CATEGORY

လူ့အခွင့်အရေး

လွိုင်ကော်မြို့တွင် ကြိုတင်မဲကောက်ယူနေပြီး မဲမထည့်လျှင် လုံခြုံရေးအာမ,မခံကြောင်း ခြိမ်းခြောက်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ ကောက်ယူနေပြီး မဲစာရင်းပါသည့်အတိုင်း မဲမထည့်သူများကို လုံခြုံရေး အာမ,မခံကြောင်း ခြိမ်းခြောက်မှုများပါ ရှိနေသည်ဟု စုံစမ်းသိရသည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်ကော်မြို့ ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများထံမှ...

ရွာငံနှင့် ပင်းတယ ဒေသခံများကို စစ်ကော်မရှင်တပ်က အလှည့်ကျ ကင်းစောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်သားများ ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို အလှည့်ကျ ကင်းစောင့်ခိုင်းထားကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု၊ တပင်ပျော်ကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာအုပ်စုနှင့် ကျန်တောကျေးရွာအုပ်စုတို့တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို ကင်းတဲ လိုက်လံဆောက်ခိုင်းသည့်အပြင် အလှည့်ကျ...

လွိုင်ကော်မြို့တွင်း မြေမြှုပ်မိုင်းကြောင့် သုံးလအတွင်း ၇ဦးထိခိုက် ၃ဦးသေဆုံး

ကရင်နီပြည်(ကယား) လွိုင်ကော်မြို့တွင် သုံးလတာ ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဉီးထိရှိပြီး ထိုထဲတွင် (၃)ဦးသေဆုံးခဲ့ကြောင်း ဒေသအတွင်း သတင်းရင်းမြစ်များက ပြောသည်။ လွိုင်ကော်မြို့တွင်း တိုက်ပွဲများငြိမ်သက်နေပြီး အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ဘေးရှောင်များသည် နေရပ်သို့ ပြန်လာကြသည်။ ထိုသို့နေရပ်ပြန်လာချိန်တွင်လည်း လွိုင်ကော်မြို့အတွင်း မြေမြှုပ်မိုင်းများရှင်းလင်းမှုမရှိကာ ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာ (၃)လတာကာလအတွင်းမြေမြှုပ်မိုင်းထိခိုက်ဒဏ်ရာရရှိသူ...

ဟိုပုံး-တောင်ကြီး စစ်တပ်ဂိတ် ကုန်ကားတစ်စီး ကျပ်ငွေ ၁သိန်းကျော် ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး-တောင်ကြီးလမ်းမကြီးပေါ် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားတစ်စီးလျှင် ငွေကျပ် တစ်သိန်းကျော် အထိ ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလ ပထမပတ်မှ စပြီး ဟိုပုံး-တောင်ကြီးသွားလမ်း တိုးဂိတ်အကျော်ရှိ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများကို စစ်ဆေးတင်းကြပ်နေပြီး...

လွိုင်လင်-မိုင်းပွန် စစ်ကော်မရှင်ဂိတ်တွင် ကုန်ပစ္စည်းများ အားလုံးချကာ ဖောက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ကုန်ကားပေါ် တင်ဆောင်လာသည့် နိုင်ငံခြားထုတ် ပစ္စည်းအားလုံး ချခိုင်းကာ တစ်ခုချင်းစီ ဖောက်ထုတ်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ကုန်ကားပေါ် တင်ဆောင်လာသည့် ဂျပ်ဖာများ၊ ကုန်ပစ္စည်းများကို...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...

စစ်တပ်ဆန့်ကျင်သူများကို AI ဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လှုံ့ဆော်ပေးနေဟု သတင်းအမှားဖြန့်

အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို AI နည်းပညာဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် ပါဝင်လှုံ့ဆော်ပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ဝေနေသည်။ အဆိုပါရုပ်သံဖိုင်ကို စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သော “တိုက်မောင်း” ဆိုသည့် ချန်နယ်လ်တစ်ခုမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိခဲ့သည်။ အလားတူ...

ကျောက်မဲ ပြောင်းခြံထဲ မပေါက်ကွဲသော မိုင်း၊ လက်နက်ကြီးများတွေ့ရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကို တောင်ယာထဲတွင် တွေ့ရှိရခြင်းကြောင့် တောင်ယာ သီးနှံရိတ်သိမ်းရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး...

အယ်ဒီတာပေးစာ

သို့သျှမ်းသံတော်ဆင့်သတင်းဌာန သိန္နီမြို့ရဲ့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေ ဒုက္ခတွေကြားထဲမှာ ရုန်းကန်နေရတဲ့ ဒေသခံပြည်သူတွေဆီ ဝန်ဆောင်ခအများအပြားကောက်ယူနေတဲ့အကြောင်းလေး ရင်ဖွင့်ချင်လို့ပါ။ ကျမတို့ သိန္နီမြို့သေးသေးလေးက “၁၀၂၇ စစ်ဆင်ရေး” ဆိုတဲ့တိုက်ပွဲဒဏ်ကြီးကလဲ ခံထားရတော့ စီးပွားရေးက အခုထက်ထိ ကောင်းကောင်းခေါင်းမထောင်နိုင်သေးပါဘူး။ အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို အလုပ်မဖြစ်တော့ ဝင်ငွေက ပုံမှန်မရတင်မကဘူး တချို့ရက်ဆို အရင်းတောင်ရောင်းမရတော့ ခက်ခဲတာပေါ့။ တိုက်ပွဲဖြစ်ပြီးတဲ့...

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

Latest news