တောင်ကြီး သုဿာန်မြေ ၂ ခုကို ဈေးဝယ်စင်တာဆောက်ရန် သီဟကုမ္ပဏီမှ ဝယ်ယူ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ဘုရားဖြူရပ်ကွက် နယ်မြေ(၃) အတွင်းရှိ ပါမိုးနဲသုသာန်နှင့် ဩသချောင်း သုဿာန်နှစ်ခုကို ရပ်ကွက်နေပြည်သူ ဆန္ဒမပါဘဲ ပြောင်းရွှေ့ခိုင်းပြီး သီဟကုမ္ပဏီမှ စျေးဝယ်စင်တာ ဆောက်ရန်အတွက် ဝယ်ယူလိုက်ကြောင်း သတင်းရရှိသည်။ ရပ်ကွက်နေ ပြည်သူ့ဆန္ဒမပါပဲ နေရာ ပြောင်းရွှေ့ခိုင်းနေကြောင်း သတင်းရရှိသည်။ အဆိုပါ သုသာန်နှစ်ခုကို ထီသိမ်သုဿာန်နှင့် ဘေးကပ်လျက် မြေနေရာတွင်...
ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ည ၁၀နာရီကျော် ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ပိန်ဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေးနင်းကျေးရွာအုပ်စု ကုန်းကော်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး...
MNDAA ထိန်းချုပ် သိန္နီမြို့နယ်တွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ
သျှမ်းပြည် သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာတွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင် အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူမှာ စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်း၌ စာသင်ပေးနေသည့် အသက် (၅၀) နှစ်ခန့်အရွယ် Wu Yin...
တောင်ကြီးမှဟိုပုံး ခရီးသွားသည့် လူငယ်အမျိုးသားနှစ်ဉီး တစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေ
သျှမ်းပြည် တောင်ကြီးမြို့မှ ဟိုပုံးမြို့နယ်အတွင်း ခရီးသွားခဲ့သည့် အမျိုးသားနှစ်ဦးသည် တစ်နှစ်ကျော်ကြာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ ပျောက်ဆုံးသွားသူ လူငယ်နှစ်ဦးသည် သိန္နီမြို့ဒေသခံနှင့် ကျောက်မဲမြို့ဒေသခံ အသက် ၂၅ နှစ်ဝန်းကျင်ရှိ စိုင်းတုမ်လိန်ခမ်းနှင့် အသက် ၃၀ နှစ်ဝန်းကျင်ရှိ စိုင်းကျော်မြင့် ဟု သိရပြီး...
လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး
သျှမ်းပြည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဗုံးမှန်ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက်...
လားရှိုးမြို့ သံတိုသံစရောင်းဝယ်သည့်အိမ် ပေါက်ကွဲမှုဖြစ်ပွား အရပ်သား ၄ ဦး ဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် သံတိုသံစရောင်းဝယ်သည့်အိမ် ယနေ့ (စက်တင်ဘာ ၃)ရက် နေ့လည်ပိုင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ( စက်တင်ဘာလ ၃ ရက်) နေ့လည် ၁၂နာရီခွဲ တွင် လားရှိုးမြို့ ရပ်ကွက်...
ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည်
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ...
TNLA ထိန်းချုပ်ဒေသတွင် စစ်ကော်မရှင်တပ် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ပြည်သူ ၅၀ နီးပါးသေဆုံး
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်အပါအဝင် ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံ မြို့နယ်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သြဂုတ်လအတွင်း ပြည်သူ (၄၆) ဦး သေဆုံးခဲ့ရကြောင်း TNLA က ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုသေဆုံးမှုတွင်...
SHAN -
တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့မှတဆင့် တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူ အမျိုးသမီး (၄) ဦးကို လူကုန်ကူးမှုဖြင့် စစ်ကော်မရှင်လက်အောက်ခံ တရားရုံးများမှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၂၉) ရက်တွင် မူဆယ်မြို့နေ အေးမြတ်မွန်၊ အေးအိမွန်နှင့်...
နောင်ပိန်တိုက်ပွဲကြောင့် စစ်ရှောင်တစ်သောင်းကျော်အတွက် အရေးပေါ် ဆေးဝါးအကူအညီ လိုအပ်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် အတွင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် အရပ်သား တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေကြောင်းစုံစမ်းသိရသည်။ ဩဂုတ်လ (၁၉) ရက်တွင် စတင်ခဲ့သည့် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် မြေပြင်ထိတွေ့တိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပုံဝိုး၊...





