Tuesday, January 27, 2026

KNU/KNLA-PC အထူးတပ်ရင်း (၇၇၇ ) တပ်ရင်းမှူးနေအိမ် တိုက်ခိုက်ခံရ၊ တပ်ရင်းမှူးကတော် သေဆုံး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မိဖာလဲကျေးရွာရှိ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA/PC) တပ်ရင်း ၇၇၇ တပ်ရင်းမှူး စောဝင်းကျော်၏ နေအိမ်တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးကတော် သေဆုံးသွားကြောင်း သတင်း သိရသည်။

KNU/KNLA-PC

ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက် ညတွင် PPST အဖွဲ့ဝင် KNU/KNL – PC ၏ အထူးတပ်ရင်း ၇၇၇ မှ တပ်ရင်းမှူး အိမ်ကို လက်နက်ကိုင် ကရင်လူငယ်တစ်စုက ကားနှစ်စီးဖြင့် လာရောက်ပစ်ခတ်ရာ တပ်ရင်းမှူးကတော် ကျဆုံး ကြောင်း PPST ၏ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ငြိမ်းချမ်းရေးကောင်စီက အဖွဲ့ဝင်တွေ ပြောတာတော့ တစ်စုံတစ်ဦးက အထင်အမြင်မှားအောင်လုပ်ပြီးတော့ အလစ်ငိုက် ဝင်တိုက်ခံရတာ၊ ရန်သူဘက်က လာတိုက်တယ်လို့ မထင်ကြဘူး၊ သွားလာဝင်ထွက် စားသောက် နေကြတဲ့ လူတွေမို့ တပ်ရင်းမှူးတို့လည်း သတိထားရှောင်တိမ်းချိန် မရလိုက်တာနေမှာပေါ့၊ တပ်ရင်းမှူးကတော် က သေဆုံးသွားတယ်၊ တပ်ရင်းမှူးနဲ့ သူ့ရဲဘော်ရယ် သူ့သမီးရယ်တော့ လွှတ်သွားတယ်၊ ရွှေငွေတွေ ကားတွေ ကိုယူသွားပြီး အိမ်ကိုလည်း မီးရှို့သွားတယ်” ဟု ခွန်ဥက္ကာက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တပ်ရင်းမှူး စောဝင်းကျော်၏ နေအိမ်ကို လာရောက်ပစ်ခတ်သည့် လက်နက်ကိုင် တပ်ဖွဲ့သည် အင်အား ၃၀ နီးပါးသည် ကားနှစ်စီးဖြင့် ရောက်လာကြကြောင်းလည်း ခွန်ဥက္ကာက ဆက်ပြောသည်။

ယင်းကဲ့သို့ PPST အဖွဲ့ဝင် တပ်ရင်းမှူးနေအိမ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးအရ တိုက်ခိုက် ခြင်းဖြစ်ပြီး ကျန်ရှိသည့် PPST အဖွဲ့ဝင်များလည်း နိုင်ငံရေးတိုက်ခိုက်မှုများကို နိုင်ငံရေးအရ ပြန်လည်ဖြေရှင်း သင့်ကြောင်း ခွန်ဥက္ကာက ပြောဆိုသုံးသပ်ထားသည်။

“အခု တပ်ရင်းမှူးစောဝင်းကျော်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး နောက်ကွယ်က ကြိုးကိုင်နေသူက နိုင်ငံရေး အရ တိုက်ခိုက်ခြင်တာလို့ ထင်မိတယ်၊ ဘာဖြစ်လို့လဲဆိုရင် KNU/KNL – PC အနေနဲ့ NCA စာချုပ်ကို ဆက်လက် ချုပ်ကိုင်ထားတာရယ်၊ နေပြည်တော်က စစ်ကောင်စီ ဆွေးနွေးပွဲကိုတက်တာရယ်နဲ့ ဘာကြောင့် စစ်ကောင်စီကို မတိုက်ရ တာလဲ ဆိုတာတွေကြောင့် အပြစ်ပြောခံနေရတာ ရှိတယ်လို့ သတင်းသိရတယ်၊ ဒါကြောင့် အခုလို နိုင်ငံရေးနဲ့ တိုက်ခိုက်လာတာကို ကျနော်တို့ ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေက နိုင်ငံရေး နည်းလမ်းနဲ့ ပြန်လည် ဖြေရှင်းဖို့လိုတယ်၊ NCA ရဲ့ အနှစ်သာရက ဘာလဲဆိုတာကို ဖော်ထုတ်ရမယ်” ဟု ခွန်ဥက္ကာက ပြောသည်။

PPST ငြိမ်းချမ်းရေ ကောင်စီ အဖွဲ့ဝင် KNU/KNL – PC တပ်ရင်းမှူးနေအိမ်ကို ပစ်ခတ်တိုက်ခိုက်သည့် အဖွဲ့ကို စုံစမ်း ဖော်ထုတ်အရေးယူရန်အတွက် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီမှ ဆက်လက်လုပ်ဆောင်နေ ကြောင်းလည်း သိရသည်။

NCA ကိုထိန်းသိမ်းပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်နေသော KNU/KNLA-PC ၏ အဖွဲ့ဝင် တပ်ရင်းမှူးတစ်ဦး၏ နေအိမ်ကို အကြောင်းမဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှုသည် အမျှော်အမြင် ကင်းမဲ့သော လုပ်ရပ်ဖြစ်သည် ဟု PPST-LC က ယူဆပြီး ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ လိုက်ကြောင်းလည်း ယမန်နေ့ အောက်တိုဘာ ၃၁ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီသည် ကရင်အမျိုးသားအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ် ပေါ်မှုကို ရှောင်ရှားစေရန်နှင့် ကရင်အမျိုးသား အစည်းအရုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်သွား နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်တွင် ပြုလုပ်သည့် KNU ကရင်အမျိုးသား အစည်းအရုံး ၁၅ ကြိမ်မြောက် ညီလာခံ တွင် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

လက်ရှိ KNU/KNLA-PC တပ်ရင်းမှူးအိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မိဖာလဲ ကျေးရွာသည် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၇ အတွင်း တည်ရှိပြီး နယ်မြေ အနေအထားအရ ကရင်လက်နက်ကိုင် အဖွဲ့အစည်း များ ရောနှောနေထိုင် သွားလာနေသည့် ဒေသဖြစ်ကြောင်းသိရသည်။

KNU/KNLA-PC သည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆိုင်ရာဆွေးနွေးများတက်ရောက်သည့် အဖွဲ့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အမေရိကန်က KNLA၊ KNDF၊ CDF နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်ဟု စစ်လော်ဘီဝါဒဖြန့်

0
အမေရိကန် ပြည်ထောင်စုက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ချင်းပြည်ကာကွယ်ရေးတပ် (CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်လိုက်သည်ဟု စစ်လော်ဘီဝါဒဖြန့်ချန်နယ်လ်များက ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် NP News Talk Show ချန်နယ်လ်က...

ဖာပွန်မြို့မှ သျှမ်းစာ/ယဥ် ဦးဆောင်သူ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

0
ကရင်ပြည် ဖာပွန်မြို့နယ် ငါးအိမ်စုကျေးရွာ(သျှမ်းရွာ)တွင် နေထိုင်သည့် သျှမ်းစာပေနှင့် ယဥ်ကျေးမှု အဖွဲ့ ဦးဆောင်သူ တစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရကြောင်း သတင်းသိရသည်။ဖြစ်စဥ်မှာ ပြီးခဲ့သည့် မေလ ၃၁ ရက် ည ၅ နာရီခွဲဝန်းကျင်တွင် နေအိမ်အတွင်းရေကန်ဆေးနေသည့် ကရင်ပြည် သျှမ်းစာ/ယဥ် ဦးဆောင်သူဖြစ်သည့် လုံးစိုင်းဝင်းအောင်ကို...