လေတပ်နှင့် စစ်တိုင်း အခြေစိုက်ရာ နမ့်စန်မြို့နယ် ကြံ့ခိုင်ရေး အနိုင်ရရေး စစ်တိုင်းမှူး ကွင်းဆင်း ဖိအားပေး

သျှမ်းတောင် လေတပ် အခြေစိုက် စခန်းနှင့် စစ်တိုင်း တည်ရှိရာ နမ့်စန်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရေး အတွက် စစ်တိုင်းမှူး ကိုယ်တိုင် ကွင်းဆင်း ဖိအားပေးနေသည်ဟု ဒေသခံများက ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောသည်။

စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ခိုလမ်မြို့သည် နမ့်စမ်မြို့နယ် အတွင်း ပါဝင်ပြီး ကြံ့ခိုင်ရေးပါတီ အနိုင်ရရေး စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ကိုယ်တိုင် မဲရုံများကို စစ်ဆေးသည်ဟု ဆိုကာ ဖိအားပေးနေသည်ဟု ဒေသခံများက ဆိုသည်။

“ဒီနေ့မနက် မြို့ပေါ်ကော ရွာဘက်တွေကော တိုင်းမှူး မဲရုံစစ်တယ် ကြားတယ်။ ဌာနဆိုင်ရာတွေ မြို့ထဲမှာ မဲပေးဖို့ လိုက်ပြောနေတာရှိတယ်။ မနေ့က ကြိုတင်မဲ ရေတာတော့ ကြံခိုင်ရေးက အကုန်နိုင်တယ် ကြားတာပဲ။ စာရင်း အတိအကျတော့ မသိဘူး” ဟု မြို့ခံ တဦးက ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေအရ ယနေ့သည် နိုင်ငံရေးပါတီများ စည်းရုံးမဲဆွယ်ခွင့် မရှိတော့သည့်နေ့ဖြစ်သည့် နည်းတူ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မဲရုံများအပေါ် ဖိအားပေးသည့် သဘော မသက်ရောက်သည့် အကွာအဝေးမှသာ လုံခြုံရေး ဆောင်ရွက်ရမည် ဖြစ်သော်လည်း စစ်တိုင်းမှူးက စစ်ဝတ်ပြည့် ဝတ်ဆင်ကာ လက်နက် အပြည့်အစုံဖြင့်ယခုကဲ့သို့ မဲရုံများကို လှည့်လည် စစ်ဆေးနေခြင်း ဖြစ်သည်။

နမ့်စန်မြို့နယ် ကြံ့ခိုင်ရေး အနိုင်ရရေး စစ်တိုင်းမှူး ကွင်းဆင်း ဖိအားပေး

“အရပ်သား အစိုးရလက်ထက်က ကော်မရှင် ဆိုရင်တော့ ဒီလိုတွေ ဘယ်ဖြစ်မလဲ။ ခုလိုနေ့ Silent day မှာ စစ်တိုင်းမှူး စစ်ဝတ်စုံနဲ့ လက်နက်တွေနဲ့ မဲရုံတွေ ဝင်စစ်တယ်ဆိုတာ ရွေးကော် ဥပဒေအရ ဆိုရင် ငြိတာပေါ့။ နောက်တခုက ဒီနေ့မှာ ဌာနဆိုင်ရာတွေက မဲသွားပေးဖို့ ကမ်ပိန်းလုပ်တယ် ဆိုတော့ ဒါလည်း ခြိမ်းခြောက်တာပဲပေါ့။ ခုကတော့ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲကို စစ်တိုင်းမှူး ဝင်စစ်တယ် ဆိုတော့လည်း ဘာပြောလို့ရမလဲ” ဟု ရွေးကောက်ပွဲများအား စောင့်ကြည့်လေ့လာခဲ့သူ တဦးက မှတ်ချက်ပြုသည်။

နမ့်စန်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ၊ ကျားဖြူပါတီ၊ PNO ပအိုဝ်းပြည်သူ့စစ်ပါတီ၊ တစည ပါတီနှင့် PPP ပါတီတို့ ဝင်ရောက် ယှဥ်ပြိုင်နေပြီး စစ်ကောင်စီ လေတပ်နှင့် တိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် မြို့နယ် ဖြစ်သဖြင့် ကြံ့ခိုင်ရေး ပါတီသာ အနိုင်ရမည်ဟု ဒေသခံများက သုံးသပ်ထားသည်။

နမ့်စန်မြို့နှင့် ခိုလမ်မြို့ အပါအဝင် မြို့နယ် အတွင်း ရပ်ကွက် (၁၁) ခု၊ ကျေးရွာအုပ်စု (၂၀) ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၇,၄၉၁ ဦးနှင့် မဲရုံ ၇၈ ရုံရှိကြောင်း မြို့နယ် စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...