Thursday, May 2, 2024

ညောင်ရွှေမြို့နယ် တိုက်ပွဲကြောင့် အောင်ပန်းမြို့ စစ်ဆေးရေးတင်းကြပ်နေ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်ပန်းမြို့ အဝင်အထွက်မှာ စစ်ဆေးရေး တင်းကြပ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

အောင်ပန်းမြို့

အောင်ပန်းမြို့ အဝင်အထွက်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး တောင်ကြီးမြို့ နှင့် ညောင်ရွှေမြို့ မှ လာသည့်သူများကို ပိုပြီးစစ်ဆေးနေကြောင်း သိရသည်။

“ မြို့ထဲမှာ စစ်ဆေးတာတော့ မရှိဘူး။ အဓိကတော့ မြို့ဝင်မြို့ထွက် ပိုစစ်ဆေးတာပေါ့။ တောင်ကြီး ၊ ညောင်ရွှေဘက်က လာတဲ့သူကို ပိုပြီးစစ်ဆေးတယ်။ အခုလည်း လူတိုင်းယောက်တိုင်းကို စစ်ဆေးတာ။ ဒီတိုင်းပေးမသွားတော့ဘူး” ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် PNO/PNA တပ်သားများလည်း စစ်ကောင်စီ နှင့် ပူးပေါင်းပြီး လှုပ်ရှားနေကြောင်း သိရသည်။

လက်ရှိ အောင်ပန်းမြို့ ဒေသခံများကလည်း တိုက်ပွဲဖြစ်ပွားလာမှုကို စိုးရိမ်နေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“ နိုင်ငံရေး သိတဲ့သူကလည်း စိုးရိမ်ထားကြတာပေါ့။ မသိတဲ့သူတစ်ချို့တော့လည်း အေးဆေးပါပဲ။ မြို့ထဲတော့ တိုက်ပွဲမဖြစ်လောက်ပါဘူး။ ကျေးရွာတွေ ဘက်မှာတော့ ဖြစ်လာမှာကို စိုးရိမ်ရတာပေါ့” ဟု ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းထောင်ကျေးရွာ ကြားတွင် IPDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article