CATEGORY

လူ့အခွင့်အရေး

ကွတ်ခိုင်မြို့နယ် အတွင်းရှိ စစ်ရှောင်များ စားဝတ်နေရေး ပိုခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်ယုလေး နှင့် ဟိုခို စစ်ရှောင်စခန်းတွင်ရှိနေသည့် ပြည်သူများ စားဝတ်နေရေး ပိုခက်ခဲလာကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယုလေးစစ်ရှောင်စခန်းတွင် မတ်လ ကုန်ပိုင်းက စပြီး စာဝတ်နေရေးအတွက် ပုံမှန်လာရောက် လှူဒါန်းသည့် အလှူရှင် မရှိတော့ကြောင်း၊ လက်ရှိတွင် ဆေးခန်းများကို ပိတ်ထားသောကြောင့် ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် ခက်ခဲမှု...

စစ်ကောင်စီ မှဖမ်းဆီးသွားသည့် ဖယ်ခုံ နွားကျောင်းသား(၂)ဦး အလောင်း ပြန်တွေ့

စစ်ကောင်စီ တို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကသဲကျေးရွာအတွင်း စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသည့့် နွေးကျောင်းသား(၂)ဦး၏ ရုပ်အလောင်းကို ယနေ့(စက်တင်ဘာ ၂၈)ရက မနက်ပိုင်းတွင် ပြန်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်ဝန်းကျင် အချိန်တွင် စစ်ကောင်စီတို့ ဖမ်းဆီးခေါ်...

ဖယ်ခုံ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် အာဏာသိမ်းစစ်ကောင်စီ မှ လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်ခဲ့ပြီး၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း သတင်းရှရိသည်။ ယနေ့ (စက်တင်ဘာ ၂၇)ရက်မနက်ပိုင်းတွင် စစ်ကောင်စီမှလက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့ပြီး၊ နေအိမ်များလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း ဖယ်ခုံ...

လားရှိုးမြို့ တအောင်းလူငယ် (၆)ဦး ကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ လာရှိုးမြို့ အခြေစိုက် TSYU မှ ရုံးဝန်ထမ်း တစ်ဦး နှင့် TEC မှ ဆရာ (၅)ဦးကို စက်တင်ဘာ...

မိုင်းကိုင်မြို့နယ် စစ်ရှောင်(၂၆၀)ကျော် ထပ်မံတိုးလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၂၆၀)ကျော် ထပ်မံတိုးလာကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စက်တင်ဘာ (၂၆) ရက် နေ့လည် ၂ နာရီခန့်က လက်နက်ကြီးသံ ကြားရသဖြင့် စစ်ရှောင် (၂၆၀)ကျော် ကုန်းစုံဘုန်းကြီးကျောင်းသို့ ထပ်မံရောက်လာကာ လက်ရှိမှာ စစ်ရှောင်သူ (၅၀၀) ခန့်ရှိပြီး...

တိုက်ပွဲကြားက စစ်ရှောင်ကလေးများ ပညာရေး စိုးရိမ်ရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေး နေရသည့် ကလေးများ၏ အနာဂတ်ပညာရေးအတွက် စိုးရိမ်ရသည့်အနေအထားဖြစ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစု ဖြစ်သည့် SSPP/SSA၊ TNLA တပ်တို့ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင်ထွက်ပြေးနေရသူ (၄၀၀၀)ကျော်ထိ ရှိနေကြောင်း၊ အဆိုပါစစ်ရှောင်များထဲမှ...

ပင်လောင်းမြို့နယ် တောင်ရိုးအထောက်အကူပြု အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု ဆည်ခေါင်းကျေးရွာ တောင်ရိုးလူငယ်အထောက်ကူပြု အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုအောင်ဆန်းကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ ၂၄ရက် ည (၅)နာရီ တွင် တောင်ရိုးလူငယ် အထောက်အပြု အဖွဲ့ဝင် ကိုအောင်ဆန်း ကို စစ်ကောင်စီ အဖွဲ့မှ ၎င်း၏ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး၊...

ဖမ်းဆီးခံလူငယ် ဖုန်းကို အသုံးပြုပြီး တခြားလူငယ်များကို ထောင်ချောက်ဆင် ဖမ်းဆီးနေ

သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီတို့သည် ဖမ်းဆီးခံရသည့် လူငယ်များ၏ လက်ကိုင်ဖုန်းများကို အသုံးပြုကာ တခြားသော လူငယ်များကို ထောင်ချောက်ဆင် ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် မနက်ပိုင်းတွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နေ လူငယ် တချို့ကို အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့်...

ကျောက်မဲ ဟူးကွက်ရွာအတွင်း RCSS နှင့် တပ်ပေါင်းစု တိုက်ပွဲပြင်းထန်

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၂၅ ရက်) မနက်အစောပိုင်းမှစပြီး RCSS/SSA နှင့် တပ်ပေါင်းစု ဖြစ်သည့် SSPP/SSA၊ TNLA တို့ တိုက်ပွဲပြင်းထန်ပြီး နေအိမ်မီးလောင်ကြောင်း သတင်းရရှိသည်။ ထို တိုက်ပွဲဖြစ်ပွားသည့် ဟူးကွက်ကျေးရွာတွင် လွန်ခဲ့သည့် ရက်ပိုင်းတွင် RCSS/SSAတပ်စခန်းချထားသည့်နေရာဖြစ်ပြီး၊ ဘေးအနီးပတ်ဝန်းကျင်တွင်...

ကျောက်မဲတွင် စစ်ရှောင် (၄၀၀၀)ကျော် နေရပ်မပြန်နိုင်သေး

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ်မပြန်နိုင် သေးသည့် စစ်ရှောင် (၄၀၀၀)ကျော် ရှိနေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဖြစ်သည့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့်...

Latest news