ကျားဖြန့်ကိစ္စကြောင့် မြန်မာပုဂ္ဂလိကဘဏ် အကောင့်လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ

နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ် အသုံးပြုသူများ၏ အကောင့်လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ယခု ၂၀၂၅ နှစ်လယ်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ ငွေလဲလှယ်ခြင်း၊ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသူများသည် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှုကိစ္စများကြောင့် အလုပ်လုပ်ကိုင်နေသည့် ပုဂ္ဂလိက ဘဏ်အကောင့်များ ကန့်သတ်၊ ရပ်ဆိုင်းခြင်းမှုများ ကြုံတွေ့လာရကြောင်း မြန်မာ – ထိုင်း ငွေလွှဲလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဘဏ်အကောင့် ပိတ်ထားတော့ အလုပ်ကို ထိခိုက်တယ်။ အလုပ်တွေ လုပ်ဖို့ ခက်သွားတာပေါ့။ ငွေလဲလှယ်တာတွေကလည်း သတိကိုထားရတယ်။ ကျားဖြန့်တွေနဲ့ ဆက်စပ်နေတာတွေကို ငွေလဲလှယ်တာ လုပ်မိလို့ ဘဏ်ပိတ်ခံရတာတွေ ကြုံရတယ်။ ဘဏ်အကောင့် ရပ်ဆိုင်းခံရတဲ့ ပြဿနာတွေ ဖြစ်သွားတာလေ”ဟု မြန်မာ – ထိုင်း ငွေလှဲ၊ ငွေလွှဲလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံအတွင်း ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်နေသည့် Sim Card ပေါင်း ၂၃၀၀ ကျော်နှင့် ဘဏ်အကောင့် ၁၄၉ ခုကို ပိတ်သိမ်းခဲ့ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ်ကျော်လင်းက ပြောကြားခဲ့ကြောင်း သိရသည်။

“Sim Card ပေါင်း ၂၃၀၀ ကျော် ကျွန်တော်တို့ ပိတ်ထားတာ ရှိပါတယ်။ အဲ့ဒါနဲ့တစ်ဆက်တည်းပဲ ကျွန်တော်တို့က Pay အကောင့်တွေ ပိတ်သလိုပဲ ဒါတွေနဲ့ ဆက်စပ်နေတဲ့ ဘဏ်အကောင့်တွေလည်း စိစစ်ဖော်ထုတ် ရရှိတာတွေ ရှိပါတယ်။ အခုအချိန်အထိ ဘဏ်အကောင့်ပေါင်း ၁၄၉ ခု ပေါ့၊ အဲ့ဒီဘဏ်အကောင့်တွေကိုလည်း ကျွန်တော်တို့က ဗဟိုဘဏ်နဲ့ ဆက်သွယ်ပြီးတော့ ပိတ်သိမ်းခဲ့တာတွေ ရှိပါတယ်”ဟု ရဲမှူးချုပ်ကျော်လင်းက ပြောသည်။

ထိုအကောင့်ပိုင်ရှင် ပြည်သူများ၏ ကိုယ်ရေးအချက်အလက် အမှန်ရရန် အကောင့်များနှင့် ဆက်စပ်နေသော တယ်လီဖုန်းများကို ပိတ်သိမ်းနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ယခုကဲ့သို့ ကျားဖြန့် အွန်လိုင်းငွေ လိမ်လည်မှုကိစ္စများကြောင့် အသုံးပြုနေသည့် ဘဏ်အကောင့်များ ကန့်သတ်၊ ရပ်ဆိုင်းမှုများ မကြုံတွေ့စေရန် ငွေလဲလှယ်ခြင်း၊ ငွေလွှဲခြင်းတို့တွင်လည်း သတိထားရန်လိုအပ်ကြောင်း မြန်မာ – ထိုင်း ငွေလွှဲလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ဘဏ်အကောင့်တွေရဲ့ လုံခြုံရေးအတွက်ကလည်း တကယ်ကို သတိထားရမယ်။ အဓိက ကလည်း မသိတဲ့လူတွေနဲ့ ငွေလှဲတာတွေ ငွေလွှဲလုပ်တာမျိုးကိုတော့ သတိထားကြရမှာပေါ့။ တကယ်ကို စိုးရိမ်ရပါတယ်၊ ဖြစ်နိုင်ရင်လည်း ဘဏ်ထဲမှာ ငွေတွေ အများကြီး မထားစေချင်ပါဘူး”ဟု ငွေလွှဲလုပ်ကိုင်သူ ၎င်းအမျိုးသားက ပြောသည်။

အွန်လိုင်းကျားဖြန့် လိမ်လည်မှုများနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခြင်းခံရလျှင် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန် လိုအပ်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ်ကျော်လင်း က ပြောကြားသည်။

လက်ရှိအခြေအနေအရ အွန်လိုင်းကျားဖြန့် ငွေဂိုဏ်းများကို မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေးအတွက် စစ်ကော်မရှင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့် ‌ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...