အောင်ပန်းမြို့ခံ လူငယ်များအား အာဏာသိမ်းစစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် စစ်အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲခံရသည့် လူငယ်များအား အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်လာနေသည်ဟု သတင်းသိရသည်။

အောင်ပန်းမြို့တွင်အဖမ်းခံရလူငယ်၏ဖေ့စ်ဘုတ်

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ မြို့ဟောင်းရပ်ကွက် နယ်မြေ ၈ တွင် နေထိုင်သည့် အသက် ၁၇ နှစ်ခန့် လူငယ် အမျိုးသားတစ်ဦးကို အရပ်ဝတ်နှင့် လူတစ်စုက လာရောက် ဖမ်းခေါ်သွားကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ အမည်မဖော်လိုသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့ည ၆ နာရီဝန်းကျင်လောက်မှာ အရပ်ဝတ်နဲ့ လူတစ်စုက ရပ်ကွက်ထဲကိုလာတယ်၊ ပြီးတော့ အဲ့ကောင် လေး အိမ်ကိုသွားပြီးတော့ ဆူလားဆဲလားတွေ လုပ်သေးတယ်၊ ကျနော်တို့ အိမ်ဝိုင်းနဲ့ သိပ်မဝေး တော့ ကြားနေရတယ်၊ ပြီးတော့ သေနတ်သံ သုံးချက်ကြားလိုက်ရတယ်၊ ကောင်လေးကိုလည်း ကြိုးတုပ်ပြီး ခေါ်သွားတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အောင်ပန်းသူအောင်ပန်းသားများပြောပြချက်အရ လက်ရှိချိန်အထိ စစ်ကောင်စီတပ်မှ အောင်ပန်း လူငယ်များ ၆ ဉီးထက်မနည်း ဖမ်းဆီးသွားပြီးဖြစ်ကြောင်း၊ သာမန်ကျောင်းသားလေးများလည်း ပါဝင်ကြောင်း ပြောဆိုကြသည်။

“အောင်ပန်းမှာ သတင်းကသိပ်မထွက်ပေမယ့် မတရားဖမ်းဆီးခံရတဲ့ လူငယ်တွေက ရှိနေပါတယ်၊ သူတို့က  PDF ဖြစ်တယ် ဆိုပြီးတော့ ဖမ်းခေါ်သွားကြတာ၊ အသက်မပြည့်သေးတဲ့ ကောင်လေးတွေပါတယ်၊  အမှန်ဆို သူတို့က ရိုးရိုးကျောင်းသားတွေပဲ၊ စစ်ကောင်စီတပ်သားတွေက လာရင် အရပ်ဝတ်နဲ့ပဲ လာကြတာများ တယ်” – ဟု အောင်ပန်းမြို့ မိုးကောင်းရပ်ကွက်တွင် နေထိုင်သူ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ PDF ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခြင်းခံရသော လူငယ်များကို အောင်ပန်းမြို့ရှိ ရဲစခန်းတွင် ဖမ်းဆီးထိန်း သိမ်း ထားခြင်းဟု ဒေသခံများက စုံစမ်းသိရှိရသော်လည်း အတည်ပြုချက်များ မသိရှိရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“အပစ်မရှိတဲ့ လူငယ်တွေကို စွပ်စွဲချက်တွေနဲ့ဖမ်းတယ်၊ ဘယ်နေရာမှာ ဖမ်းထားလဲ ဆိုတာလည်း မပြောပြဘူး၊ တချို့ဆို အသက်မပြည့်သေးတဲ့ ကလေးတွေပါတယ်လို့တောင်ပြောတယ်၊ မိဘတွေက စိတ်ပူနေတာ အမှန်ပဲ” ဟု ၎င်းကပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် အောင်ပန်းမြို့အပါအဝင် သျှမ်းပြည် အတွင်းရှိ မြို့များသို့ NUG နှင့် PDFတပ်ဖွဲ့ များကို ဆက်သွယ်ထောက်ပံ့မှုများ ပြုလုပ်ပါက ဖမ်းဆီးအရေးယူမည်ဟုလည်း စစ်ကောင်စီတို့က ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...