သီပေါဒေသခံများကို ဆန်၊ ဆီ၊ ငါးခြောက်ပေးပြီး USDP စည်းရုံးရေးဆင်းသော်လည်း လူထုစိတ်မဝင်စား

သျှမ်းပြည် သီပေါမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဒေသခံများကို ဆန်၊ ဆီ၊ ငါးပိ ငါးခြောက်များ ပေး၍ စည်းရုံးရေးဆင်းနေသော်လည်း လူထုစိတ်ဝင်စားမှု မရှိကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ (၇) ရက်တွင် သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုရှိ ကွန်စံလိတ် မူလတန်းကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီ USDP မှ ဒေသခံများကို အစည်းအဝေး ဟု ပြောဆိုကာ တက်ရောက်လာသူ (၂၅၀) ယောက်အတွက် ဆန်၊ ဆီ၊ ငါးပိ ၊ ငါးခြောက်များ ပေး၍ ပါတီစည်းရုံးရေး ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကြံ့ခိုင်ရေးပါတီက စာသင်ကျောင်းမှာ စည်းရုံးရေး လာတယ်လို့ ပြောရမှာ။ ခက်ခဲနေတဲ့ ပြည်သူအတွက် ဆိုပြီးတော့ ဆန် ၃ ပြည်၊ ဆီ ၃၅ ကျပ်သား၊ ကုလားပဲ၊ ငါးပိ ငါးခြောက် ထောက်ပံ့တယ်၊ လူဦးရေ ၂၅၀ အတွက် ပေးတယ်။ နောက်ပြီး ဘယ်လို မဲပေးရမလဲဆိုတာ ပြောပြတယ်” ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းမတိုင်မီ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) လည်း မိုးတေကျေးရွာအုပ်စုတွင် ပါတီစည်းရုံးရေး ဟောပြောခဲ့ရာ တက်ရောက်နားထောင်သူ (၃၀၀) ကျော်ရှိကြောင်း သီပေါဒေသခံများထံမှ သိရသည်။

“ရွေးကောက်ပွဲကိုတော့ လူထုက စိတ်ဝင်စားမှု မရှိကြဘူး၊ ဘာကြောင့်လဲဆိုတော့ ကြံ့ခိုင်ရေးကပဲ နိုင်မယ်ဆိုတာ လူတိုင်းသိနေတာပဲလေ။ သူတို့နိုင်မှာကို ဘာစိန်ခေါ်မှု အတားအဆီးမှလည်း မရှိဘဲနဲ့ ပြည်သူက အဲ့တာကြောင့် စိတ်မဝင်စားတော့တာ။ ပြည်သူကတော့ အစည်းအဝေး လာတက်ဆိုရင်လည်း ဘာမှနားမလည်ဘဲ ဒီတိုင်းသွားလိုက်တာပဲ”ဟု သီပေါဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်ကော်မရှင်တပ် ပြန်လည်တိုက်ခိုက် ထိန်းချုပ်ခဲ့သည့် ကျောက်မဲမြို့နှင့် သီပေါမြို့သည် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်ထားပြီး မြို့ပေါ်ရပ်ကွက်နှင့် အနီးအနား ကျေးရွာအုပ်စုများ၌သာ ကျင်းပနိုင်မည်ဖြစ်ကြောင်း UEC မှ ကြေညာသည်။

အလားတူ ဇန်နဝါရီလ ပထမပတ်မှ စတင်ပြီး ကျောက်မဲမြို့ပေါ် ရပ်ကွက် (၉) ခုတွင် စစ်ကော်မရှင်ဘက်မှ မဲစာရင်းပြုစုရန် အိမ်ထောင်စုနှင့် လူဦးရေစာရင်းများ လိုက်လံစစ်ဆေးနေခြင်းကြောင့် လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများထဲ ကျောက်မဲနှင့် သီပေါမြို့နယ်တွင် ကျေးရွာအုပ်စု (၁၀၀) ကျော်ဖြင့် အများဆုံးဖြစ်ပြီး TNLA ဆက်လက်ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့ပေါ်မှ ရပ်ကွက် (၁၁) ခုလည်း ပါဝင်သည်။

အဆိုပါ ကျောက်မဲနှင့် သီပေါမြို့နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှစ်ပါတီသာ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...