Wednesday, January 28, 2026

သျှမ်း-ကရင်နီ နယ်စပ်စစ်ရှောင်များ ရေခက်ခဲမှု စတင်ကြုံနေရ

သျှမ်းပြည်တောင်ပိုင်း နှင့် အင်းလေး တောင်ပိုင်း တောင်ပေါ်ဒေသရှိ ကရင်နီပြည်မှ စစ်ဘေးရှောင်များသည် ယခုကာလအတွင်း ရေအခက်အခဲ စတင်ကြုံနေရကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် နွေဦးရာသီရောက်လာပြီဖြစ်သဖြင့် တောင်ပေါ်ဒေသနှင့် တွင်းရေကန်ရေများ၊ ရေချောင်းရေအိုင်များ ခမ်းခြောက်လာမှုကြောင့် ရေအခက်အခဲများဖြစ်ပေါ်နေပြီး စစ်ရှောင်များအနေဖြင့် သောက်သုံးရေများကို ဝယ်ယူသုံးစွဲနေရကြောင်း သတင်းသိရသည်။

“အရင်တုန်းက နန်းမယ်ခုံဘက်မှာ ရှောင်နေတုန်းက ဒီအခက်ခဲမရှိဘူး၊ အခု အဲ့နန်းမယ်ခုံကို စကစတွေ တပ်စွဲ ထားတော့ ဒီဘက်ပြောင်းရွှေ့လာရတဲ့ စစ်ရှောင်တွေ ရေအတွက် ခက်ခဲနေရတယ်” ဟု စစ်ရှောင်များကို ကူညီ စောင့်ရှောက်ပေးနေသည့် အသက် ၃၅ နှစ် ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သောက်သုံးရေ ခက်ခဲနေသည့် စစ်ရှောင်ဦးရေ ၅၀၀ ကျော်ဝန်းကျင်ရှိနေပြီး သောက်သုံးရေအတွက် အခက်အခဲများကို ဒေသတွင်း လူမှုကူညီရေးအသင်းများနှင့် ပြင်ပ အလှူရှင်များ စုပေါင်းပြီး ဖြေရှင်းထားသော်လည်း ကြာရှည်အတွက် မလွယ်ကူကြောင်း သတင်းသိရသည်။

“ကြာလာရင်တော့ မလွယ်လောက်ဘူး၊ ရေကို အမြဲတမ်း ချွေတာသုံးနေရတာလည်း မကောင်းဘူး၊ တချို့နေရာမှာ ဖုန်ကထူ ရေကရှားတော့ ရောဂါလဲထူတယ် ရေဝယ်သုံးနေရတယ် အနည်းဆုံး ချက်ပြုတ်ဖို့ နဲ့ အိမ်သာအတွက်ရှိမှ ဖြစ်မှာပါ၊ မဟုတ်ရင် ၀မ်းလျော ၀မ်းပျက် ရောဂါတွေ ထပ်တိုးလာနိုင်ပါတယ်” ဟုလည်း ဒေသခံအမျိုးသား လူငယ်တစ်ဦးက ထပ်လောင်းပြောဆိုထားသည်။

သျှမ်းပြည်အတွင်းသို့ စစ်ရှောင်ရောက်လာသော ကရင်နီစစ်ဘေးရှောင်များအနက်မှ တချို့သည် နေရပ်ပြန်ချင် သော်လည်း စစ်ကောင်စီတို့၏ အကြမ်းဖက် ထိုးစစ်ဆင်မှု၊ ကျေးရွာများ မီးရှို့ဖျက်စီးမှုတို့ကြောင့် ပြန်စရာ နေအိမ်များလည်း မရှိတော့ကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...