ပင်လုံမြို့နယ် ကိုယ်ဝန်သည်(၁)ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ပန်ဟူကျေးရွာအုပ်စု ခုံမတ်နွတ်ကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်းစုံစမ်းသိရသည်။

မတ်လ (၂)ရက် နေ့လည် (၂)နာရီဝန်းကျင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် (၃၅)နှစ်အရွယ်ရှိ ကိုယ်ဝန်ဆောင် အမျိုသမီး တစ်ဦးလည်း ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့တယ်။၊ ရွာမှာပဲ ဆေးကုနေတယ်” ဟု ဟန်ဟူကျေးရွာ အုပ်စုမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ ကျည်ထိမှန်ထားသည့် အမျိုးသမီးသည် ကိုယ်ဝန် (၇)လ ရှိပြီဖြစ်ပြီး၊ ခြေထောက် ထိမှန်ထားသဖြင့် ကျေးရွာတွင်သာ ဆေးကုသခံယူနေကြောင်း သိရသည်။

“သူ့မှာ ကိုယ်ဝန် (၇)လလောက် ရှိပြီ။ သူ့ ခြေသလုံးမှာ ထိသွားတယ်လို့ပြောတယ်။ ခုတော့ ရွာမှာပဲ ကုသမှု ခံယူထားတယ်။ အဲ့နေ့ တကယ့်တိုက်ပွဲတော့မဖြစ်ဘူး။ သူတို့ (မြောက်ပိုင်းမဟာမိတ်) သွားမယ့် လမ်းမှာဆို လက်နက်ကြီးတွေ ပစ်သွားတယ်လို့ပြောတယ်။ နေအိမ်တစ်အိမ် ထိသွားတယ်” ဟု ၎င်းက ပြောသည်။

ပန်ဟူကျေးရွာအုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ရောက်ရှိနေပြီး ဒေသခံတချို့လည်း ပင်လုံမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာကြကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပင်လုံမြို့နယ်အတွင်း မြောက်ပိုင်းတပ်ပေါင်းစုတို့ ရောက်ရှိလာကြသဖြင့် ဆနင်းတောင်ကြောတစ်လျှောက်ရှိ ကျေးရွာအုပ်စုများတွင် စစ်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်ကြသည့်သူများလည်း ရှိကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...