ပင်လောင်းမြို့နယ် တောင်ရိုးအထောက်အကူပြု အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု ဆည်ခေါင်းကျေးရွာ တောင်ရိုးလူငယ်အထောက်ကူပြု အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုအောင်ဆန်းကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာ ၂၄ရက် ည (၅)နာရီ တွင် တောင်ရိုးလူငယ် အထောက်အပြု အဖွဲ့ဝင် ကိုအောင်ဆန်း ကို စစ်ကောင်စီ အဖွဲ့မှ ၎င်း၏ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ကိုအောင်ဆန်းပိုင်ဆိုင်သည့် ကျပ်သိန်း (၁၅၀)တန် ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သတင်းရရှိသည်။

“ ၅ နာရီအချိန်လောက်အိမ်မှာလာစောင့်ပြီးဖမ်းသွားတာ။ သူအိမ်က ကား၊ ကွန်ပျူတာ၊ ဖုန်း ဆိုလည်း (၅) သိန်းတန်တဲ့ ဖုန်း (၅) လုံးယူသွားတယ်။ သူတို့ သိမ်းသွားတဲ့ ပစ္စည်းတန်းဖို က သိန်း (၁၅၀) လောက်ရှိတယ်။ မေးမြန်စရာရှိလို့ဆိုပြီးခေါ်သွားတာ။ ခုထိပြန်မလွတ်လာသေးဘူး” ဟု ကိုအောင်ဆန်း နှင့် ရင်းနှီးသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကိုအောင်ဆန်းကို လာရောက်ဖမ်းဆီးသည့် စက်တင်ဘာ (၂၄) ရက် မနက်ပိုင်းတွင် တောင်ရိုးပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF က အဖွဲ့ကို ဖွဲ့စည်းပြီးကြောင်း နှင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သူများကို တိုက်ခိုက်သွားမည် ဟု ထုတ်ပြန်ခဲ့သည့်နေရက်ဖြစ်သည်။

ထိုကိစ္စနှင့် ဆက်စပ်သည် ဟု စစ်ကောင်စီက သံသယရှိသောကြောင့် ကိုအောင်ဆန်ကို လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုအောင်ဆန်းကို လာရောက်ဖမ်းဆီးရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ အင်အား အလုံရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“ သူတို့ အိမ်ကိုလာတာတော့ ၆ ယောက်လောက်ပဲလာတာ။ ကိုအောင်ဆန်းကို ဖမ်းသွားပြီးတော့ ပြောင်းဖူးခြံထဲကနေ စစ်သားတွေ အများကြီးပဲ ထွက်လာတာ။ သူက ပရဟိတအလုပ်တွေ အများလုပ်တယ်။ သူကို PDF လို့ထင်ပြီးလာ ဖမ်းသွားတာထင်တယ်။ အဲနေ့က တောင်ရိုး PDF တွေက စာထုတ်ပြန်ခဲ့တယ်” ဟု ကိုအောင်ဆန်းနှင့်ရင်းနှီးသူက ပြောသည်။

ကိုအောင်ဆန်းသည် စစ်အာဏာမသိမ်းခင်က လူငယ်များကို စာသင်ပေးခြင်း၊ ကျောင်းမတက်နိုင်သည့် ကလေးများကို အထောက်ပံ့ပြုပေးခြင်း၊ တောင်ရိုးလူငယ်များကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိတ်ပါဝင်စား ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူ့ (၁၁၂၅)ဦး ကိုသတ်ဖြတ်ခဲ့ပြီး (၈၄၅၆) ဦး ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောင်ရေး (AAPP) က ယမန့်နေ့စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...