သီပေါတံတား သုံးပတ်ကြာပိတ်ထားခြင်းကြောင့် အရေးပေါ်လူနာများ အခက်ကြုံနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA သုံးပတ်ကြာ အပြန်အလှန် ပိတ်ဆို့ထားမှုကြောင့် အရေးပေါ်လူနာများအတွက် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်(MNDAA)တို့ စစ်ရေးတင်းမာမှုကြောင့် နိုဝင်ဘာလ ၁၄ ရက်မှ စတင်ပိတ်ထားခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၃)ရက်အထိ တံတားဖြတ်သန်းခွင့်ကို အပြန်အလှန် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုထိ တံတားက ပိတ်ထားတယ်။ ကုန်ပစ္စည်းတွေ ပို့ဆောင်လို့မရသလို၊ အရေးပေါ်လူနာတွေ လည်း လားရှိုးဆေးရုံပို့ဖို့ ခက်ခဲတယ်။ ကားနဲ့ ပေးမဖြတ်တော့ လူနာတွေက လမ်းလျှောက်ဖြတ်ရတယ်”ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သီပေါတံတားကြီးသည် သီပေါ-လားရှိုး ဆက်သွယ်ထားသော အရေးပါသည့် တံတားတစ်စင်း ဖြစ်ပြီး၊ အရေးပေါ်လူနာများကို လားရှိုးဆေးရုံသို့ ပို့ဆောင်ရသည့်အခါ လမ်းလျှောက်ဖြတ်ရသဖြင့် အဆင်မပြေကြောင်းလည်း သိရသည်။

“အခုက (MNDAA) တစ်ဘက်ဖွင့်ရင် နောက်တစ်ဘက်(စစ်တပ်)က ပိတ်တယ်။ အဲ့လို ဖြစ်တော့ တခါတလေ တံတားပေါ်မှာ ရပ်စောင့်နေရတဲ့ အဆင့်ပဲ။ ကျနော်တို့လည်း သူတို့စိတ်ကို နားမလည်ဘူး” ဟု ၎င်းဒေသခံ အမျိုးသားက ဆိုသည်။

သီပေါတံတားကြီးကို ပိတ်ထားခြင်းကြောင့် လားရှိုးမြို့နှင့် မူဆယ်မြို့ဘက်သို့ သွားရောက်လိုသူများသည် ကျောက်မဲမြို့မှတစ်ဆင့် သီပေါမြို့ကို ရှောင်ကွင်း၍ တာလုံ-နားမခေါ် လမ်းပိုင်းပေါ်မှ နမ္မတူမြစ်ကို ဇက်ရေယာဉ်ဖြင့် ဖြတ်ကူးကာ နမ့်လန်၊ မိုင်းရယ်မြို့ဘက်မှ တဆင့်သွားရပြီး လမ်းခရီး ကြန့်ကြာ၍ ငွေကြေးကုန်ကျမှုလည်း များလာကြောင်း ခရီးသွားများထံမှ သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ကြာ ထိန်းချုပ်ထားခဲ့ရာမှ ယခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

သီပေါမြို့ကို TNLA တပ်ဖွဲ့ထံမှ စစ်ကော်မရှင်တပ် ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ် လမ်းပိုင်းများမှ MNDAA တပ်ဆုတ်ခွာရန် နိုဝင်ဘာလ ၁၁ ရက်တွင် လားရှိုးမြို့၌ တွေ့ဆုံစဉ် တောင်းဆိုခဲ့ရာ ဆွေးနွေးမှု အဆင်မပြေဘဲ နှစ်ဘက် စစ်ရေးတင်းမာကာ အပြန်အလှန် လမ်းပိတ်ထားခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...