ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ဘက်မှ စတင်ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပထမပိုင်းကို ပူးပေါင်းစောင့်ကြည့်ရန် မီဒီယာများ စုဝေးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Thai PBS North ရုံးတွင် ပြုလုပ်လျက်ရှိသည်။
အတုအယောင်ရွေးကောက်ပွဲကို မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု (Collaborative Media Monitoring) အပြင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ်များလည်း ပါဝင်သည်။
အဆိုပါ မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု အစီအစဉ်တွင် လွတ်လပ်ပြီး အမှီအခိုကင်းသည့် မြန်မာမီဒီယာ သတင်းဌာနများ၏ ရွေးကောက်ပွဲအကြောင်း သတင်းတင်ဆက်မှုရှုထောင့်၊ နွေဦးတော်လှန်ရေး၏ အနာဂတ်တို့ကို ဆွေးနွေးကြမည်ဟု သိရပြီး နိုင်ငံတကာနှင့် မြန်မာမီဒီယာ အဖွဲ့အစည်းများ တက်ရောက်နေသည်။














Leave a Comments