ဆီဆိုင်မြို့နယ်ရောက် စစ်ရှောင်အတွက် ဟင်းရွက်များလိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာအတွင်း ရောက်ရှိနေသည့်ကရင်နီစစ်ရှောင်များ အတွက် ဟင်းရွက်များလိုအပ်နေကြောင်း သတင်းသိရသည်။ နောင်ထော်ကျေးရွာအတွင်း ကျန်ရှိနေသည့် ကရင်နီပြည်နှင့် မိုးဗြဲ၊ ဖယ်ခုံဘက်မှ စစ်ဘေးရှောင် ၃၀၀ ကျော်ခန့် သည် ချက်ပြုတ်စားသောက်ရန်အတွက် ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်းများ လိုအပ်နေကြကြောင်း စစ်ရှောင် များကို ကူညီနေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
မိုးနဲမြို့ အိမ်ဝန်းထဲ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ လွယ်မြေရပ်ကွက် တွင်နေထိုင်သည် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးက အိမ်ဝန်းထဲအထိလာရောက်ပြီး သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာပြီး အသက် ၄၀ အရွယ်ရှိ စိုင်းအိုက်ခြုံကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ “သူ့တို့အိမ်ကလည်းဆေးရုံဝန်းထဲမှာဆိုတော့...
သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန် ရရှိ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကြံခင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယာခင်းထဲ မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်းသတင်းသိရသည်။ ယမန် (မတ်လ ၁၈) ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကြံခင်းကျေးရွာမှ အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦး ယာခင်းသို့သွားစဥ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဥ်များကို...
ရွာငံ ဗုံးခွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီမှ ရွာသား ၃ ဦးကို ဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့တွင် စစ်တပ်သတင်းပေးသူ၏ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၈)ရက် မနက် ၃ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ ပဲယင်းတောင် ရွာနေ စစ်တပ်သတင်းပေးဟု...
ပင်လုံမြို့ ဘုန်းကြီးကျောင်းဇရပ် မီးလောင် ကိုရင် နှစ်ပါး ပျံလွန်တော်မှု
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ပန်ဟုန်ကျေးရွာအုပ်စု ဆမ်ဆန်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ဇရပ် မီးလောင်မှုဖြစ်ပွားကာ ကိုရင် ၂ ပါး ပျံလွန်တော်မူသွားပြီး ၁ ပါး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် ည ၁၀ နာရီဝန်းကျင်တွင် ဆမ်ဆန်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ကိုရင်များအိပ်နေသည့်...
သျှမ်းတောင်ဒေသ လောင်းကစားဝိုင်းများ တရားဝင် ခွင့်ပြုနေပြီလား
အကာအရံမပါ သက်ကယ်မိုးထားသည့် တဲကြီး တစ်လုံးထဲတွင် လူများစုဝေးနေပြီး ယွန်းခွက် တစ်ခုကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်။ ဆေးရောင်စုံ ဗီနိုင်းပေါ်တွင် အကောင်ပုံများ ရေးဆွဲထားပြီး ငွေစက္ကူများ ဖွေးဖွေးလှုပ်နေသည်။ ကွမ်းမြုံနေသူက ယွန်းခွက်ကို အသာအယာ လက်ညှိုးဖြင့် ခေါက်ရင်း “လက်ရှောင် ပေါက်ကောင်ဖွင့်မယ်” ဟု ရေရွတ်ကာ ယွန်းခွက်အား...
ငွေတုလုပ်ငန်း သတင်းကြောင့် သျှမ်းပြည်လူထု စိုးရိမ်မှုမြင့်တက်
ငွေတုလုပ်ငန်း ရောင်းဝယ်ဖောက်ကားသည့် သတင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေမှုကြောင့် သျှမ်းပြည်လူထုများ စိုးရိမ်မှုများစွာရှိနေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ငွေတုများသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်း ပျံ့နှံ့နေသည်ဟု သတင်းထွက်ပေါ်နေသဖြင့် ပြည်သူများက ငွေတုမိမှာကို စိုးရိမ်နေကြောင်း လားရှိုးမြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျမကိုယ်တိုင်တော့ မကြုံရသေးဘူး၊ ဒါပေမဲ့...
ကျောက်မဲတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့ (မတ် ၁၅)ရက်က အမျိုးသားတစ်ဦး မိုင်းနင်းမိဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ် ၁၅)ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ကျောက်မဲကြီးကျေးရွာအုပ်စု မန်အော်ကျေးရွာမှ အသက် (၅၀)ကျော် အမျိုးသားတစ်ဦး ဝါးသွားခုတ်စဉ် မိုင်းနင်းမိဒဏ်ရာရရှိခဲ့ကြောင်း မိုင်းထိလူနာကို...
ပင်လောင်းရောက် စစ်ရှောင် သောက်သုံးရေ ခက်ခဲ
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က စစ်ရှောင်များ သောက်သုံးရေ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သောက်သုံးရေ ခက်ခဲနေသည့် စစ်ရှောင်များသည် စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ အလှူရှင်များ လျော့ပါးလာကြောင်း စစ်ရှောင်များကို ကူညီပေးသူ အသက် (၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။ “တချို့နေရာတွေလည်း အလှူရှင်ရှိတယ်။ တချို့နေရာ အလှူရှင်မရှိတော့ ခက်ခဲတယ်။တချို့လဲ ဝယ်သုံးရတယ်။...
မိုင်းကိုင်မြို့နယ် မြေမြုပ်မိုင်းဒဏ် မိသားစု(၃)ဦး ထိခိုက် တစ်ဦးသေ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပြာဆိုင်ကျေးရွာတွင် မိသားစုလိုက် မြေမြုပ်မိုင်းနင်းမိပြီး အမျိုးသား သေဆုံးသွားကာ အမျိုးသမီးနှင့် ကလေး ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မတ်လ ၁၂ ရက်တွင် မိုင်းကိုင်မြို့နယ် ပြာဆိုင်ကျေးရွာတွင် နေထိုင်သည့် မိသားစု (၃)ဦးသည် ကုန်းပေါင်းကျေးရွာသို့ လမ်းလျှောက်သွားရာ မြေမြုပ်မိုင်းနင်းမိသဖြင့် အမျိုးသားဖြစ်သူက...





