စစ်ကောင်စီ မှဖမ်းဆီးသွားသည့် ဖယ်ခုံ နွားကျောင်းသား(၂)ဦး အလောင်း ပြန်တွေ့

စစ်ကောင်စီ တို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကသဲကျေးရွာအတွင်း စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသည့့် နွေးကျောင်းသား(၂)ဦး၏ ရုပ်အလောင်းကို ယနေ့(စက်တင်ဘာ ၂၈)ရက မနက်ပိုင်းတွင် ပြန်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့ အတွင်း စစ်ကောင်စီ ဝင်ရောက်မွှေနှောက်သွားသည့် ပုံ

ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်ဝန်းကျင် အချိန်တွင် စစ်ကောင်စီတို့ ဖမ်းဆီးခေါ် ဆောင်သွားသည့် ကသဲကျေးရွာမှ နွားကျောင်းသား နှစ်ဦးကို ကသဲကျေးရွာ နှင့် ကုန်းဆုံကျေးကြားရှိ ရထား သံလမ်းဘေးတွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးလျက် တွေ့ရှိရကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

“သူတို့ နှစ်ဦးက နွားကျောင်းတဲ့ လူငယ်တွေပါ၊ အလွန်ဆုံးရှိမှ ၁၇နှစ်၊ ၁၈နှစ် အရွယ်ကလေးတွေဖြစ်တယ်။ မနေ့ က ရွာနား (ကသဲရွာ)စားကျက်ထဲ နွားလွှတ်သွားတဲ့ချိန် စကစရဲ့ စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီး ခံလိုက်ရတာပဲ၊ သူတို့ကို စကစတွေ ဖမ်းသွားတာ မြင်တဲ့သူတွေရှိတယ်၊ ဒီနေ့မနက်ရောက်တော့ ရွာအပြင် ရထားသံလမ်းဘေးမှာ အလောင်းတွေ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့ အတွင်း စစ်ကောင်စီ ဝင်ရောက်မွှေနှောက်သွားသည့် ပုံ

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖယ်ခုံမြို့နယ် ကသဲရွာနဲ့ကုန်းဆုံရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသခံ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေနတ်ကျည် ထိမှန်သည့် အပြင် နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ ကြောင်းသတင်းသိရသည်။

“မနေ့က စစ်ကောင်စီတို့ဖက် အကျအဆုံးလည်းများတော့ သူတို့က ရမ်းပစ်တယ်၊ ရွာတွေဖက်ကို လက်နက် ကြီးတွေနဲ့ ပစ်လို့ နှစ်အိမ်ကတော့လက်နက်ကြီးထိတယ်၊ရွာထဲမှာနေတဲ့လူတွေလည်းထိတယ်၊ အိမ်ထဲပုန်းနေ ပြီး ရှောင်တိမ်းခွင့်မရလိုက်တဲ့ ပြည်သူတစ်ဦးလည်း သေဆုံးသွားရတယ်” ဟု ဌာန ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စပ်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့ အတွင်း စစ်ကောင်စီ ဝင်ရောက်မွှေနှောက်သွားသည့် ပုံ

အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် ကသဲကျေးရွာနှင့် ကုန်းဆုံကျေးရွာတို့ရှိ ပြည်သူများသည် ပစ်ခတ်သံများ ကြားနေရသော်လည်း နေအိမ်စွန့်ခွာပြီး တိမ်းရှောင်ထွက်ပြေးပါက နေအိမ်များကို စစ်ကောင်စီတို့ လာရောက်ဖျက်စီးမည်ကို စိုးရိမ်သည့်အတွက် မသွားဖြစ်ကြောင်းလည်း သိရသည်။

ယမန်နေ့တွင် စစ်ကောင်စီတို့သည် ဖယ်ခုံမြို့နယ် အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ရုံသာမက ခေါင်းမိုင် ကျေးရွာ အနီးတွင်လည်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့ တို့နှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနှင့် ယနေ့ နေ့လည်ပိုင်း အချိန်တွင် လည်း အင်အား ၃၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်သားတို့သည် ခြေလျင်ခရီးဖြင့် ဖယ်ခုံမှ မိုးဗြဲဖက် သို့ ချီတက်သွားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...