ဟိုပုံးတွင် ကျန်းမာရေးမကောင်းသူကို စစ်တပ်စာရင်းကောက်ခံ၊ ဆန္ဒမပါဘဲ ကိုယ်စား မဲသွားထည့်မည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် နေထိုင်သည့် ကျန်းမာရေးမကောင်းသူ စာရင်းများကို စစ်တပ်လက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူးများက စာရင်းလိုက်လံ ကောက်ယူနေပြီး ပြည်သူ့ ဆန္ဒမပါဘဲ ကိုယ်စားမဲထည့်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။

ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊ ပင်းတယ၊ နမ့်စန်၊ လင်းခေးနှင့် လွိုင်လင် အပါအဝင် (၆) မြို့နယ်တွင် ပြုလုပ်နေသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဟိုပုံးမြို့ပေါ်ရှိ မဲရုံများ၌ မဲလာပေးသည့် ပြည်သူများ နည်းပါးပြီး ကျေးရွာများဘက်တွင် မဲမထည့်လျှင် ဖမ်းဆီးအရေးယူမည် ဆိုသောကြောင့် မဲသွားထည့်နေရသည်ဟု ဒေသခံများက ပြောသည်။

“မြို့ပေါ်က မဲထည့်တဲ့သူ သိပ်မတွေ့ဘူး။ ရွာဘက်မှာတော့ မဲမထည့်ရင် ဖမ်းမယ်ဆိုလို့ မဲသွားထည့်ကြတယ်။ မဲစာရင်းပါပြီး ကျန်းမာရေး မကောင်းတဲ့သူတွေ စာရင်းကို စစ်တပ်က ကောက်သွားတော့ ကိုယ့်ဆန္ဒမပါဘဲ သူတို့သဘောနဲ့ ကိုယ်စား မဲသွားထည့်လိုက်မှာကို စိုးရိမ်တယ်”ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးမှူးများက ကျန်းမာရေးမကောင်းသူ စာရင်းများကို လိုက်လံကောက်ခံခဲ့ခြင်းကြောင့် ကာယကံရှင် ဆန္ဒမပါဘဲ ၎င်းတို့မှ ကိုယ်စား မဲထည့်လိုက်မည်ကို စိုးရိမ်နေရကြောင်း ဟိုပုံးဒေသခံများက ပြောသည်။

စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ​ ဟိုပုံးမြို့ မဲရုံ

ယနေ့ ရွေးကောက်ပွဲနေ့တွင် ဟိုပုံးမြို့ပေါ်၌ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)တို့က လက်နက်နှင့် စစ်ဝတ်စုံ အပြည့်ဝတ်ဆင်ပြီး ကားများဖြင့် လှည့်လည်၍ လုံခြုံရေး တင်းကြပ်နေကြောင်း သိရသည်။

လက်ရှိ ဟိုပုံးမြို့နယ်တွင် မဲရုံပေါင်း (၇၈) ရုံရှိပြီး စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် မဲထည့်ရန် စိတ်ဝင်စားသူ အနည်းငယ်သာရှိကြောင်း ဒေသခံများက ပြောသည်။

ယခုလက်ရှိ စစ်ကော်မရှင်တပ် ဦးဆောင်ကျင်းပနေသော ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခု ပါဝင်ပြီး လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ဒုတိယပိုင်း (၁၇) မြို့နယ်နှင့် တတိယပိုင်း (၉) မြို့နယ်တို့တွင် အပြီးအစီး ကျင်းပမည်ဟု ကြေညာထားသည်။
23m

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...