ရွာငံမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နှင့်အတူ မိသားစုဝင်များ ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နှင့်အတူ ၎င်း၏မိသားစုဝင်များကို စစ်ကောင်စီတို့က ဖမ်းဆီးခေါ်ဆာင်သွားကြောင်း သတင်းသိရသည်။

ရွာငံမြို့နယ် အလယ်ချောင်ရွာတွင်နေထိုင်သည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝဏ္ဏနှင့် ၎င်း၏ မိသားစုဝင်များကို ယနေ့ (မတ် ၇)ရက် အာရုဏ်ဦးအချိန်တွင် စစ်ကောင်စီဘက်မှ အင်အားအများအပြားတို့ဖြင့် လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ မနက်မှာ လာဖမ်းသွားတာပါ၊ အာရုံဦးအချိန်လို့ ပြောရမှာပေါ့၊ နံနက် ၄ နာရီဝန်းကျင်လောက်၊ ကားနဲ့လာ ဖမ်းတာ၊ သူနဲ့ သူ့အမျိုးသမီးရော ကလေးရောပါသွားတယ်၊ အိမ်မှာ နေမကောင်းတဲ့ အမေအိုတစ်ဦးတည်း ကျန်နေခဲ့တာ” ဟု ၎င်းနှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဦးစိုင်းဝဏ္ဏသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးမှုများ ပြုလုပ်လာချိန်တွင် တိမ်းရှောင်ခဲ့ပြီး စစ်ကောင်စီတို့ မျက်ခြေပျက်သွားသော်လည် လက်ရှိတွင် ရွာထဲ ကျန်နေသည့် အမေအို နေမကောင်းသည့် အတွက် ပြန်လာစဥ် ဒလန်သတင်းပေးမှုဖြင့် ဖမ်းဆီးခံရကြောင်း သတင်းသိရသည်။

“ဒလန်သတင်းပေးလို့ပေါ့၊ သူပြန်ရောက်တာ ဘယ်လောက်မှ မကြာသေးဘူး၊ သူ့အမေ နေမကောင်းလို့ ပြန်လာတာ၊ အခုတော့ စစ်ကောင်စီတွေက သူနဲ့ သူ့မိသားစုကိုပါ ဖမ်းသွားပြီ၊ ဘယ်နေရာကို ဘာကြောင့် ဖမ်းရလဲ မသိရဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ ညနေပိုင်းအချိန်မှာလည်း ရွာငံမြို့မှ ခံဝန်လက်မှတ်ရေးထားသည့် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်သားတို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်းလည်း သိရသည်။

“ဒီလူငယ်တွေကျ အရင်က ဆန္ဒပြတာတွေ သပိတ်တွေဦးဆောင်တာရှိတယ်၊ ဒါပေမဲ့ ခံဝန်လက်မှတ်ရေးထိုးထားပြီးသား၊ ပြီးတော့ အခုမှာလည်း ဘာလှုပ်ရှားမှုမှ မရှိတဲ့သူတွေ၊ ဘာကြောင့်ဖမ်းရသလဲမသိဘူး၊ ခုထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး”ဟု ရွာငံမြို့မှ တိမ်းရှောင်နေရသူ အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့အတွင်းတွင် စစ်တပ်အခြေစိုက်လှုပ်ရှားမှုမရှိသော်လည်း ၂၀၂၁ နှောင်းပိုင်းကာလမှ စတင်ကာ စစ်ကောင်စီတပ်သားများသည် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒလန်သတင်းပေးမှုဖြင့် ပြည်သူများကို ဖမ်းဆီးခြင်း၊ ပြည်သူ့နေအိမ်များကို အကြောင်းရင်းမရှိ ဝင်ရောက်မွှေနှောက် စစ်ဆေးခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...