ကျောက်မဲတွင် စစ်ရှောင် (၄၀၀၀)ကျော် နေရပ်မပြန်နိုင်သေး

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ်မပြန်နိုင် သေးသည့် စစ်ရှောင် (၄၀၀၀)ကျော် ရှိနေကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဖြစ်သည့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ ရကြောင်း သိရသည်။

ထိုစစ်ရှောင်များသည် လက်ရှိတွင် နေရပ်ကို ပြန်ချင်သော်လည်း တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်သည့်အတွက် မပြန်ရဲသေးကြောင်း မိုင်းငေါ့မှ စစ်ရှောင်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ကို အရမ်းကို ပြန်ချင်နေပြီ၊ ဒါပေမယ့် ဘယ်ချိန်မှ ပြန်ရမယ်ဆိုတာကိုတောင် မစဉ်းစားရဲတဲ့ အနေအထားဖြစ်နေတာ၊ တကယ်လို့ အိမ်ကို ပြန်ရောက်သွားတယ်ဆိုရင်တောင် ဘယ်လို ရှာဖွေစားသောက်ရမှာလဲ မသိတော့ဘူး” ဟု မိုင်းငေါ့ မန်ပင့်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး က ဆိုသည်။

မိုင်းငေါ့စစ်ရှောင်စခန်းများတွင် စစ်ရှောင် (၃၀၀)ဝန်းကျင် ရှိနေပြီး ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်း၊ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ရှောင်စခန်းများ၊ ကြူရှော(မြောက်ရွာ)ဘုန်းကြီးကျောင်း၊ ပြိန်းခါးကျေးရွာ အမက ကျောင်းနှင့် ဟူးစွန်ကျေးရွာအုပ်စုတို့တွင် စစ်ဘေးရှောင် (၂၀၀၀)ကျော်ထိ ရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရှိရသည်။

ထို့အပြင် ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာ ဆွေမျိုးအိမ်များတွင် လာရောက်နေထိုင်သူနှင့် အိမ်ငှား နေထိုင်ကြ သူများ စုစုပေါင်း (၁၇၀၀)ဦးကျော်ထိရှိနေကြောင်း သိရသည်။

ထို စစ်ရှောင်များသည် နေရပ်ကို ပြန်ချင်သော်လည်း လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် တပ်များအကြား စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် နေရပ်ကိုမပြန်နိုင်သေးပဲ စစ်ရှောင်စခန်းနှင့် လက်ရှိခိုလှုံနေသည့်နေရာများတွင်သာ ဆက်လက်နေထိုင်နေရတာဖြစ်ကြောင်း စစ်ရှောင်ဒေသခံများ ထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...