စစ်တပ် ရွေးကောက်ပွဲ အာဏာရှင်နိုင်ငံများ စောင့်ကြည့် လေ့လာ

စစ်တပ်က ပြုလုပ်နေသည့် ရွေးကောက်ပွဲကို တပါတီစနစ် ကျင့်သုံးသည့် ကွန်မြူနစ် နိုင်ငံများ၊ အတိုက်အခံများ ပါဝင်ယှဥ်ပြိုင်ခွင့် မပြုသည့် ရွေးကောက်ပွဲများ ကျင်းပသည့် အာဏာရှင် နိုင်ငံများက လာရောက်လေ့လာနေပြီ ဖြစ်ကြောင်း စစ်တပ် အာဘော် သတင်းစာများက ယမန်နေ့ ​(ဒီဇင်ဘာလ ၂၆) ရက်တွင် ဖော်ပြသည်။

ဒီဇင်ဘာ ၂၈ ရက် စစ်တပ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင် နိုင်ငံ ၆ ခုမှ ကိုယ်စားလှယ်များ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း စစ်တပ် အာဘော် သတင်းများက ထုတ်ပြန်သည်။ ဘယ်လာရုစ်နိုင်ငံ ကမူ ၂၅ ရက်နေ့ ကတည်းက ရောက်ရှိနေကြောင်း ဆိုသည်။

အဆိုပါ နိုင်ငံများ အနက် တရုတ်နှင့် ဗီယက်နမ်သည် တပါတီ အာဏာရှင် စနစ် ကျင့်သုံးသည့် ကွန်မြူနစ် နိုင်ငံများ ဖြစ်ပြီး ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် ကမ္ဘောဒီးယား တို့သည် အတိုက်အခံများအား နည်းမျိုးစုံဖြင့် နှိပ်ကွပ်ပြီး ရွေးကောက်ပွဲ ဝင်ခွင့် မပေးသည့် အာဏာရှင် နိုင်ငံများ ဖြစ်သည်။

ထို့အတူ ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် အိန္ဒိယ နိုင်ငံကမူ အငြိမ်းစား စစ်ဗိုလ်ချုပ် တဦး ဦးဆောင်သည့် အဖွဲ့ကို စေလွှတ်သည်ဖြစ်ရာ မြန်မာ စစ်တပ်၏ တောင်းဆိုမှုကြောင့် အိန္ဒိယ စစ်တပ်က စေလွှတ်မှု အဖြစ် ရှုမြင်နိုင်ကြောင်း ဝါရင့် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူ တဦးက သုံးသပ်သည်။

“လာဖို့ ရှိတာက အားလုံး ၁၀ နိုင်ငံပေါ့။ ဒီအထဲမှာ တရုတ်၊ ဗီယက်နမ်နဲ့ လာအိုက ကွန်မြူနစ်။ ဒီမိုကရေစီ နိုင်ငံလို့ ပြောလို့ရထဲမှာ အိန္ဒိယ၊ ထိုင်းနဲ့ ဖိလစ်ပိုင် ပါမယ်။ အခု အိန္ဒိယက အငြိမ်းစား ဗိုလ်ချုပ် ဦးဆောင်ပြီး လာတယ် ဆိုတော့ စစ်တပ်ချင်း ဆက်ဆံရေး သဘော။ ထိုင်းကတော့ ရှင်းတယ်၊ ထားဝယ် ကမ်းလွန်ဘက်မှာ ဓာတ်ငွေ့သိုက် တွေ့တယ်ဆိုတဲ့ သတင်း တက်ကတည်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် သွားတာပဲလေ၊ အကျိုးစီးပွားပေါ့။ ဖိလစ်ပိုင် ကတော့ အနောက်နိုင်ငံတွေက စောင့်ကြည့်ခိုင်းတဲ့ သဘော။ ဆိုတော့ အခု လာတဲ့ ၁၀ နိုင်ငံ ဆိုတာ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားတူ ပုလင်းတူ ဗူးဆို့ပေါ့” ဟု ၄င်းက သုံးသပ်သည်။

ယင်း ၁၀ နိုင်ငံမှ ထုတ်ပြန်မည့် စစ်တပ် ရွေးကောက်ပွဲ အစီရင်ခံစာတွင် “ရွေးကောက်ပွဲသည် ဘက်လိုက်မှု ကင်းပြီး တရားမျှတသည်” ဟုသာ ဖော်ပြ ထုတ်ပြန်မည် ဖြစ်ကြောင်း ၄င်းက ဟောကိန်းထုတ်သည်။

စစ်တပ် ရွေးကောက်ပွဲ စောင့်ကြည့်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ထိုင်း၊ လာအို၊ ပါကစ္စတန်၊ ဖိလစ်ပိုင် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံ ၁၀ ခုမှ လေ့လာသူများအား ဖိတ်ခေါ်ထားကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားသည်။

ဒေသတွင်း အရေးပါသည့် အဖွဲ့အစည်း ဖြစ်သည့် အာဆီယံ ကမူ လေ့လာစောင့်ကြည့်ရန် စေလွှတ်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားပြီး စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...