နမ့်စန် ကျောင်းသားများအချင်းချင်း ရန်ဖြစ်ရိုက်နှက်ရာမှ တစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်းသား အချင်းချင်း ရန်ဖြစ်ရိုက်နှက်ရာမှ ကျောင်းသားတစ်ဦး သေဆုံးမှု အထိ ဖြစ်လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် တွင် နမ့်စန်မြို့ အထကကျောင်းမှ ၉ တန်းကျောင်းသား နှင့် ၁၀ တန်းကျောင်းသား တို့ ရန်ဖြစ်ရာ ရိုက်နှက်ကြရာ...
တာချီလိတ်မြို့ ယာဉ်အချင်းချင်းတိုက်မိကြရာ တစ်ဖက်မှသေနတ်ကိုင်ပြီး ခြိမ်းခြောက်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဉ်အချင်းချင်းတိုက်မိကြရာ တစ်ဖက်မှ သေနတ်ကိုင်ဆောင်ပြီး ခြိမ်းခြောက်မှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃) ရက် ည ၉ နာရီဝန်းကျင်တွင် တာချီလိတ် ဝိန်းကျောက်ရပ်ကွက် စိန်ပန်းနီနီ စားသောက်ဆိုင်ရှေ့ ကားလမ်းမကြီးပေါ်တွင် ကား နှင့် ဆိုင်ကယ် ယာဉ်ချင်းတိုက်မိကြရာ တစ်ဖက်မှ သေနတ်ကိုင်ဆောင်ပြီး...
ကွတ်ခိုင် ဓမ္မကျမ်းစာ ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲ ၊ ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဓမ္မကျမ်းစာကျောင်းအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှ စတင်ကာ ကွတ်ခိုင်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၂၄၁) မှ လက်နက်ကြီး...
KIA နာမည်ခံပြီး အခွန်ကောက်မှုများကို သတိထားစီစစ်ကြရန် ဗိုလ်မှူးကြီး နော်ဘူပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA အမည်ခံပြီး အခွန်ကောက်တောင်းဆိုမှု များကို သတိထား စီစစ်ကြရန် တပ်ဖွဲ့ပြောရေး ဆိုခွင့် ဗိုလ်မှူးကြီး နော်ဘူ က ပြောဆိုလိုက်သည်။ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းတစ်နှစ်ကျော်ကြာလာပြီးနောက် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်း၌ KIO/KIA အမည်ခံကာ အခွန်တောင်း ဆက်ကြေးကောက်ခံမှုများ...
လားရှိုး မြို့တော်ခန်းမ ဖောက်ခွဲမှု N.S.S.A.A လက်ချက်ဟု ထုတ်ပြန်
သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ မြို့လည်ခေါင်ရှိ မြို့တောင်ခန်းမ ဖောက်ခွဲမှုကို မြောက်ပိုင်းမဟာမိတ် တပ်ရင်း (N.S.S.A.A) ကပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်လာသည်။ ယနေ့ ( နိုဝင်ဘာ ၂)ရက် နေ့လည်ပိုင်း ၁နာရီတွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ကျဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများကိုတော့ မသိရှိရကြောင်း ဆိုသည်။ “...
ဗန်းမောက်မြို့နယ်ရှိ ကျေးရွာများထဲ PDF စခန်းမချရန် ပြည်သူများတောင်းဆို
SHAN -
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ ကျေးရွာများထဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF က စခန်းချ နေထိုင်ခြင်းကြောင့် ဒေသခံများက တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ဗန်းမောက်မြို့နယ် အနောက်ပိုင်း မံအင်မန်ကျည်းကုန်းရွာ၊ မံထွန်ရွာနှင့် ကြောင်လည်စံပြကျေးရွာ ထဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များက စခန်းချနေထိုင်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှာကို...
တောင်ကြီးမြို့ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် ဓားပြတိုက်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ စစ်ကောင်စီခန့်အပ်ထားသော မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ် ဓါးပြဝင်တိုက်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁) ရက် ညနေပိုင်းတွင် သစ်တော ရပ်ကွက်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် နေအိမ်သို့ အမျိုးသားတစ်ဦး ဓားတစ်လက်ဖြင့် ဝင်ရောက်လာပြီး ဓားပြတိုက်ကာ ငွေကြေး ၅...
ပင်လောင်း – လွိုင်ကော် ကားလမ်းပေါ် ဆောင်းပြောင်းဂိတ်တွင် စစ်ဆေးရေးတင်းကြပ်နေ
သျှမ်းပြည်တောင်ပိုင်း ပင်လောင်း - လွိုင်ကော် ကားလမ်းပေါ် ဆောင်းပြောင်းဂိတ်တွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က စစ်ဆေးရေး တင်းကြပ်နေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာလမှ စတင်ပြီး ပင်လောင်းမြို့ နှင့် ၁၄ မိုင်ခန့်ကွာဝေးသော ဆောင်းပြောင်းကျေးရွာရှိ ပအိုဝ်း ပြည်သူ့စစ် PNO စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူများကို...
KNU/KNLA-PC အထူးတပ်ရင်း (၇၇၇ ) တပ်ရင်းမှူးနေအိမ် တိုက်ခိုက်ခံရ၊ တပ်ရင်းမှူးကတော် သေဆုံး
SHAN -
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မိဖာလဲကျေးရွာရှိ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA/PC) တပ်ရင်း ၇၇၇ တပ်ရင်းမှူး စောဝင်းကျော်၏ နေအိမ်တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးကတော် သေဆုံးသွားကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက် ညတွင် PPST အဖွဲ့ဝင် KNU/KNL - PC ၏...
မူဆယ်-ကွတ်ခိုင်ကြား KIA တပ်ဖွဲ့ဆက်ကြေးပိုကောက်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-ကွက်ခိုင် ကြား မော်တောင်းကျေးရွာအနီးတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တပ်ဖွဲ့သည် သွားလာနေသည့် ကုန်တင်ကားသမားများထံ ဆက်ကြေးများကို အရင်ကထက် ပိုကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မူဆယ်-ကွက်ခိုင်ကြား သွားလာနေသည့် ကုန်တင်ကားသမားများကို ၂၂ ဘီးတွဲ ကားတစ်စီးလျှင် ကျပ်ငွေ (ငါးသိန်း) မှ...





