ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး စစ်အင်အားဖြည့်လာကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက လုံခြုံရေး တင်းကြပ်ထားတယ်။ ရွာတွေဘက်ကိုလည်း အင်အားဖြည့်ထားတယ်။ ရွာငံမှာလည်း အင်အားဖြည့်တာရှိတယ်။ မဲပေးရမယ့် ရက်နီးလို့ သူတို့ အင်အားဖြည့်တာလားတော့ မသိဘူး”ဟု ရွာငံမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာရှိ မဲရုံ လုံခြုံရေးအတွက် စစ်အင်အား ဖြည့်ထားသည့် စစ်ကော်မရှင်တပ်သားများသည် စာသင်ကျောင်းများတွင် နေထိုင်နေကြကြောင်း ရွာငံမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ထပ်မံလောင်းပြောသည်။

“မနက်ဖြန် ရွေးကောက်ပွဲအတွက် စစ်သားအယောက် ၂၀ ကျော်လောက်က ကျေးရွာတွေမှာ နေရာယူ စောင့်နေတာရှိတယ်။ စာသင်ကျောင်းမှာ ကျောင်းသားတွေကို ကျောင်းမလာဖို့ ဆရာမတွေကလည်း ပြောထားတယ်” ဟု ရွာငံမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် ရွာငံမြို့နယ်ရှိ စစ်ကော်မရှင်တပ်သားနှင့် ဆယ်အိမ်မှူးတို့က ရွေးကောက်ပွဲတွင် မဲထည့်ရန် အိမ်တိုင်းသို့ လိုက်လံသတိပေး ပြောဆိုနေကြောင်း ၎င်းက ဆက်ပြောသည်။

ရွာငံမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)တို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရပ်ကွက်နှင့် ကျေးရွာများတွင် စုစုပေါင်း မဲရုံ(၄၀)ရုံ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...