ပင်လုံမြို့ပေါ်သို့ စစ်ရှောင် (၁၀၀၀) ကျော် ရောက်ရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ဆနင်းတောင်ကြောတွင် မြောက်ပိုင်းမဟာမိတ်တို့ ရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ပင်လုံမြို့ပေါ်သို့ စစ်ဘေးကြိုတင်တိမ်းရှောင်လာသူ (၁၀၀၀)ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ ပင်လုံမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ (၁၀၀၀) ကျော်သည် ပင်လုံမြို့နယ် ဆနင်းတောင်ကြောတစ်လျှောက် ဆနင်းကျေးရွာအုပ်စု၊ ပန်ဟူကျေးရွာအုပ်စု၊ နားတစ်ကျေးရွာအုပ်စု၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ ဆဟောင်းကျေးရွာအုပ်စု မှ ဒေသခံများနှင့် လဲချားမြို့နယ် ဝမ်ယိမ်းကျေးရွာအုပ်စု မှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

“စစ်ဘေးကြိုတင်တိမ်းရှောင်လာတာ (၁၀၀၀) နဲ့ (၂၀၀၀) ကြားလောက်တော့ရှိတယ်။ အဘက်ဘက်ကတော့ လာကြတယ်။ ကိုယ့်အစီစဉ်နဲ့ကိုယ် လာကြတာဆိုတော့ စာရင်း‌တွေ အကုန်ကောက်လို့ မရသေးဘူး။ ရပ်ကွက်တွေထဲတော့ ပြည့်နေတာပဲ” ဟု ပင်လုံဒေသခံ အသက် (၃၀)ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှာင်လာသည့် သူများသည် ဖေဖော်ဝါရီ တတိယပတ်ခန့်က ထွက်ပြေးတိမ်းရှောင်လာကြပြီး တချို့ကျေးရွာအုပ်စုများမှာ တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း လူကြီးပိုင်းများ၊ မိခင်နှင့် ကလေးများကိုတော့ နေရပ်သို့ မခေါ်ပြန်သေးကြောင်း သိရသည်။

“တပ်ပေါင်းစုတွေ ပန်ဟူကျေးရွာအုပ်စုထဲက ကျေးရွာတွေထဲ ရောက်သွားပြီလို့ကြားတယ်။ ဆနင်းရဲ့ မြောက်ဘက်ရှိတယ်။ ထိတွေ့မှု နည်းနည်းတော့ရှိတယ်လို့ကြားတယ်။ ဒေသခံ ပြည်သူတွေကတော့ စိုးရိမ်ပြီး တိမ်းရှောင်လာတာတွေရှိတယ်” ဟု ဆနင်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
ပင်လုံမြို့ပေါ် စစ်ဘေးကြိုတင်တိမ်းရှောင်လာသည့် တချို့သည် ဆွေမျိုးမိတ်ဆွေနေအိမ်များတွင်နေထိုင်ပြီး တချို့မှာ အိမ်ငှားနေရကြောင်း သိရသည်။

လက်ရှိချိန်ထိ ပင်လုံမြို့ပေါ်တွင် စစ်ရှောင်စခန်း ဖွင့်လှစ်ခြင်း မရှိသေးပေ။

RCSS နှင့် မြောက်ပိုင်းမဟာမိတ်တို့သည် မိုင်းကိုင်မြို့နယ်အတွင်းသို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လဲချားမြို့နယ် နှင့် ပင်လုံမြို့နယ်ကြားရှိ ကျေးရွာတချို့ စစ်မီးကူးလာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ နှစ်ဘက်တပ် စစ်ရေးတင်းမာနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...