CATEGORY

လူ့အခွင့်အရေး

သျှမ်းပြည်စစ်ရေးပဋိပက္ခကြား ပျောက်သွားသည့် မိုင်းကိုင် TNP ပါတီ ဥက္ကဌ ရုပ်အလောင်းပြန်တွေ့

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း  နှစ်လနီးပါး ပျောက်ဆုံးနေသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန်အား ပုတ်ပွနေသည့် ရုပ်အလောင်းဖြင့် ပြန်လည်တွေ့ရှိသည်ဟု ပါတီတာဝန်ခံကပြောသည်။ မိုင်းနုမ်ဟန်၏ ရုပ်အလောင်းကို မတ်လ (၃) ရက်နေ့က တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာ အနီး ကျောက်လိုင်ဂူတခုတွင် တွေ့ရှိကြောင်း  မိုင်းကိုင်မြို့နယ် (TNP)...

ဆီဆိုင်မြို့နယ်ရောက် ကရင်နီ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရောက် ကရင်နီပြည် (ကယား)မှ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲကြုံတွေ့နေကြောင်း သတင်းသိရသည်။ လက်ရှိ စစ်ရှောင်တချို့ နေရပ်ပြန်သွားသော်လည်း စစ်ရှောင်စခန်းများတွင် ခိုလှုံနေသည့်သူ များစွာကျန်ရှိနေသေးကြောင်း၊ အလှူရှင်များ နည်းပါးသွားသည့်အတွက် အစားအသောက်များခက်ခဲလာခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ "ကျနော်တို့ ဖွင့်ထားတဲ့ စခန်းတွေမှာ တစ်ပတ်စာလောက်ပဲ ကျန်တယ်၊ တချို့နေရာက...

ရွာငံမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နှင့်အတူ မိသားစုဝင်များ ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နှင့်အတူ ၎င်း၏မိသားစုဝင်များကို စစ်ကောင်စီတို့က ဖမ်းဆီးခေါ်ဆာင်သွားကြောင်း သတင်းသိရသည်။ ရွာငံမြို့နယ် အလယ်ချောင်ရွာတွင်နေထိုင်သည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝဏ္ဏနှင့် ၎င်း၏ မိသားစုဝင်များကို ယနေ့ (မတ် ၇)ရက် အာရုဏ်ဦးအချိန်တွင် စစ်ကောင်စီဘက်မှ အင်အားအများအပြားတို့ဖြင့်...

သျှမ်း-ကရင်နီ နယ်စပ်စစ်ရှောင်များ ရေခက်ခဲမှု စတင်ကြုံနေရ

သျှမ်းပြည်တောင်ပိုင်း နှင့် အင်းလေး တောင်ပိုင်း တောင်ပေါ်ဒေသရှိ ကရင်နီပြည်မှ စစ်ဘေးရှောင်များသည် ယခုကာလအတွင်း ရေအခက်အခဲ စတင်ကြုံနေရကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် နွေဦးရာသီရောက်လာပြီဖြစ်သဖြင့် တောင်ပေါ်ဒေသနှင့် တွင်းရေကန်ရေများ၊ ရေချောင်းရေအိုင်များ ခမ်းခြောက်လာမှုကြောင့် ရေအခက်အခဲများဖြစ်ပေါ်နေပြီး စစ်ရှောင်များအနေဖြင့် သောက်သုံးရေများကို ဝယ်ယူသုံးစွဲနေရကြောင်း သတင်းသိရသည်။ “အရင်တုန်းက နန်းမယ်ခုံဘက်မှာ ရှောင်နေတုန်းက ဒီအခက်ခဲမရှိဘူး၊...

မိုင်းယော်တိုက်နယ်ထဲ မိုင်းပေါက်ကွဲ ကလေးငယ်(၃)ဦး သေဆုံး၊ (၁၁)ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ ကျေးရွာတစ်ရွာတွင် မြေမြုပ်မိုင်းပေါက်ကွဲမှု ကြောင့် ရွာထဲ ကစားနေသည့် တစ်နှစ်အရွယ်ကလေးငယ် အပါအဝင် ကလေး (၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသည့်သူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။ မတ်လ (၅)ရက်နေ့ မနက် (၈) နာရီခန့်က မိုင်းယော်တိုက်နယ် ပန်ထိုလိန်ကျေးရွာအုပ်စု ခိုခမ်းကျေးရွာတွင် ကလေးများ...

ဒလန်သတင်းပေးမှုကြောင့် တောင်ကြီးမြို့ပေါ် လူငယ်များဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ဒလန်သတင်းပေးမှုကြောင့် လူငယ်များဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် (မတ်လ ၃) ရက် ညပိုင်းတွင် တောင်ကြီးမြို့ လမ်းမတော်ရပ် စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း လမ်းကြားထဲရှိ BH Hotel မှ ဝန်ထမ်းအားလုံးကို ရဲတပ်သားများ က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့မှ...

ရပ်စောက်မြို့နယ် ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့မှ ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်သား အင်အားများစွာဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၁ ရက် ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့ မှ အသက် ၂၂ နှစ် အရွယ်ရှိ မစိုးဆုမြတ်လွင် (ခ) ဘုတ်ဘုတ်ကို နိုင်ငံရေးအကြောင်း...

ပင်လုံမြို့ပေါ်သို့ စစ်ရှောင် (၁၀၀၀) ကျော် ရောက်ရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ဆနင်းတောင်ကြောတွင် မြောက်ပိုင်းမဟာမိတ်တို့ ရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ပင်လုံမြို့ပေါ်သို့ စစ်ဘေးကြိုတင်တိမ်းရှောင်လာသူ (၁၀၀၀)ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ ပင်လုံမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ (၁၀၀၀) ကျော်သည် ပင်လုံမြို့နယ် ဆနင်းတောင်ကြောတစ်လျှောက် ဆနင်းကျေးရွာအုပ်စု၊ ပန်ဟူကျေးရွာအုပ်စု၊ နားတစ်ကျေးရွာအုပ်စု၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ ဆဟောင်းကျေးရွာအုပ်စု မှ...

သျှမ်းပြည် ၂ လအတွင်း မိုင်းကြောင့် သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိ

သျှမ်းပြည်အတွင်း ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီအလ အတွင်း မိုင်းကြောင့် သေဆုံးခဲ့သူ ၉ ဦး နှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦးထက်မနည်း ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ မိုင်းထိသေဆုံးသူများသည် ယခင်က သျှမ်းပြည်မြောက်ပိုင်းတွင်သာ ဖြစ်ပွားခဲ့သော်လည်း လက်နက်ကိုင်တပ် တိုက်ပွဲများ သျှမ်းပြည်တောင်ပိုင်းအထိ ကူးစက်လာပြီးနောက် မိုင်းထိသေဆုံး...

ပင်လုံမြို့နယ် ကိုယ်ဝန်သည်(၁)ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ပန်ဟူကျေးရွာအုပ်စု ခုံမတ်နွတ်ကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်းစုံစမ်းသိရသည်။ မတ်လ (၂)ရက် နေ့လည် (၂)နာရီဝန်းကျင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် (၃၅)နှစ်အရွယ်ရှိ ကိုယ်ဝန်ဆောင် အမျိုသမီး တစ်ဦးလည်း ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။ “ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့တယ်။၊ ရွာမှာပဲ ဆေးကုနေတယ်”...

Latest news