တောင်ကြီးမြို့နယ်တွင် မဲပေးနည်းနှင့် မဲရုံမသိ၍ မဲပေးသူနည်းပါး

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျေးရွာဘက်တွင် မည်သို့ ရွေးချယ်မဲပေးရမည်ကို မသိခြင်း၊ မည်သည့် မဲရုံတွင် မဲပေးရမည်ကို မသိခြင်းတို့ကြောင့် ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊ ပင်းတယ၊ နမ့်စန်၊ လင်းခေးနှင့် လွိုင်လင် အပါအဝင် (၆) မြို့နယ်တွင် ပြုလုပ်နေသည်။

“ဒီက ရွာဘက်ကလူတွေ ဘာမှမသိဘူး။ ကျမတို့အနောက်က ဦးလေးတွေ၊ အဒေါ်တွေ ဘာပေးရမှန်းမသိလို့ ကြံ့ခိုင်ရေးပါတီပဲ နှိပ်ကြတာ။ သူတို့ (ဦးလေးနဲ့ အဒေါ်) တွေပြောနေကြတာ ငါတို့က ဒီတစ်ခုပဲ သိတယ်၊ တခြားလည်း မသိဘူးတဲ့” ဟု တောင်ကြီးမြို့နယ် အေးသာယာမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်း မဲသွားပေးရမည်ကို အများစုက မည်သည့် နေရာတွင် မဲပေးရမည်ကို မသိရှိကြကြောင်း ၎င်းက ပြောသည်။

“ဒီမနက် မဲသွားပေးတဲ့သူတွေက အယောက် ၅၀၊ ၆၀ ကျော်လောက်ပဲ ရှိတယ်။ ဟိုးအရင်တုန်းကနဲ့ ယှဉ်ရင် မများဘူး။ အရင်ကဆို အစောကြီး လူတွေပြည့်ကြပ်နေတာပဲ” ဟု ၎င်းက ထပ်လောင်းပြောသည်။

တောင်ကြီးမြို့နယ်ရှိ ရပ်ကွက် ၅၁ ခုနှင့် ကျေးရွာအုပ်စု ၂၄ စုတွင် မဲရုံ ၁၉၀ ရုံ ဖွင့်လှစ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့က တောင်ကြီးမြို့နယ်တွင် ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ်အနိုင်ရရှိကြောင်း သိရသည်။

စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာအတွက် ကြံ့ခိုင်ရေး ၂၃၄၄၊ ကျားဖြူ ၁၁၊ PNO ပြည်သူ့စစ် ၁၄ နှင့် ပြည်သူ့ပါတီ ၄ မဲ၊ အမျိုးသား လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၁၃၃၆၊ ကျားဖြူ ၁၁၊ PNO ပြည်သူ့စစ် ၃၃ နှင့် ပြည်သူ့ပါတီ ၄ မဲ၊ ပြည်နယ် လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၂၃၂၀၊ ကျားဖြူ ၁၁၊ PNO ပြည်သူ့စစ် ၁၄ နှင့် ပြည်သူ့ပါတီ ၆ မဲ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...