ဖယ်ခုံ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် အာဏာသိမ်းစစ်ကောင်စီ မှ လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်ခဲ့ပြီး၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း သတင်းရှရိသည်။

ယနေ့ (စက်တင်ဘာ ၂၇)ရက်မနက်ပိုင်းတွင် စစ်ကောင်စီမှလက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့ပြီး၊ နေအိမ်များလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း ဖယ်ခုံ PDF နှင့် ဆက်စပ်သည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတို့က ဖယ်ခုံအဝင် ကုန်းဆုံရွာနဲ့ ကသဲရွာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်၊ အဲ့မှာသူတို့လူကလည်း ကျတာများတော့ ရှုံးမဲ မဲတာပေါ့၊ ပြည်သူနေအိမ်ဖက် ရွာဖက်ကို ရမ်းပစ်တော့တာ၊ အိမ်ထဲရှိနေတဲ့ လူမမာ အမျိုးသမီးပေါင်ကို ကျည်ဆံက ထိမှန်သွားတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ ခွဲဝန်းကျင်အချိန်တွင် ဖယ်ခုံသို့ အင်အားဖြည့်တင်းဝင်လာသော စစ်ကောင်စီယာဉ်တန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ပင်လောင်း-ဖယ်ခုံ လမ်းမ၊ ကုန်းဆုံရွာနှင့် ကသဲရွာ အနီးတွင် ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီတို့ဖက်မှ အနည်းဆုံး ၂၀ ခန့် ထိခိုက်သေဆုံးနိုင်ကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။

“ဒီနေ့ မနက် ၁၀ နာရီခွဲကတည်းကနေ ညနေ ၄ နာရီကျော်အချိန်အထိ ပစ်ခတ်သံတွေကြားရပါတယ်၊ နှစ်ဖက်လုံးက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတာ ဖြစ်တယ်၊ ဒီနေ့မှာ စကစ တွေက အကျများတော့ ရွာတွေဖက်ကို ရမ်းပြီးပစ်လို့ ပြည်သူ အမျိုးသမီးတစ်ဦးနဲ့ နေအိမ်တွေလည်း ပျက်စီးသွားရတယ်” ဟု ဖယ်ခုံဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတို့သည် အင်အားအများအပြားနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း ဌာနေပြည်သူ့ကာကွယ်ရေးနှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ရှေ့ဆက်တိုက်ခိုက်မှု မပြုနိုင်သဖြင့် ကသဲကျေးရွာတွင်း ရှောင်တိမ်းခြင်း မပြုလုပ်နိုင်ခဲ့သည့် ပြည်သူများကို ဖမ်းဆီးရိုက်နက်ခြင်း များပြုလုပ်ခဲ့ကြောင်းလည်း သတင်းသိရသည်။

လက်ရှိတွင်လည်း ဖယ်ခုံမြို့ရှိ အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇)မှ မိုးဗြဲဖက်သို့ စစ်ကြောင်း ချီတက်သွားသော စစ်သားအင်အား ၂၀၀ ဝန်းကျင်ခန့်တို့သည် ဖယ်ခုံမြို့နှင့် မိုးဗြဲကားရှိ ခေါင်းမိုင်းကျေးရွာ အနီးတွင် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်နီ ပူးပေါင်းတပ်ဖွဲ့ တို့နှင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...