ဟိုပုံး-တောင်ကြီး စစ်တပ်ဂိတ် ကုန်ကားတစ်စီး ကျပ်ငွေ ၁သိန်းကျော် ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး-တောင်ကြီးလမ်းမကြီးပေါ် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားတစ်စီးလျှင် ငွေကျပ် တစ်သိန်းကျော် အထိ ပေးဆောင်နေရကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ပထမပတ်မှ စပြီး ဟိုပုံး-တောင်ကြီးသွားလမ်း တိုးဂိတ်အကျော်ရှိ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများကို စစ်ဆေးတင်းကြပ်နေပြီး ကုန်စိမ်းတင်ဆောင်သည့် ကားတစ်စီးလျှင် ငွေကျပ် (၈၀၀၀၀) အထိ ကောက်ခံကြောင်း သိရသည်။

အလားတူ ကျောက်မီးသွေး၊ ဘိလပ်မြေ၊ သံသတ္တုနှင့် ဓာတ်မြေဩဇာ တင်ဆောင်သည့် ကားများကို တစ်စီးလျှင် ငွေကျပ် တစ်သိန်း အနည်းဆုံးကောက်ခံနေကြောင်း ကုန်တင်ယာဉ်မောင်းများက ပြောသည်။

“အဓိက ကုန်ကားတွေကို စစ်တာ၊ ကားတန်းဆို အရှည်ကြီးပဲ။ ၆ မိုင်နားအထိ ကားတွေ ရပ်စောင့် ရတာ။ တစ်ချို့ဆို တစ်ရက် နှစ်ရက်လောက် စောင့်ရမယ် ထင်တယ်။ ပိုက်ဆံတောင်းတာပေါ့၊ သူတို့ တောင်းတဲ့ ပမာဏ မပေးနိုင်ရင် ကားပေးမဖြတ်ဘူး။ ကုန်ကားအသေးလေးတောင် (၈၀၀၀၀)ဆို အကြီးဆို ပိုကောက်တာပေါ့”ဟု ကုန်စိမ်းကား မောင်းနှင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ကုန်တင်ကားများကို ငွေတောင်းသည့်အပြင် ကားသမားများကိုလည်း တစ်နာရီကျော် စစ်ဆေးမေးမြန်းပြီး ငွေကြေး အဆမတန် ကောက်ခံသောကြောင့် ကုန်ကားမောင်းသူများမှာ အမြတ်မကျန်ဘဲ ဂိတ်ကြေးများသာ ပေးဆောင်နေရကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် တောင်ကြီးမြို့အဝင် စစ်ကော်မရှင်တပ် ဂိတ်တွင်လည်း လိုင်စင်မဲ့ကားများကို ရှောင်တခင် စစ်ဆေးပြီး လိုင်စင်ရှိသည့် ကားများကိုလည်း အတု ဖြစ်နိုင်ကြောင်း စွပ်စွဲ၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“လိုင်စင်စစ်တဲ့သူက အမြဲတမ်း မရှိဘူး၊ သူတို့ စိတ်ကူးပေါက်တဲ့ အချိန်မှ စစ်တာ။ လိုင်စင်မရှိရင် ဖမ်းတယ်။ လိုင်စင်ရှိရင် အတုဆိုပြီး ရစ်တယ်၊ ငွေတောင်းတယ်။ သူတို့ စိတ်ကျေနပ်မှ ပြန်လွှတ်ပေးတာ။ အရင်လို ခရီးသွားလာရတာ မလွယ်ကူတော့ဘူး”ဟု တောင်ကြီး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးနှင့် ဟိုပုံးမြို့ဘက်တွင် ရွေးကောက်ပွဲ နီးလာသောကြောင့် လိုင်စင်မဲ့ကားများကို မထင်မှတ်ချိန်တွင် ရှောင်တခင် စစ်ဆေးပြီး ကျန်သည့်အချိန်များတွင် သွားလာခွင့်ပြုပေးထားသည်ဟု သိရသည်။

တောင်ကြီး-ဟိုပုံးသွားလမ်းတွင် စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ် ၄ ခုရှိပြီး ၎င်းစစ်တပ်ဂိတ်တိုတွင် စစ်ဆေးတင်းကြပ်ကာ ငွေညှစ်တောင်းခံမှုများ ရှိနေကြောင်း သိရသည်။

ယခုလက်ရှိ တောင်ကြီး-ဟိုပုံးသွားလမ်းတွင် စစ်ကော်မရှင်မှ ခရီးသွားများကိုပါ စစ်ဆေးတင်းကြပ်နေပြီး ကားပေါ်တွင် ပါလာသည့် စားနပ်ရိက္ခာများကို သိမ်းယူ၍ ကုန်စိမ်းများကို သံချောင်းဖြင့် ထိုးကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...