စစ်ကော်မရှင် ရွေးကောက်ပွဲ ဥပဒေကြောင့် ပြည်သူများ နှုတ်ဆိတ်နေ

စစ်ကော်မရှင် ပြုလုပ်နေသည့် ရွေးကောက်ပွဲ အပိုင်း (၁) ပြီးဆုံးပြီးနောက် မနက်ဖြန် ရွေးကောက်ပွဲ အပိုင်း (၂) မဲပေးရမည် ဖြစ်သော်လည်း ပြည်သူများ စိတ်ဝင်စားမှု နည်းပါးပြီး ရာနှုန်းပြည့် နှုတ်ဆိတ်နေသည်ဟု ဆိုနိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် သတင်းသမားများက ပြောသည်။

ပြီးခဲ့သည့် NLD လက်ထက် ၂၀၂၀ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် လူမှုကွန်ရက်များနှင့်မြေပြင်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု လုံးဝ မရှိဟု ဆိုနိုင်ရာ အဓိက အားဖြင့် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ် တသက်တကျွန်းနှင့် သေဒဏ် အထိ ချမှတ်နိုင်သည့် “ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေကြောင့်ဟု ဆိုကြသည်။

စစ်ကော်မရှင်က အဆိုပါ ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့ရာ လက်ရှိအချိန်အထိ ယင်းဥပဒေဖြင့် ဖမ်းဆီးခံရသည့် ပြည်သူ ၃၃၅ ဦးအထိ ရှိနေရာ အမျိုးသား ၂၇၅ ဦးနှင့် အမျိုသမီး ၆၀ ဦး ပါဝင်သည်။

“အာဏာသိမ်းပြီး ကတည်းက လိုင်းပေါ်မှာ စစ်တပ် မကောင်းကြာင်း ပြောတာမျိုး တော်လှန်ရေး ထောက်ခံတာမျိုး တင်တာနဲ့ ဖမ်းတာ လူထောင်ချီနေပြီ။ ဆိုတော့ လူတွေက ဘာမှ သိပ်မတင်တော့ဘူး။ ရွေးကောက်ပွဲ ဆိုလည်း အဲလို ဥပဒေကြီးနဲ့ ဖမ်းတော့ ဘယ်သူမှ ဘာမှ မတင်ရဲတော့ဘူးလေ” ဟု တောင်ကြီးမြို့ခံ တစ်ဉီးက ဆိုသည်။

စစ်ကော်မရှင် ရွေးကောက်ပွဲ ဥပဒေဖြင့် ပထမဆုံး အဖမ်းခံရသူသည် စစ်ရှောင်ရင်း တောင်ကြီးမြို့တွင် နေထိုင် လုပ်ကိုင်နေသူ အမျိုးသား တဥ◌ီး ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သျှမ်းပြည်အတွင်း ရွေးကောက်ပွဲ ပထမပိုင်း အနိုင်ရမှုနှင့် အပိုင်း(၂) ကျင်းပမည့်နေရာ

ယင်းသို့ ပြည်သူများ နှုတ်ဆိတ်နေခြင်းသည် ရွေးကောက်ပွဲ ဥပဒေကြောင့်သာမက စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု မရှိဘဲ ပူးပေါင်းပါဝင်လိုသူ နည်းပါးမှုကြောင့်ဟု သျှမ်းတောင် စစ်တပ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အချက်အလက်များ မှတ်တမ်းပြုနေသူ တစ်ဉီးက ဆိုသည်။


“ကြောက်လို့ မဲသွားပေးတဲ့လူတွေများတယ်။ ကြံ့ခိုင်ရေးနဲ့ မဘသ ကလွဲရင် ဘယ်သူမှ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါ စစ်ကော်မရှင်၏ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေကြောင့် ပြည်သူများအား ဆက်သွယ် မေးမြန်း၍ မရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း လွတ်လပ်သည့် မြန်မာသတင်းဌာနများတွင် လုပ်ကိုင်နေသည့် သတင်းသမားများက ဆိုသည်။

“အွန်လိုင်းကနေပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် သတင်းလှမ်းမေးရင် “မသိဘူး” ပဲ ဖြေကြတယ်။ တချို့ လုံးလုံးမဖြေဘူး။ တော်တော်ကို အခက်အခဲ တွေ့ရပါတယ်” ဟု ပြည်တွင်း၌ နေထိုင် လုပ်ကိုင်နေသည့် သတင်းသမားး တစ်ဉီးက ဆိုသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ လူမှုကွန်ရက် (FaceBook) ကွန်ရက်ပေါ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရေးသားမှုများအား လေ့လာရာ သာမန် ပြည်သူများသာမက သျှမ်းနိုင်ငံရေးနှင့် နီးစပ်သူများပင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သည့် ဝေဖန်ရေးသားမှုမှ မတွေ့ရဘဲ နှုတ်ဆိတ်နေကြောင်း တွေ့ရသည်။

“ပြည်သူတွေ မပြောနဲ့ ကြံ့ခိုင်ရေးပါတီတောင် မနက်ဖြန် မဲရုံစောင့်ဖို့ လူမရှိလို့ စားရိတ်ငြိမ်း နှစ်သောင်းခွဲ ပေးမယ်ဆိုပြီး ဒီမနက် လိုက်ခေါ်နေရတာ” ဟု ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် နေထိုင်သူ တဥ◌ီးက ပြောဆိုသည်။

မည်သို့ပင် ဖြစ်စေ စစ်ကော်မရှင် အနေဖြင့်မူ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသည် ဆိုသည့် ရလဒ်ကိုသာ လိုလားသည်ဖြစ်ရာ ပြည်သူ တစ်ဉီးတစ်ယောက်မျှ မပူးပေါင်း မပါဝင်သည့်တိုင် ရွေးကောက်ပွဲ ပြုလုပ်မည်သာ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်တွင် ပြုလုပ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...