ၅၄နှစ်အရွယ်ရှိ အမျိုးသားသည် မေ ၂၆ရက်တွင် သေဆုံးခဲ့ပြီး၊ ယမန်နေ့ (မေ ၂၇ရက်)ရက်တွင် အသက် ၁၉နှစ်အရွယ်ရှိ လူငယ်အမျိုးသား သေဆုံးသွားကြောင်း အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့ကပဲ တောင်ကြီး မှာဆုံးသွားတာ။မနေ့ကပဲ ချက်ချင်ယူလာလိုက်တယ်။ယမ်းပြီးဆိုတော့ တော်တော် ဆိုးဆိုးဝါးဝါးဖြစ်တာပေါ့။ဖြစ်တုန်းက တကိုယ်လုံးကို မီးလောင်သွားတာလေ။ မနေ့က ဆုံးသွားတဲ့လူက ၁၉ နှစ်နဲ့ တစ်ယောက်။ဒီတစ်ယောက်နဲ့ဆိုရင် ဒီလမှာ ၄ ယောက်ဆုံးသွားပြီ။”ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာများမှ ယမ်းထောင်းခြင်းကို မြို့ထဲတွင် မထောင်းရန် ပြောဆိုထားပြီး မြို့ပြင်တွင် ပြုလုပ်ရန် ပြောဆိုမှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ယင်း မီးလုံးခေါ် ပအိုဝ်းဘာသာ နှင့် လုဖုဲင် ဒုံးပြိုင်ပွဲသည် တောင်ကြီးမြို့ ဝန်းကျင်ရှိ ရွာတိုင်းလိုလိုပင် ကျင်းပသည့် ရိုးရာပြိုင်ပွဲတစ်ခုဖြစ်ပြီး တောင်ကြီးမြို့မြောက်ဘက် ပေါမူရွာပြိုင်ပွဲသည် အကြီးဆုံးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်တွင်လည်း အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်တွင် ရိုးရာပွဲ အတွက် မီးလုံးပြုလုပ်ရန် ယမ်းထောင်ရာမှ မတော်တဆ ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

အောင်ပန်းမြို့ လမ်းမပေါ်တွင် “(၁၉) ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့” စာရွက်များ ဖြန့်ကြဲ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ လမ်းမပေါ်တွင် “(၁၉ ) ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့ “ စာသားပါ စာရွက်များကို လမ်းမပေါ်တွင် ဖြန့်ကြဲထားကြောင်း စုံစမ်းသိရှိရသည်။ အာဏာသိမ်းပြီး (၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်)နေ့ တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသော အောင်ပန်း...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

ညောင်ရွှေမြို့နယ် တိုက်ပွဲကြောင့် အောင်ပန်းမြို့ စစ်ဆေးရေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်ပန်းမြို့ အဝင်အထွက်မှာ စစ်ဆေးရေး တင်းကြပ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ အောင်ပန်းမြို့ အဝင်အထွက်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး တောင်ကြီးမြို့ နှင့် ညောင်ရွှေမြို့ မှ လာသည့်သူများကို ပိုပြီးစစ်ဆေးနေကြောင်း သိရသည်။ “ မြို့ထဲမှာ စစ်ဆေးတာတော့ မရှိဘူး။ အဓိကတော့...

အောင်ပန်းမြို့ စစ်ကောင်စီက နေ့စဉ်ဆက်တိုင်း ပြည်သူများကို ဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ယခု (အောက်တိုဘာလ) အတွင်း စစ်ကောင်စီက ပြည်သူများကို နေ့စဥ်ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် ည ၅ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ သွေးအလှူရှင် အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် အတူ...