CATEGORY

လူ့အခွင့်အရေး

ဟုမ္မလင်းတွင် စစ်တပ်ပေါ်တာဆွဲခံရသည့် သျှမ်းနီလူငယ်တစ်ဦး ဘားအံတွင် သေဆုံး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ စစ်ကော်မရှင်၏ ပေါ်တာဆွဲခံရသည့် သျှမ်းနီလူငယ်တစ်ဦး သည် ကရင်ပြည်နယ် ဘားအံမြို့တွင် ဒီဇင်ဘာ ၂ ရက်က သေဆုံးသွားကြောင်း ၎င်းနှင့် နီးစပ်သူတွေထံက သိရသည်။ ပေါ်တာဆွဲခံရသူသည် အသက် ၂၅ နှစ်အရွယ် ဟုမ္မလင်းမြို့နယ် ကောယားကျေးရွာသားဖြစ်ပြီး ဟုမ္မလင်းမြို့တွင် သူငယ်ချင်းများနှင့် အလည်အပတ်သွားချိန် စစ်ကော်မရှင်၏...

မိုးမိတ်မြို့နယ်ထဲ နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲခံရ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် ၁၁ ဦး သေဆုံး

သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေးတိမ်းရှောင်နေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် (၁၁) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၆) ရက် နံနက် ၉ နာရီကျော်တွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးမိတ်မြို့နယ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့်...

နယ်စပ်က စက်ချုပ်သံများ

တရုတ်နယ်စပ် အထည်ချုပ်စက်ရုံ၏ အေးစက်စက် ကြမ်းပြင်ပေါ်တွင် မေဇင် (အမည်လွှဲ) ရပ်နေသည်။ သူမ၏ မျက်လုံးများက စက်မှုလုပ်ငန်းသုံး မီးချောင်းများအောက်တွင် မှုန်မှိုင်းနေသော်လည်း သူမ၏ အတွင်းစိတ်က လားရှိုးမြို့ရှိ ပျက်စီးသွားသော အမေ့အိမ်လေးဆီသို့ တစ်စထက်တစ်စ ပြန်လည်ရောက်ရှိနေသည်။ အသက် ၂၉ နှစ်အရွယ် မေဇင်သည် တစ်ချိန်က လားရှိုးတွင် အေးချမ်းသော...

၁၃ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်သူများ ဘားအံတွင် ဖမ်းဆီးစစ်ဆေးခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် သျှမ်းပြည်မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားသူများကို ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ မြဝတီမြို့တွင် အွန်လိုင်းကျားဖြန့် လုပ်ငန်းလုပ်ကိုင်သည့် နေရာများကို စစ်ကောင်မရှင်တပ်နှင့် နယ်ခြားစောင့်တပ် BGF များ ဝင်ရောက်စီးနင်းပြီးနောက် နိုဝင်ဘာလ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင်...

သီပေါတံတား သုံးပတ်ကြာပိတ်ထားခြင်းကြောင့် အရေးပေါ်လူနာများ အခက်ကြုံနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA သုံးပတ်ကြာ အပြန်အလှန် ပိတ်ဆို့ထားမှုကြောင့် အရေးပေါ်လူနာများအတွက် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်(MNDAA)တို့ စစ်ရေးတင်းမာမှုကြောင့် နိုဝင်ဘာလ ၁၄ ရက်မှ စတင်ပိတ်ထားခဲ့ရာ...

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ရွာငံတွင် ပျူစောထီးခေါင်းဆောင်နှင့် ၎င်းလက်အောက်ခံ အမျိုးသားတစ်ဦး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာတွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်နှင့် ၎င်းလက်အောက်ငယ်သား အမျိုးသားတစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာလ ၂၉ ရက်တွင် ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ၌ နေထိုင်သည့် အသက် ၆၀ ဝန်းကျင် ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နှင့် ၎င်း၏လက်အောက်ငယ်သား အမျိုးသားတစ်ဦးတို့ လိုက်ပါစီးနင်းလာသည့် အိမ်စီးကားကို...

လူထုလုံခြုံရေးနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပရန် ပြင်ဆင်နေသည်။ နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်နှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအတွက် ကြီးမားသော လုံခြုံရေးအရ စိန်ခေါ်မှုတစ်ရပ်...

မိုးကုတ်မြို့အဝင်အထွက်ကို TNLA ပိတ်ဆို့ထားသော်လည်း စစ်တပ်ယာဉ်တန်း မြို့ထဲဝင်ရန် လမ်းဖွင့်ပေး

သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့ အဝင်အထွက်ကို TNLA ဘက်မှ ပိတ်ဆို့ခဲ့သော်လည်း စစ်ကော်မရှင်တပ် ယာဉ်တန်းများ မြို့ထဲသို့ ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းမှ စတင်ပြီး TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့တွင် မာရှယ်လော ကြေညာပြီး...

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

Latest news