တိုက်ပွဲကြားက စစ်ရှောင်ကလေးများ ပညာရေး စိုးရိမ်ရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေး နေရသည့် ကလေးများ၏ အနာဂတ်ပညာရေးအတွက် စိုးရိမ်ရသည့်အနေအထားဖြစ်နေကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစု ဖြစ်သည့် SSPP/SSA၊ TNLA တပ်တို့ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင်ထွက်ပြေးနေရသူ (၄၀၀၀)ကျော်ထိ ရှိနေကြောင်း၊ အဆိုပါစစ်ရှောင်များထဲမှ စစ်ရှောင် နေရသည့် ကလေးသူငယ်များ၊ ကျောင်းသူ/သား များ၏ အနာဂတ်ပညာရေးအတွက် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

“ကိုဗစ်စဖြစ်ကတည်းက ကျောင်းတွေလည်း ပိတ်ထားရတယ်၊ အဲ့တော့ ကလေးတွေက သူတို့ရဲ့ ပညာရေးပိုင်းကို ဆုံးရှုံးနေရပြီ၊ ခုက စစ်ရှောင်ထွက်ပြေးပြန်ရပြီဆိုတော့ စစ်ရှောင်ကလေးတွေရဲ့ အနာဂတ်ပညာရေးက စိုးရိမ်စရာပါပဲ” ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောင်းသား/သူများသည် ကိုဗစ်ကူးစက်ပျံ့နှံ့နေမှုကြောင့် ပညာရေးနှောင့်နှေးမှုများ ကြုံနေရသည့်အပြင် လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် အဆိုပါ ကျောင်းသား/သူ ကလေးများ၏ ပညာရေးအတွက် ပိုမိုစိုးရိမ်နေရတာ ဖြစ်ကြောင်း စစ်ရှောင် ကူညီသူများက ဆိုသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကလေးများ၏ ပညာရေးအတွက် စာအုပ်ကူညီထောက်ပံ့မှုများ ရှိသော်လည်း သင်ကြားပေးမည့်သူ မရှိသေးကြောင်း လုင်းလျန်းဟန် က ဆိုသည်။

“စစ်ရှောင်ကလေးတွေရဲ့ ပညာရေးအတွက် Save The Children ရဲ့ ကူညီမှုနဲ့ စာအုပ်တွေ သွားပြီးထောက်ပံ့နေတာရှိတယ်၊ ဒါပေမယ့် သင်ကြားပေးမယ့် သူ မရှိဘူး၊ နောက်ပြီး ရောဂါဖြစ်နေတဲ့ ကာလဆိုတော့ သွားလာဖို့ အခက်ခဲဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

ထိုစစ်ရှောင်များထဲတွင် Grade 1 မှ Grade 4 ပညာသင်ကြားနေသူ (၂၀၀)ကျော် ပါဝင်နေကြောင်း၊ ထို့အပြင် ကိုဗစ်ကူးစက်မှုကြောင့် ကျောင်းများပိတ်ထားရသည့်အတွက် ကျောင်းသား/သူတို့၏ အနာဂတ်ပညာရေးအတွက် စိုးရိမ်မိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အားဏာသိမ်းယူပြီးနောက် ဇွန်လအတွင်း ကျောင်းများကို ပြန်ဖွင့်ရန် ကြိုးစားခဲ့သော်လည်း ကိုဗစ်တတိယလှိုင်း ထပ်မံဖြစ်ပွားခဲ့သည့်အတွက် ကျောင်းများကို ပြန်လည်ပိတ်ထားခဲ့ရတာဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...