မိုင်းကိုင်မြို့နယ် စစ်ရှောင်(၂၆၀)ကျော် ထပ်မံတိုးလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၂၆၀)ကျော် ထပ်မံတိုးလာကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ စက်တင်ဘာ (၂၆) ရက် နေ့လည် ၂ နာရီခန့်က လက်နက်ကြီးသံ ကြားရသဖြင့် စစ်ရှောင် (၂၆၀)ကျော် ကုန်းစုံဘုန်းကြီးကျောင်းသို့ ထပ်မံရောက်လာကာ လက်ရှိမှာ စစ်ရှောင်သူ (၅၀၀) ခန့်ရှိပြီး ဖြစ်ကြောင်း သိရသည်။

“နမ့်အွတ်ရွာထဲက တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ ကုန်းစုံဘုန်းကြီးကျောင်းမှာ နေရင် အသံတွေ ကောင်းကောင်းကြားနေရတယ်။ မနေ့ညက လေးလုံးထိုးတွေနဲ့ ကျောင်းထဲ အများကြီး ဝင်လာကြတယ်။ (၂၆၀)ကျော်ထပ်ရောက်လာတယ် ” ဟု ဟမ်းငိုင်း ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း စက်တင်ဘာ (၁၄) ရက်နေ့က စတင်ပြီး ဟိုခဲကျေးရွာအုပ်စုအတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ရှောင်များ နေရပ်သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“ဟိုခဲဘက်တော့ ငြိမ်သွားပြီ။ ခုက ဟမ်းငိုင်းဘက် လာဖြစ်နေတယ်။ ဟိုခဲဘက် ငြိမ်သွားပေမယ့် ဒေသခံတွေ မပြန်ရဲသေးဘူး။ စစ်ရေးတင်းမာနေတုန်းမလို့” ဟု ပန်ကေတု ဒေသခံ တစ်ဦး ကပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တုံလောကျေးရွာအုပ်စုမှာ (၃) နေရာ၊ ဟမ်းငိုင်းကျေးရွာအုပ်စု (၂) နေရာ၊ ပန်ကေတုကျေးရွာအုပ်စု (၄) နေရာ၊ ဟိုနားအုပ်စု (၁) နေရာ၊ မိုင်းကိုင်မြို့ ရပ်ကွက်(၆) ရှိ လွယ်လိုင်ဘုန်းကြီးကျောင်းမှာ (၁) နေရာနှင့် ဟိုနွဲ့ ကျေးရွာတွင် (၁)နေရာ စစ်ရှောင်စခန်း စုစုပေါင်း (၁၂) နေရာရှိပြီး စစ်ရှောင် (၃၀၀၀) ဝန်းကျင်ရှိသွားပြီး စားနပ်ရိက္ခာလိုအပ်နေကြောင်း သိရှိသည်။

သျှမ်းတပ်(၂)တပ် တိုက်ပွဲအမြန်ရပ်တန့်ရန် သျှမ်းပြည်လူထုနှင့် သံဃာတော်များက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တိုက်ပွဲရပ်တန့်သွားခြင်းမရှိဘဲ ပိုပြင်းထန်လာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...