နမ့်စန် ကျောင်းသားများအချင်းချင်း ရန်ဖြစ်ရိုက်နှက်ရာမှ တစ်ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်းသား အချင်းချင်း ရန်ဖြစ်ရိုက်နှက်ရာမှ ကျောင်းသားတစ်ဦး သေဆုံးမှု အထိ ဖြစ်လာကြောင်း စုံစမ်းသိရသည်။

သေဆုံးသွားသည့် ကျောင်းသားရဲ့ပုံ

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် တွင် နမ့်စန်မြို့ အထကကျောင်းမှ ၉ တန်းကျောင်းသား နှင့် ၁၀ တန်းကျောင်းသား တို့ ရန်ဖြစ်ရာ ရိုက်နှက်ကြရာ ကျောင်းသားတစ်ဦးဖြစ်သည့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မော်ဟိန်းသည် ၃ရက် သတိလစ် မေ့မျောခဲ့ပြီး ယနေ့ (နိုဝင်ဘာ ၅)ရက် မနက် ၂နာရီတွင် သေဆုံးသွားကြောင်း ဆွေမျိုးနီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မောင်အောင်မော်ဟိန်းကို နိုဝင်ဘာ ၂ရက်တွင် နမ့်ဆန်ဆေးရုံမှ တောင်ကြီးဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ခဲ့ရာ ဆရာဝန်များ၏ ညွှန်ကြားချက်အရ ဦးခေါင်းခွဲစိတ်ကုသမှု ပြုလုပ်ရန်အတွက် နိုဝင်ဘာ ၃ရက်တွင် နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နေပြည်တော်တွင်သေဆုံးသွားခဲ့သည်။

“ကလေးတွေ ဘာကြောင့်ရန်ဖြစ်ရသလဲတော့ မသိဘူး၊ ကျောင်းမှာပဲ ရန်ဖြစ်ကြတာ၊ ဆေးရုံကို ကျောင်းက ဆရာ/မတွေပဲ ပို့ပေးတာ၊ ကျမတူလေး နမ့်စန်ဆေးရုံကနေ တောင်ကြီး စဝ်စံထွန်းဆေးရုံကို စိုးရိမ်ရတဲ့ အခြေ အနေရှိတယ်လို့ ဆရာဝန်ကြီးက ပြောပြီး နေပြည်တော် ဆေးရုံကြီးကို ထပ်ပို့ခိုင်းတယ်၊ နေပြည်တော်မှာ သေဆုံး သွားတာပါ” ဟု မောင်အော်မော်ဟိန်း နှင့် ဆွေမျိုးနီးစပ်သူ က ဆိုသည်။

သေဆုံးသွားသည့် မောင်အောင်မော်ဟိန်း၏ မိဘများသည် နေ့စားအလုပ်သမားများသာဖြစ်ပြီး၊ ၎င်းနှင့်ရန်ဖြစ်သည့် ကျောင်းသားသည် နမ့်စန်လေတပ်၏ အသိုင်းအဝိုင်းမှ ဖြစ်ကြောင်းသိရသည်။

“တူလေးက သတိမရတာ ၃၆ နာရီကျော်ပြီမို့ ဦးခေါင်းကို ခွဲစိတ်ကုသဖို့ နေပြည်တော်ကို သွားရမယ်ဆိုပြီး နေပြည်တော်ကို ရောက်လာတာ၊ ဒီရောက်တော့ Xray အဖြေတောင်မရသေးဘူး ၊ ဒီမနက် ၂ နာရီလောက်မှာ သေဆုံးသွားပြီ” ဟု အထက်ပါ အမျိးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အသက်သေဆုံးမှု ဖြစ်ပွားသည်အထိ ရိုက်နှက်ရန်ဖြစ်သည့် ကိစ္စကို စစ်တပ်အသိုင်းအဝိုင်းမှ ကျောင်းအုပ်ကြီးနှင့်ပူးပေါင်းကာ သတင်းမထွက်စေရန် လုပ်ဆောင်နေသည့်အပြင် တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိကြောင်း မောင်အောင်မော်ဟိန်း နှင့် ဆွေမျိုးနီးစပ်သူကပြောသည်။


“ဆေးရုံစတက်ပြီး အခု သေဆုံးသွားတဲ့ အချိန်အထိ ဘာမေးထူးခေါ်ပြောမှ မရှိခဲ့ဘူး၊ သူ့ (မောင်အောင်မော်ဟိန်းရဲ့ အမေ) ကငွေတွေလိုက်ချေးပြီး ရတဲ့ ပိုက်ဆံ ၁၅ သိန်းနဲ့ နေပြည်တော်ကိုရောက်သွားတာ၊ ကျောင်းအုပ်ကြီးကဆို ကျမတို့က ဖြစ်စဥ်မသိဘူးလို့ ပြောတယ်၊ အဲ့ဒီ လုပ်တဲ့ ကျောင်းသားမိသားစုလည်း ဘာတာဝန်ယူမှုမှမရှိဘူး” ဟု ၎င်းက ပြောသည်။

နစ်နာသူ မိသားစုဝင်များက အသက်သေဆုံးသည်အထိ ရိုက်နှက်သည့် ကျောင်းသားကို ကျောင်းမှ အရေးယူပေးစေလိုကြောင်း နှင့် ကျူးလွန်သူ ကျောင်းသးမိသားစုများကိုလည်း တာဝန်ယူမှုရှိစေလိုကြောင်း မိသားစုဝင်များက ပြောဆိုနေကြသည်။

နမ့်စန်မြို့သည် စစ်တပ်အခြေစိုက် မြို့ဖြစ်သည့်အတွက် စစ်တပ်အသိုင်းအဝိုင်းမှ အာဏာ များကို ပြည်သူများက ကြောက်လန့်နေရကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...