လွိုင်လင်-မိုင်းပွန် စစ်ကော်မရှင်ဂိတ်တွင် ကုန်ပစ္စည်းများ အားလုံးချကာ ဖောက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ကုန်ကားပေါ် တင်ဆောင်လာသည့် နိုင်ငံခြားထုတ် ပစ္စည်းအားလုံး ချခိုင်းကာ တစ်ခုချင်းစီ ဖောက်ထုတ်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ကုန်ကားပေါ် တင်ဆောင်လာသည့် ဂျပ်ဖာများ၊ ကုန်ပစ္စည်းများကို အောက်သို့ အားလုံးချခိုင်းကာ တစ်ခုချင်းစီ ဖောက်ထုတ်စစ်ဆေးနေသဖြင့် မလိုအပ်ဘဲ အချိန်ကြာမြင့်မှု ဖြစ်နေကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကုန်တင်ကားတွေက သူတို့ အသေအချာကို စစ်တယ်။ ကားသမားကိုယ်တိုင် ပစ္စည်းတွေကို အောက်ချပေးရပြီး စစ်နေတာ။ ဂျူတီအခွန် မဆောင်ထားတဲ့ ကုန်တွေ ပါမှာဆိုးလို့ သေချာ စစ်တယ်လေ။ ကုန်ကားကြီးသမားတွေက ကုန်မတင်ရရင်တော့ နားဖို့က လွဲပြီး မရှိဘူးလေ”ဟု အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်ဂိတ်တွင် ကုန်တင်ကားများကို ပစ္စည်းအောက်ချခိုင်းပြီး တစ်ခုချင်း ဖောက်ထုတ်စစ်ဆေးခြင်းကြောင့် ကုန်တင်ယာဉ်တစ်စီးလျှင် အချိန်နှစ်နာရီကျော် ကြာမြင့်နေကြောင်း မန္တလေး – တာချီလိတ် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ထပ်လောင်းပြောသည်။

“ဘာကုန်ပစ္စည်းနေနေ ချပေးရတယ်။ ပစ္စည်းချပေးရတဲ့ အချိန်ရယ်၊ စစ်တဲ့အချိန်ရယ်၊ ပစ္စည်း ပြန်တင်ရတဲ့ အချိန်တွေရယ် အဲ့မှာ တန်စီပြီး စောင့်ရတဲ့ အချိန်ရယ်ဆိုရင်ကို တစ်နေကုန်နီးပါး အချိန်ကုန်တယ်။ ဒီမိုင်းပွန်ဂိတ်ကတော့ အဆိုးဆုံးပဲ၊ သွားရတဲ့ခရီးကို အချိန်ကြာစေတယ်” ဟု မန္တလေး – တာချီလိတ် ခရီးစဉ်ပြေးဆွဲသည့် ၎င်းကားသမားက ပြောသည်။

ကုန်တင်သည့် ကားကြီး၊ တွဲကား အများစုသည် သျှမ်းပြည်အရှေ့ပိုင်းမှ ကုန်သွယ်ခွန် (ဂျူတီ) ဆောင်၍ တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းတို့ကို တင်ဆောင်လာပြီး မန္တလေးနှင့် ရန်ကုန်မြို့ဘက်သို့ အဓိကပို့ကြောင်း ၎င်းကပြောသည်။

အဆိုပါ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး-မန္တလေး ပြည်ထောင်စုလမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များတွင် စစ်ဆေးမှု တင်းကြပ်ခြင်း၊ တင်ဆောင်ရမည့် ကုန်ပစ္စည်းများ နည်းပါးလာခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ကုန်တင်ကားကြီး မောင်းနှင်သူအချို့ လုပ်ငန်း ရပ်နားထားရကြောင်း မန္တလေး – တာချီလိတ် ပြေးဆွဲသည့် ကားသမားတစ်ဦးက ပြောသည်။

“ကုန်တင်ရင်လည်း သျှမ်းအရှေ့ကနေ ရန်ကုန်-မန္တလေးအထိကို အသွားပဲ ရှိတာလေ၊ ပြန်လာဖို့က ကုန်တွေမရှိဘူး။ အခွန်မဆောင်ထားတဲ့ ကုန်တွေကလည်း တင်လာလို့လည်း မရဘူး။ အဲ့လိုတွေ အသွားအပြန် ကားခ မကျန်လို့ နားထားတယ်။ အခုတော့ နီးနီးနားနားပဲ ကုန်တင် ကုန်ပို့ လုပ်နေတာ။ ခရီးဝေး မသွားရတော့ အနည်းနဲ့ အများတော့ မိသားစု ဝင်ငွေတော့ ထိတာပေါ့”ဟု ၎င်းကားသမားက ပြောသည်။

နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ရန် ယာယီ ပိတ်ပင်လိုက်သည့် ၃ လကျော်ကြာ ကာလအတွင်းတွင် စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များ၌ ဖမ်းဆီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်ခြင်း၊ ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်း စသည့် အခက်အခဲများကိုလည်း ကုန်သည်နှင့် ကားသမားများ ဆက်လက်ကြုံနေကြရသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်းမှ စတင်ပြီး သျှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ နယ်စပ်ဂိတ်များမှ သျှမ်းပြည်တောင်ပိုင်းသို့ တင်သွင်းသည့် ကုန်သွယ်ခွန် – ဂျူတီ မဆောင်ထားသည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတို့ကို အဓိကထားပြီး စစ်ကော်မရှင်ဘက်က တင်သွင်းခွင့် တားမြစ်ကန့်ထားကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...