Wednesday, January 28, 2026

ကျောက်မဲ ဟူးကွက်ရွာအတွင်း RCSS နှင့် တပ်ပေါင်းစု တိုက်ပွဲပြင်းထန်

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၂၅ ရက်) မနက်အစောပိုင်းမှစပြီး RCSS/SSA နှင့် တပ်ပေါင်းစု ဖြစ်သည့် SSPP/SSA၊ TNLA တို့ တိုက်ပွဲပြင်းထန်ပြီး နေအိမ်မီးလောင်ကြောင်း သတင်းရရှိသည်။

ထို တိုက်ပွဲဖြစ်ပွားသည့် ဟူးကွက်ကျေးရွာတွင် လွန်ခဲ့သည့် ရက်ပိုင်းတွင် RCSS/SSAတပ်စခန်းချထားသည့်နေရာဖြစ်ပြီး၊ ဘေးအနီးပတ်ဝန်းကျင်တွင် တပ်ပေါင်းစု (SSPP/SSA နှင့် TNLA)တို့ တည်ရှိသည့်ဒေသဖြစ်သည်။

“ဒီမနက် တိုက်ပွဲဖြစ်တယ်လို့တော့ ကြားတယ်၊ ရွာကို ဖုန်းဆက်လို့မရတော့ လက်ရှိအခြေနေကို သေချာမသိဘူး၊ နေအိမ်မီးလောင်နေတာရှိတယ်လို့လည်း ကြားတယ်” ဟု ကျောက်မဲမြို့ပေါ်ရောက် ဟူးကွက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုတိုက်ပွဲကြောင့် နေအိမ်မီးလောင်မှု ရှိနေသည်ဟု ဒေသခံများထံမှ သိရသော်လည်း လက်ရှိတိုက်ပွဲပြင်းထန်းမှု နှင့် နေအိမ်မီးလောင်သည့် ကိစ္စနှင့်ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အသီးသီးကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားပေးခြင်းမရှိခဲ့ပေ။

ထိုဟူးကွက်ကျေးရွာတွင် RCSS/SSA တပ်စွဲထားသည့်နေရာဖြစ်ကာ ပီးခဲ့သည့် သြဂုတ်လကုန်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့သည့်အချိန်မှစပြီး ဒေသခံများအား မိုဘိုင်းဖုန်းဆက်သွယ်မှု ပိတ်ပင်ထားကြောင်း၊ ထို့အပြင် ကျေးရွာအဝင်အထွက်ကိုလည်း ပိတ်ထားသည့်အတွက် ဒေသခံများ အစားအသောက်ခက်ခဲမှုများလည်း ရှိနေကြောင်း စစ်ရှောင်လာသည့် ဒေသခံတချို့များထံသိရသည်။

“ရွာမှာ ကျန်တဲ့သူတွေကတော့ ဖုန်းလည်းဆက်မရ။ ရွာကနေဆက်လာမှ ရတာ။ ကျနော်တို့ အဝင်ဖုန်းကမရဘူး။ နောက်ပြီး ရွာအဝင်အထွက်ကလည်းပိတ်ထားတာဆိုတော့ အခြေအနေ သိရဖို့ခက်တယ်” ဟု ကျောက်မဲရောက် ဟူးကွက်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဟူးကွက်ကျေးရွာအကြောင်းပြောပြသည်။

ထိုကျေးရွာတွင် ပြီးခဲ့သည့် (၁၀)ရက် ဝန်းကျင်က ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...