သျှမ်းပြည် ၂ လအတွင်း မိုင်းကြောင့် သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိ

သျှမ်းပြည်အတွင်း ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီအလ အတွင်း မိုင်းကြောင့် သေဆုံးခဲ့သူ ၉ ဦး နှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦးထက်မနည်း ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

Photo by Sipaw Youth/ မိုင်းနင်းမိရာမှ သေဆုံးသွားသူ နမ့်မော်လုံရွာသူကြီး လုံးတိက

မိုင်းထိသေဆုံးသူများသည် ယခင်က သျှမ်းပြည်မြောက်ပိုင်းတွင်သာ ဖြစ်ပွားခဲ့သော်လည်း လက်နက်ကိုင်တပ် တိုက်ပွဲများ သျှမ်းပြည်တောင်ပိုင်းအထိ ကူးစက်လာပြီးနောက် မိုင်းထိသေဆုံး ၊ ဒဏ်ရာရခဲ့သည့် ပြည်သူများလည်း များပြားလာခဲ့သည်။

“ဒီလိုက တစ်ခါမှ မကြုံဖူးဘူး၊ အရမ်းကို လန့်သွားတယ်၊ ပေါက်ကွဲပြီးတော့ ကျမလည်း သတိမေ့သွားတာ၊ ဘယ်လောက်ကြာသွားမှန်း မသိဘူး၊ သတိပြန်ရလာတော့ မူးနေသေးတယ်၊ ဘေးမှာ ညီမလေးက သတိမရသေးဘူး၊ သူ့ကို နိုးရတယ်၊ ညီမလေးက သွေးတွေ အများကြီးပဲ” ဟု သျှမ်းတောင် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအနီး မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အသက် (၂၃)နှစ်အရွယ်ရှိ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းအစပ် သီပေါမြို့နယ် နမ့်လန်ဒေသနှင့် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ကြား နောင်ဝိုး ကျေးရွာအနီးတွင် ဖေဖော်ဝါရီလအတွင်း မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု နှင့် RCSS/SSA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မိုင်းနင်းမိကာ သေဆုံးသူ တစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃ ဦးထိ ရှိခဲ့ကြောင်း သိရသည်။

လက်ဖက်ခြံတွင် မိုင်းနင်းမိသေဆုံးသော တော့ဖယ်ရွာသူ၏ အလောင်း

ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် မိုင်းပေါက်ကွဲခြင်း တကြိမ်တစ်ခါမှ မရှိခဲ့ဖူးကြောင်း ဒေသခံများက ဆိုသည်။

“ပြည်သူတွေ အများစု လုပ်ကိုင်ကြတာကလည်း တောင်ယာစိုက်ပျိုးရေးအလုပ်ပဲ၊ ခုက ပြည်သူတွေ သွားလာတဲ့ တောင်ယာတွေ၊ စိုက်ခြံတွေ၊ တောတောင်အနီးမှာ မိုင်းပေါက်ကွဲတာတွေ ရှိနေတော့ လုပ်ကိုင်စားသောက်ဖို့က စိုးရိမ်နေရပြီ” ဟု ကျောက်မဲ ဒေသခံ သက်ကြီး အမျိုးသားတစ်ဦး က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ တပ်ဖွဲ့များနှင့် ကျွမ်းကျင်သူများ မိုင်းများကို အမြန်ဆုံး လာဖြုတ်ပေးစေချင်ကြောင်း၊ ဖြုတ်ရန် မလွယ်ဘူးပါက မိုင်းထောင်ထားသည့် နေရာအနီးနားတွင် အမှတ်အသား လုပ်ပေးရန် ၊ သွားလာ ကန့်သတ်မှုများ လုပ်ထားပေးသင့်ကြောင်းလည်း သျှမ်းပြည်သူများက ပြောသည်။

ကျောက်မဲမြို့နယ်တွင် ယခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာ ရသူ (၅)ဦးခန့် ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် ရှော့တိုက် မိုင်းပေါက်ကွဲမှုကြောင့် နေရပ်ပြန် စစ်ရှောင် ၄ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ သီပေါ၊ ကျေးသီး နှင့် မိုင်းကိုင် မြို့နယ်တို့တွင်လည်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူများ ရှိခဲ့ကြောင်း သိရသည်။

ယခု အချက်လက်များသည် သျှမ်းသံတော်ဆင့်မှ လက်လှမ်းမှီသမျှ ကောက်ယူထားသည့် စာရင်းများသာ ဖြစ်သည်။

မြေမြုပ်မိုင်းအသုံးပြုမှုကို နိုင်ငံတကာမှ ပိတ်ပင်တားဆီးထားသော်လည်း မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်း အများဆုံး အသုံးပြုသည့် နိုင်ငံ တနိုင်ငံ ဖြစ်ပြီး သျှမ်းပြည်သည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံး (၂၇%) ထိ ရှိကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ Landmine Monitor ရဲ့ ၂၀၀၇ မှ ၂၀၂၀ ခုနှစ်အထိ မှတ်တမ်းများအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...
Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...