သိန္နီမြို့ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါ ရာဇဝတ်မှုကျူးလွန်သူ (၇) ဦး သေဒဏ်ချမှတ်
သျှမ်းပြည် သိန္နိမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ (၇) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA...
ကျောက်မဲ သံဃာတစ်ပါးနှင့် မိသားစု ၃ ဦးကို စစ်တပ် သေနတ်ပစ်သတ်၊ ၁၆ နှစ်သမီး မုဒိမ်းကျင့်သတ်ခံရ
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သားများသည် သံဃာတစ်ပါးနှင့် သားအမိ(၃)ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ထိုထဲတွင် အသက်(၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ခံထားရကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်...
ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...
တောင်ကြီး အဝေးသင်တက္ကသိုလ် ကျောင်းသူတစ်ဦး တို့ဆေးမိပြီး ဖမ်းဆီးခံရ
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အဝေးသင်တက္ကသိုလ် တက်နေသည့် ကျောင်းသူတစ်ဦးသည် တို့ဆေးမိပြီး ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၂၃ ရက်တွင် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်၌ နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိ မချိုဇင် (အမည်လွှဲ) သည် တောင်ကြီးတက္ကသိုလ်၌ စာရွက်ထုတ်ရန် နေ့လယ်...
ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ရုပ်အလောင်း (၆)လောင်းထက်မနည်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက်...
တောင်ကြီး အဝေးသင်တက္ကသိုလ်ကျောင်းသူကို ဦးတည်ပြီး ဆိုင်ကယ်လုယက်နေ
သျှမ်းပြည် တောင်ကြီးမြို့တွင် အဝေးသင်တက္ကသိုလ် လာတက်နေသူများကို ဦးတည်ပြီး ဆိုင်ကယ်လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) ညနေပိုင်းတွင် တောင်ကြီးမြို့ မီးသတ်လမ်းကြားထဲ အမျိုးသားနှစ်ဉီးမှ လူပြတ်ချိန်၌ ဆိုင်ကယ်ဆီပြတ် ဟန်ဆောင်ပြီး၊ ဆိုင်ကယ်မောင်းလာသူများကို တားကာ ဖုန်းနှင့် လက်ဝတ်ရတနာများ လုယက်နေကြောင်း...
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် စာရင်းကောက်ခံနေပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင်...
ကျောက်မဲ၊ သီပေါစစ်ရှောင် ၁ သောင်းကျော် စားနပ်ရိက္ခာပြတ်လပ်၊ အရေးပေါ်အကူအညီ လိုအပ်နေ
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်အကြား ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့ တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်နှင့် သီပေါ၊ လားရှိုးမြို့ဘက်...
PNOက စံကားဒေသခံများကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNOသည် ဒေသခံများကို ဆယ်ရက်တစ်ကြိမ် အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ် ပထမ ပတ်မှစ၍ စံကားဒေသတွင် PNO တပ်ဖွဲ့က ကျေးရွာအတွင်း လာရောက်တပ်စွဲထားပြီး ဒေသခံများကို အိမ်တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းကောက်ခံပြီး ဆယ်ရက်တစ်ကြိမ် အလှည့်ကျ...
နမ့်ခမ်း မြို့ဈေးပတ်ရောင်းချသူများကို TNLA က လုပ်ငန်းလိုင်စင် လုပ်ခိုင်း
သျှမ်းပြည် မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ဈေးပတ်ရောင်းချသူများကို လုပ်ကိုင်ခွင့် လိုင်စင် လုပ်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်မှ စတင်ပြီး နမ့်ခမ်းမြို့ ဈေးပတ်ရောင်ချသူများကို မြို့နယ်စည်ပင်ယာရေးအဖွဲ့ရုံးထံ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် သွားရောက် လျှောက်ထားရန်...





