ဖမ်းဆီးခံလူငယ် ဖုန်းကို အသုံးပြုပြီး တခြားလူငယ်များကို ထောင်ချောက်ဆင် ဖမ်းဆီးနေ

သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီတို့သည် ဖမ်းဆီးခံရသည့် လူငယ်များ၏ လက်ကိုင်ဖုန်းများကို အသုံးပြုကာ တခြားသော လူငယ်များကို ထောင်ချောက်ဆင် ဖမ်းဆီးနေကြောင်း သတင်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် မနက်ပိုင်းတွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နေ လူငယ် တချို့ကို အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် ၎င်းတို့ နေအိမ် အသီးသီးအထိ စစ်ကောင်စီက အင်အားသုံးကာ လာရောက်ဖမ်းဆီးပြီး ၎င်းတို့၏ ဖုန်းများကိုလည်း သိမ်းယူ သွားကြောင်း သတင်းသိရသည်။

“မနေ့က မနက်ပိုင်းမှာပါ၊ ဆန်ဆိုင်းဈေးအနီးမှာနေတဲ့ လူငယ်ကိုအရင်လာဖမ်းတယ်၊ စစ်ကောင်စီကို ဆန့် ကျင်တဲ့သူမလို့ လာဖမ်းတာတဲ့၊ ပြီးတော့ ရပ်ကွက်ထဲဝင်ပြီး နောက်ထပ်လူငယ် သုံးယောက်ကိုလည်း ဖမ်း ခေါ် သွားတယ်၊ မိန်းကလေး တစ်ယောက်ကိုလည်း ဖမ်းခေါ်သွားတာ တွေ့ရတယ်၊ သူတို့ဖုန်းတွေလည်း အကုန်လုံးယူသွားတယ်တဲ့”ဟု တာချီလိတ်မြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များသည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်းနေထိုင်သူ သီဟစိုး၊ အငယ်လေး နှင့် အိပြုံးဆိုသည့် အမျိုးတစ်ဦးအပြင် ဆန်ဆိုင်း(က)ရပ်ကွက်မှ ဆန်ဆိုင်း ဈေးအနီး ကျော်စွာဦး (ခ)ကျော်ကြီး(ခ)တင်မိုးလင်းတို့ဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးသည် သာမာန်အရပ်သား လူငယ်များဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံထားရသည့် လူငယ်(၄)ဦး၏ ဖုန်းများကို စစ်ကောင်စီတို့က ယူဆောင်စစ်ဆေး နေလျက်ရှိ ပြီး Facebook အကောင့်များမှ Group chat များတွင် ဝင်ရောက်စကားပြောခြင်း၊ အပြင်တွင် တွေ့ ဆုံစကားပြောရန် ပြောဆိုခြင်းများ ပြုလုပ်နေကြောင်းနှင့် တချို့သော လူငယ်များကိုလည်း နောက်ယောင်ခံ ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေသောကြောင့် ထပ်မံဖမ်းဆီးခံရသည့် လူငယ်များလည်း ရှိနေကြောင်း သတင်းသိရသည်။

“လိပ်စာ အတိအကျနဲ့ လာဖမ်းတော့ ဘာမှ ပြင်ဆင်ချိန်မရှိဘူးလေ၊ ဖုန်းတွေလည်း ပါသွားရတယ်၊ အခု စကစ တွေက ဖုန်းကနေတစ်ဆင့် သူတို့ရဲ့ သူငယ်ချင်းတွေကို သံသယနဲ့ စွပ်စွဲချက်တွေတင်ပြီး လိုက်ဖမ်း နေတယ်လို့ကြားတယ်၊ မနက်က ၄ ယောက်နဲ့၊ ညနေပိုင်း နဲ့ ညပိုင်းလည်း ဝင်ဖမ်းသေးတယ်တဲ့ ဘယ်နှစ် ယောက်ထပ်ပါသွားမှန်းတော့ မသိရဘူး၊ မြို့ကလည်း လန့်နေပြီ” ဟု တာချီလိတ်မြို့နေ အသက် ၄၅ အရွယ် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည်နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် တာချီလိတ်မြို့ အပါအဝင်တခြားသော မြို့နယ် များတွင်လည်း အာဏာရှင် ပြုတ်ချရေး ဆန္ဒပြတောင်းဆိုသူများနှင့် နိုင်ငံရေးနှင့် ပက်သက်ဆက်နွယ်မှုမရှိ သည့် သျှမ်းပြည်အတွင်းမှလူငယ်လူရွယ်များစုစုပေါင်း ၅၀၀ နီးပါးတို့ကို အကြောင်းပြချက်မရှိဘဲ မတရား ဖမ်းဆီး ထိန်းသိမ်းထားနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...