Tuesday, January 27, 2026

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး စစ်အင်အားဖြည့်လာကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက လုံခြုံရေး တင်းကြပ်ထားတယ်။ ရွာတွေဘက်ကိုလည်း အင်အားဖြည့်ထားတယ်။ ရွာငံမှာလည်း အင်အားဖြည့်တာရှိတယ်။ မဲပေးရမယ့် ရက်နီးလို့ သူတို့ အင်အားဖြည့်တာလားတော့ မသိဘူး”ဟု ရွာငံမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာရှိ မဲရုံ လုံခြုံရေးအတွက် စစ်အင်အား ဖြည့်ထားသည့် စစ်ကော်မရှင်တပ်သားများသည် စာသင်ကျောင်းများတွင် နေထိုင်နေကြကြောင်း ရွာငံမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ထပ်မံလောင်းပြောသည်။

“မနက်ဖြန် ရွေးကောက်ပွဲအတွက် စစ်သားအယောက် ၂၀ ကျော်လောက်က ကျေးရွာတွေမှာ နေရာယူ စောင့်နေတာရှိတယ်။ စာသင်ကျောင်းမှာ ကျောင်းသားတွေကို ကျောင်းမလာဖို့ ဆရာမတွေကလည်း ပြောထားတယ်” ဟု ရွာငံမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် ရွာငံမြို့နယ်ရှိ စစ်ကော်မရှင်တပ်သားနှင့် ဆယ်အိမ်မှူးတို့က ရွေးကောက်ပွဲတွင် မဲထည့်ရန် အိမ်တိုင်းသို့ လိုက်လံသတိပေး ပြောဆိုနေကြောင်း ၎င်းက ဆက်ပြောသည်။

ရွာငံမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)တို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရပ်ကွက်နှင့် ကျေးရွာများတွင် စုစုပေါင်း မဲရုံ(၄၀)ရုံ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

ခေါင်းနှင့်ပန်းလို တစ်သားတည်း ဖြစ်နေသော စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည် (၁၂) မြို့နယ်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ်အများစုတွင် အနိုင်ရ ဦးဆောင်နေကြောင်း သိရသည်။ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က အတုအယောင် ရွေးကောက်ပွဲ...

ဟိုပုံးတွင် ကျန်းမာရေးမကောင်းသူကို စစ်တပ်စာရင်းကောက်ခံ၊ ဆန္ဒမပါဘဲ ကိုယ်စား မဲသွားထည့်မည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် နေထိုင်သည့် ကျန်းမာရေးမကောင်းသူ စာရင်းများကို စစ်တပ်လက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူးများက စာရင်းလိုက်လံ ကောက်ယူနေပြီး ပြည်သူ့ ဆန္ဒမပါဘဲ ကိုယ်စားမဲထည့်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ...

ကျားဖြန့်ခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်ဝရမ်းထုတ်ပြီးနောက် စစ်တပ်က ကျားဖြန့်တိုက်ဖျက်ရေးကော်မတီဖွဲ့

0
မြန်မာပြည်မြောက်ပိုင်းတွင် လုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်နိုင်ငံမှ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်မှ ကျားဖြန့်တိုက်ဖျက်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ရက်စွဲဖြင့် ဖွဲ့စည်းလိုက်သည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီတွင် အဖွဲ့ဝင်...

စစ်တပ်ဆန့်ကျင်သူများကို AI ဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လှုံ့ဆော်ပေးနေဟု သတင်းအမှားဖြန့်

0
အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို AI နည်းပညာဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် ပါဝင်လှုံ့ဆော်ပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ဝေနေသည်။ အဆိုပါရုပ်သံဖိုင်ကို စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သော “တိုက်မောင်း” ဆိုသည့် ချန်နယ်လ်တစ်ခုမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိခဲ့သည်။ အလားတူ...