NUG နှင့် NLD ပါတီဝင်များကို လက်ခံ ထောက်ပံ့ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး အဖွဲ့များသည် NUG နှင့် NLD ပါတီဝင် များကို လက်ခံထောက်ပံ့မှုများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကားများဖြင့် လိုက်လံ ဆော်သြနေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဆော်သြမှုကို သျှမ်းပြည်တဝှမ်းတွင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တောင်ပိုင်း ရှိ တောင်ကြီးမြို့၊ အောင်ပန်းမြို့ နှင့် ကလောမြို့ တွင် လော်စပီကာများကို ကားပေါ်တင်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ များနှင့် အတူ အထွေထွေအုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းလိုက်လံ ဆော်သြနေကြောင်း သိရသည်။

အဆိုပါ ဆော်သြမှုတွင် “ နိုင်ငံတော်အစိုးရ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး လုပ်နေမှုကို NUG နဲ့ NLDပါတီဝင် အကြမ်းဖက်သမားတွေက လူသတ် ဗုံးခွဲပြီး နှောက်ယှက်နေတယ်။ထိုသူတွေနဲ့ မပတ်သက် လက်မခံရန် ၊အကြမ်းဖက်သမား ကူညီလက်ခံရင် ပြင်းပြင်းထန်ထန် အရေးယူမယ်” ဟု လော်စပီကာဖြင့် ရပ်ကွက်များတွင် လိုက်လံဆော်သြနေသည်။

“ မနေ့ည က ဆော်သြတာ အုပ်ချုပ်ရေးမှူးကိုယ်တိုင်လိုက်ပါတယ်၊ စစ်ကောင်စီရဲ့ လူတွေပေါ့၊ NUG နဲ့ NLD ပါတီဝင်တွေက အကြမ်းဖက် သမားတွေဖြစ်လို့ သူတို့နဲ့ အဆက်အသွယ်မလုပ်ဖို့ ပြီးတော့ NLD တို့ PDF တို့ကို ကူညီထောက်ပံ့ပေးနေတာ သိရင် ဖမ်းမယ်၊ ထိထိရောက်ရောက် အရေးယူမယ်ဆိုတဲ့ အကြောင်း အော်သွားတယ်” ဟု အောင်ပန်းမြို့ အမှတ်(၃) ရပ်ကွက် တွင်နေထိုင်သည့် အမျိုးသား တစ်ဦးက ဆိုသည်။

ထိုနည်းတူ တောင်ကြီးမြို့တွင်လည်း ကား (၂)စီးဖြင့် NUG နှင့် မပတ်သက်ရန် လိုက်လံ ဆော်သြနေကြောင်း၊ ကိုဗစ်ကာကွယ်ဆေး ထိုးနေသည့်နေရာတွင် PDF မှ လိုက်လံဗုံးခွဲနေကြောင်း စသည့်အချက်များကို စစ်ကောင်စီ အုပ်စု က လိုက်လံနှိုးဆော်နေကြောင်း သိရသည်။

“ ဒါကတော့ ဘယ်သူက ဘာဆိုတာ ပြည်သူတွေ က အသိဆုံးပါ။ အရင်ခေတ်ကလို လုပ်လို့မရတော့ဘူး။ အရင်ခေတ်ကလို စစ်တပ် ဝါဒဖြန့်လို့ရမယ်ထင်နေတာ” ဟု တောင်ကြီး ဒေသခံတစ်ဦးက သျှမ်းသံတေ်ာဆင့်ကို ပြောသည်။

ယခုရက်ပိုင်း သျှမ်းပြည်နှင့် မြန်မာတဝှမ်းတွင်လည်း စစ်ကောင်စီ လက်အောက်ခံများသည် NUG နှင့် PDFတပ်ဖွဲ့ကို နည်းမျိုးစုံသုံးကာ ဝါဒဖြန့်မှု ပြုလုပ်ပြီါ်၊ ၎င်းအဖွဲ့များဖြင့် ဆက်သွယ်မှုပြုလုပ်ပါက ဖမ်းဆီးအရေးယူမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။

PDF အဖွဲ့များသည် မြို့ရွာများတည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်နေသော အကြမ်းဖက် ဖြစ်သဖြင့် လက်စတုန်းခြေမှုန်းရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုများ အနေဖြင့် အကြမ်းဖက်သူPDF များ၏ သတင်းများပေးပိုစေလိုကြောင်း နှင့် PDF တပ်ဖွဲ့များ လက်နက်ချရန် မြို့နယ်များရှိ ဓာတ်တိုင်များတွင် စာကပ်ထားကြောင်း သိရသည်။

“ စစ်တပ်ရဲ့ လုပ်ရပ်ကို အားလုံးကသိပြီးသားပဲ။ တကယ်တိုင်းပြည်အေးချမ်းခြင်ရင် စစ်တပ် က နေရာဖယ်ပေးရမှာလေ။ စစ်တပ်က အာဏာသိမ်းနေသရွေ့တော့ ပြည်သူတွေကလည်း လုပ်သင့်တာ လုပ်ရမှာပဲ” ဟု တောင်ကြီးမြို့ ရေအေးကွင်းတွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ အချိန်တွင် စစ်ကောင်စီကို အပြီးသတ် ဖြုတ်ချတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ ၅ သန်း ရရှိရေး စီမံချက်ကို အမျိုးသားညီညွတ်ရေး အစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ အကောင်အထည် ဖော်ဆောင်လုပ်နေလျက်ရှိသည့်အတွက် စစ်ကောင်စီက သတိပေးတားမြစ်ချက်တွေကို လိုက်လံဆော်သြခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူများက ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...