တာချီလိတ်မြို့ ယာဉ်အချင်းချင်းတိုက်မိကြရာ တစ်ဖက်မှသေနတ်ကိုင်ပြီး ခြိမ်းခြောက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဉ်အချင်းချင်းတိုက်မိကြရာ တစ်ဖက်မှ သေနတ်ကိုင်ဆောင်ပြီး ခြိမ်းခြောက်မှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

တာချီလိတ်

ယမန်နေ့ (အောက်တိုဘာလ ၃) ရက် ည ၉ နာရီဝန်းကျင်တွင် တာချီလိတ် ဝိန်းကျောက်ရပ်ကွက် စိန်ပန်းနီနီ စားသောက်ဆိုင်ရှေ့ ကားလမ်းမကြီးပေါ်တွင် ကား နှင့် ဆိုင်ကယ် ယာဉ်ချင်းတိုက်မိကြရာ တစ်ဖက်မှ သေနတ်ကိုင်ဆောင်ပြီး ခြိမ်းခြောက်သွားကြောင်း တာချီလိတ်မြို့ ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦး က ပြောသည်။

“ မနေ့ညက ဝိန်းကျောက် ရပ်ကွက်မှာ ကား နဲ့ ဆိုင်ကယ် တိုက်မိတယ်။ ကားပေါ်က မြန်မာစကား မပြောတတ်တဲ့ တရုတ်နိုင်ငံသား ၂ ယောက် ပါတယ်လို့ ပြောတယ်။ အဲ့ချိန်မှာ တရုတ်နိုင်ငံသားက နောက်လူကို ဖုန်းဆက်ပြီး လှန်းခေါ်လိုက်တာ။ နောက်တစ်ယောက် ကား နဲ့ ရောက်လာပြီး သေနတ်ပါကိုင်လာတယ်။ ဆိုင်ကယ်မှောက်ပြီး လှဲနေတဲ့သူက ရဲကို တိုင်မယ်ဆိုပြီး ပြောတော့ သေနတ်ကိုင်လာတဲ့သူက သူ့ကို ချိန်ပြီး ခြိမ်းခြောက်သွားတယ်“ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် တရားမဝင် နိုင်ငံခြားသားများ နှင့် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများ ရှိနေပြီး ကာစီနို အွန်လိုင်းဂိမ်းများကို လာရောက်ဖွင့်လှစ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို အာဏာရှင်များ နှင့် ပူးတွဲလုပ်ဆောင်နေကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

“ဝိန်းကျောက် ရပ်ကွက်မှာတော့ တရုတ်နိုင်ငံသားတွေ အများကြီးရှိနေတယ်။ ဝမ်ကောင်းရွာ ဘက်တွေမှာကော တရုတ်နိုင်ငံသားတွေက အွန်လိုင်းဂိမ်း၊ ကာစီနိုတွေ လာလုပ်တယ်။ တာချီလိတ်က အာဏာရှင်တချို့ နဲ့ ပူးပေါင်းပြီး စီးပွားရေး လာလုပ်ကြတယ်။ စီးပွားရေး တချို့ကလည်း လက်နက်ကိုင် တပ်ဖွဲ့ထဲကို ဝင်ထားတာ ရှိတယ်။ အခု တာချီလိတ်မြို့မှာ တရုတ်တွေက ဉပဒေမဲ့ လက်နက်ကိုင်လာ နိုင်တော့ စိုးရိမ်ရတယ် “ ဟု ၎င်းက ပြောသည်။

ထို့အပြင် တာချီလိတ်မြို့ မကာဟိုခမ်း၊ ဆိုင်းခေါင်၊ မိုင်းဖုန်း၊ မန်ယန်း စသည့် ရပ်ကွက်တွင် နယ်ထိန်း ပြည်သူ့စစ်များ နှင့် လက်နက်ကိုင် အဖွဲ့အစည်းများရှိနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ကာလအတွင်း တာချီလိတ်တွင် ဥပဒေမဲ့ လက်နက်ကိုင်ခြင်း အဖွဲ့အစည်း ပေါများလာသော်လည်း စစ်တပ် နှင့် ရဲတပ်ဖွဲ့များက ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်းမရှိပဲ လုပ်ငန်းများကို ပူးတွဲ ဆောင်ရွက်နေကြကြောင်း ဒေသခံများကဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းဆီးရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၂ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ အဆောက်အဦးတစ်လုံးကို စစ်ကော်မရှင်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဝင်ရောက် စစ်ဆေးရာ...

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...