ပင်လောင်း – လွိုင်ကော် ကားလမ်းပေါ် ဆောင်းပြောင်းဂိတ်တွင် စစ်ဆေးရေးတင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်း – လွိုင်ကော် ကားလမ်းပေါ် ဆောင်းပြောင်းဂိတ်တွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က စစ်ဆေးရေး တင်းကြပ်နေကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာလမှ စတင်ပြီး ပင်လောင်းမြို့ နှင့် ၁၄ မိုင်ခန့်ကွာဝေးသော ဆောင်းပြောင်းကျေးရွာရှိ ပအိုဝ်း ပြည်သူ့စစ် PNO စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူများကို မှတ်ပုံတင်များနှင့်တကွ စစ်ဆေးမေးမြန်းပြီး ကုန်တင်ကား တစ်စီးကို ကျပ်ငွေ (ငါးထောင်) မှ (တစ်သောင်း) အထိ အခွန်လမ်း ကောက်ခံနေကြောင်း ယာဉ်မောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်တွင်လည်း ဆောင်းပြောင်းဂိတ်ကို ဖြတ်မောင်းလာသော ယာဉ်မောင်းတစ်ဦး အား ကားမရပ်ပေးသဖြင့် ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ PNO က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

“ ခရီးသည်တွေကို သူတို့ အရမ်းစစ်ကြမ်းတယ်။ အဓိက လူငယ်တွေကို မှတ်ပုံတင်ကြည့်ပြီး စစ်ဆေးတယ်။ ဟိုတစ်ပတ်တုန်းက အဲ့ဂိတ်ကို ဖြတ်မောင်းလာတဲ့ ယာဉ်မောင်းတစ်ဦး ကားကို မရပ်ပေးလို့ သေနတ်နဲ့ ပစ်သေးတယ်။ ယာဉ်မောင်းကလည်း ပြောင်းဖူးခြံထဲကို မောင်းပြေးသွားတော့ သူတို့ လိုက်ဖမ်းမိတယ်။ သူတို့ အရမ်းစစ်ဆေးတော့ ပြည်သူတွေက အရမ်းကြောက်သွားတာ “ ဟု ၎င်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

ဆောင်းပြောင်းစျေး

အဆိုပါ ဆောင်းပြောင်းဂိတ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ PNO များအပြင် စစ်ကောင်စီတပ်သား တချို့လည်း ပါဝင်နေပြီး စစ်ဆေးရေးဂိတ်ကို ၂၄ နာရီအတွင်း စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် ဆောင်းပြောင်းဂိတ်တွင် ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ PNO နှင့် စစ်ကောင်စီ တပ်သား တချို့ စစ်ဆေးရေး တင်းကြပ်ထားသောကြောင့် ခရီးသွားပြည်သူများ သွားလာရန် ခက်ခဲနေကြောင်း ပင်လောင်းဒေသခံ တစ်ဦးက ပြောသည်။

“ တစ်ခါတလေ မလိုတဲ့စကား၊ မဆိုင်တဲ့ စကားတွေ အရမ်းမေးတယ်။ အမျိုးသမီးတွေဆို အိမ်ထောင်သည် လား၊ အပျိုလေးလားလို့ မေးတယ်။ ပြည်သူတွေက သွားလာဖို့ အဆင်မပြေဘူး၊ မလွှတ်လပ်ဘူး။ လူငယ်တွေဆိုလည်း PDF သွားလုပ်မလား၊ ဘာညာ အရမ်းမေးတယ်။ အခု လွိုင်ကော်ကို သွားရင်လည်း အဲ့လမ်း တစ်ခုပဲရှိတော့ သွားလာဖို့ အရမ်းခက်ခဲလာတယ်။ အဲ့ဂိတ်ကို ရောက်ရင် ကားပေါ်က အကုန်ဆင်းပြီး စစ်ဆေးခံရတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း နယ်စပ်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ စစ်ဆေးရေး တင်းကြပ်ထားမှုကြောင့် ဆောင်းပြောင်းဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ နှင့် ပူပေါင်းတပ်ဖွဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO စစ်ဆေးရေး အတင်းအကြပ် ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...