Thursday, January 29, 2026

ဟုမ္မလင်းတွင် စစ်တပ်ပေါ်တာဆွဲခံရသည့် သျှမ်းနီလူငယ်တစ်ဦး ဘားအံတွင် သေဆုံး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ စစ်ကော်မရှင်၏ ပေါ်တာဆွဲခံရသည့် သျှမ်းနီလူငယ်တစ်ဦး သည် ကရင်ပြည်နယ် ဘားအံမြို့တွင် ဒီဇင်ဘာ ၂ ရက်က သေဆုံးသွားကြောင်း ၎င်းနှင့် နီးစပ်သူတွေထံက သိရသည်။

ပေါ်တာဆွဲခံရသူသည် အသက် ၂၅ နှစ်အရွယ် ဟုမ္မလင်းမြို့နယ် ကောယားကျေးရွာသားဖြစ်ပြီး ဟုမ္မလင်းမြို့တွင် သူငယ်ချင်းများနှင့် အလည်အပတ်သွားချိန် စစ်ကော်မရှင်၏ ဝင်ရောက်ဖမ်းဆီးမှုကြောင့် အဖွဲ့လိုက်ပြေးကြရာ ၎င်းတစ်ဦးသာ ကျန်ခဲ့၍ ဖမ်းဆီးခြင်းခံရကြောင်း သိရသည်။

“သူ့ကို ပေါ်တာဆွဲတာ ပါသွားတော့ ဘားအံဖက် ပို့လိုက်တာ၊ စစ်သင်တန်းလည်း ဘားအံမှာပဲ တက်ရတာ၊ သူတို့က (စစ်ကော်မရှင်) ငှက်ဖျားပိုးဝင်တယ်ပြောတာတဲ့ ကျနော်ကတော့ သိပ်မယုံဘူး။ ရှေ့တန်းအပြန်ကို နေမကောင်းတော့ နောက်တန်းမှာ ဆုံးတယ်လို့ ပြောတယ်။ သူက အလုပ်ကြမ်းတောင် လုပ်တတ်တဲ့ လူမဟုတ်ဘူး” ဟု ပြောသည်။

ပေါ်တာဆွဲခံရပြီး စစ်သင်တန်းတက်ရချိန် ၎င်း၏ သူငယ်ချင်းများနှင့် န်းပြောသည့်အခါတိုင်း မိမိကို ပြန်လာထုတ်ပေးရန် ငိုယို၍ အကူအညီတောင်းခံနေကြောင်း ပြောသည်။

ပေါ်တာဆွဲခံရသည့် အဆိုပါ သျှမ်းနီလူငယ်အတွက် မိဘဖြစ်သူများက ငွေကြေးအများအပြားပေး၍ ပြန်ရွေးကြကြောင်း၊ ပြန်လာမည့်အချိန်မှာ သေဆုံးသွားတယ်လို့ ၎င်းနှင့်နီးစပ်သူက ဆက်ပြောသည်။

“သူဖမ်းခံရတဲ့ နေ့နဲ့ ဆုံးတဲ့နေ့ဆို ၇ လပဲ ရှိအုံးမယ်၊ ပိုက်ဆံလည်း အကြေသွင်းပီးသားတဲ့၊ သူ့ကို ထုတ်ဖို့ သိန်း ၅၀၀ ဆိုလား ပေးရတယ်၊ ပြန်လာဖို့ပဲကျန်တော့တာ ဖျားတာတော့ မဟုတ်လောက်ဘူး။ ခြုံခိုတိုက်တာခံရတာလား၊ သူတို့အချင်းချင်းလုပ်ကြံတာလားမသိဘူး” ဟု ပြောသည်။

ပေါ်တာဆွဲခံရပြီး သေဆုံးသွားသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့သည် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း စစ်ကော်မရှင် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်နေသည်။
အလားတူ ဟုမ္မလင်းမြို့နယ် နှင့် ခန္တီးမြို့နယ်အတွင်း ပေါ်တာဆွဲခံရသည့် လူငယ်များကို စစ်ကော်မရှင်သည် အခြားသော ပြည်နယ် နှင့် တိုင်းဒေသကြီးသို့ ပို့ဆောင်၍ စစ်သင်တန်းများ တက်ရောက်စေပြီး ရှေ့တန်းသို့ စေလွှတ်လျက်ရှိနေကြောင်း သိရသည်။

စစ်ကော်မရှင်သည် နိုင်ငံတဝှမ်း တိုင်းစစ်ဌာနချုပ်များအပါအဝင် နယ်မြေများစွာ ဆုံးရှုံးနေပြီး စစ်အင်အား ချိနဲ့လာမှုကို ဖြည့်တင်းရန် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ကး အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅,၀၀၀ နှုန်းဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလတွင် အပတ်စဉ် (၁၉) ကြိမ် ဖွင့်လှစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News