Friday, January 30, 2026

CATEGORY

လူ့အခွင့်အရေး

မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

နမ့်ခမ်း-မန့်ဝိန်းကြီးကြား စစ်ကောင်စီဗုံးကြဲခြင်းကြောင့် ဒေသခံထိတ်လန့်၊ တရုတ်ဘက်မှ နယ်စပ်အနီး ပစ်ခတ်သတိပေး

မြန်မာ-တရုတ်နယ်စပ်ရှိ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးမြို့ကြားသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ ပစ်ခတ်သတိပေးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၁၅ ရက်) နံနက်အစောပိုင်း ၁၂ နာရီကျော်အချိန်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ...

ဆီဆိုင်မြို့နယ် စစ်ကောင်စီနှင့် PNO အရပ်သားနေအိမ်မီးရှို့ဟု PNLAပြော

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA ပြောရေးဆိုခွင့်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဩဂုတ်လ (၅)ရက်နေ့မှ စပြီး PNOနှင့် စစ်ကောင်စီ တပ်သားများက အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာ အုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်...

မြစ်ကြီးနားမြို့တွင် သျှမ်းနီနှင့်ကချင် အတူတကွယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ၏ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် ဩဂုတ်လ (၁၁) ရက်တွင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အဂ္ဂါပေဟိုတယ်၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း...

မြန်မာလူငယ်များ ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်းကြောင့် ပြည်ပထွက်ခွာသူများလာ

မြန်မာနိုင်ငံရှိ လူငယ်များသည် ပဋိက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာလိုကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရ သိရသည်။ သြဂုတ် ၁၂ ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ် (UNDP) မှ ဖော်ပြသော “ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့်...

လူကြီးသုံးဒိုက်ဘာ၊ တစ်သျှူး အပါအဝင် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၃၅ မျိုးကို စစ်ကောင်စီထပ်မံ တင်သွင်းခွင့်ပိတ်

လူကြီးသုံး ဒိုက်ဘာနှင့် တစ်သျှူး အပါအဝင် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၃၅ မျိုးကို စစ်ကောင်စီက နယ်စပ်မှတဆင့် တင်သွင်းခွင့် ထပ်မံပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကုန်ပစ္စည်း ၃၅ မျိုးကို ပိတ်ပင်ရခြင်းသည် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊ ပင်လယ်ရေကြောင်းဂိတ်များမှစ၍ တင်သွင်းခွင့် ယာယီပိတ်လိုက်ကြောင်း...

မိုးကုတ်တွင် ဂေါ်ရခါးလူမျိုးများကို TNLA တပ်သားသစ်စုဆောင်းနေ

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် ဂေါ်ရခါးလူမျိုးများကို တပ်သားသစ် စုဆောင်းနေကြောင်း သတင်းသိရသည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒုစရိုက်မှုများကြောင့် လုံခြုံရေး ခြိမ်းခြောက်ခံနေရသော မိုးကုတ်မြို့တွင် မြို့ကာကွယ်ရန်အတွက် တစ်ရပ်ကွက် ၃ ဦး စစ်မှုထမ်းရန် မတ်လကတည်းက TNLA ဘက်က ဂေါ်ရခါးလူမျိုးများကို...

တောင်ကြီး စစ်မှုထမ်းအပတ်စဉ်(၁)ထဲ စုဆောင်းခံရပြီး ရှေ့တန်းတွင်သေဆုံးမှု ခြောက်လကြာမှ မိသားစုဝင်များထံ အသိပေး

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမှတ်စဉ် (၁) အဖြစ် စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းခြင်းခံရပြီး သေဆုံးသွားကာ ခြောက်လကြာမှ မိသားစုထံ အသိပေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုသတင်းပေးမှုကြောင့် ယမန့်နေ့ (သြဂုတ် ၁၂)ရက်တွင် နာရေးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှ အသက် (၃၁)နှစ်အရွယ် မောင်ချမ်းမြေ့အောင်သည် စစ်ကောင်စီ၏ အမှတ်စဉ်(၁) သင်တန်းကို...

လားရှိုး စစ်ကောင်စီလဝကရုံးတွင် လာဘ်စားသည့် မြို့နယ်ဦးစီးမှူး နယ်ပြောင်းခံရ၊ မွေးတိုးစာရင်းထည့်ရန် ငွေသိန်းချီတောင်း

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် ငွေပေးနိုင်သည့် တရုတ်လူမျိုးများထံမှ လာဘ်စားပြီး မှတ်ပုံတင်ပြုလုပ်ပေးခဲ့သည့် မြို့နယ်ဦးစီးမှူးကို နယ်ပြောင်းရွှေ့လိုက်ကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် မြို့နယ်ဦးစီးမှူးအဖြစ် ထမ်းဆောင်နေသည့် ဦးစီးအရာရှိ ဦးခင်မောင်ထွန်း အား တရုတ်လူမျိုးများကို မှတ်ပုံတင် ဦးစားပေးထုတ်ပေးမှုနှင့်...

Latest news