ဖာပွန်မြို့မှ သျှမ်းစာ/ယဥ် ဦးဆောင်သူ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

ကရင်ပြည် ဖာပွန်မြို့နယ် ငါးအိမ်စုကျေးရွာ(သျှမ်းရွာ)တွင် နေထိုင်သည့် သျှမ်းစာပေနှင့် ယဥ်ကျေးမှု အဖွဲ့ ဦးဆောင်သူ တစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရကြောင်း သတင်းသိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် မေလ ၃၁ ရက် ည ၅ နာရီခွဲဝန်းကျင်တွင် နေအိမ်အတွင်းရေကန်ဆေးနေသည့် ကရင်ပြည် သျှမ်းစာ/ယဥ် ဦးဆောင်သူဖြစ်သည့် လုံးစိုင်းဝင်းအောင်ကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှ စနက်ဘာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကရင်ပြည် သျှမ်းတိုင်းရင်းသားရေးရာ စိုင်းစံ(ခ) ကျောက်ဝ်ဆိုင်မိန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တွေ့ရတဲ့ ကျည်ဆံအရဆိုရင် စနက်ဘာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာပါ၊ သူကအများအကျိုး ရပ်ရွာအကျိုးနဲ့ သျှမ်း စာ/ယဥ် အဖွဲ့အစည်းကြီးအတွက် ကိုယ့်အိတ်စိုက်နဲ့ကိုယ် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တဲ့လူပါ၊ ဘာကြောင့် အခုလို အသတ်ခံလိုက်ရလဲ မသိဘူး” ဟု ၎င်းအမျိုးသားက ပြောပြသည်။

သေနတ်ပစ်သတ်ခံလိုက်ရသည့် လုံးစိုင်းဝင်းအောင်သည် ငါးအိမ်စု ကျေးရွာတွင် မိသားစုများနှင့်အတူနေထိုင်ကာ စိတ်ထားကောင်းသူ တစ်ယောက်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတ်ခံရသည့် လုံးစိုင်းဝင်းအောင်

လုံးစိုင်းဝင်းအောင်သည် အိမ်ဝန်းအတွင်းရှိ အုတ်ရေကန်ကို ဆေးကြောနေစဥ်တွင် နောက်ဘက်ကနေ ပစ်ခတ် လိုက်သည့် သေနတ်ကျည်ဆန်က အရှေ့ဘက် မျက်နှာအထိ ဖောက်ထွက်သွားပြီး သေဆုံးသွားခဲ့ ရကြောင်း နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောက်ဘက်ကနေပြီး ပစ်လိုက်တဲ့ ကျည်ဆံက ဦးခေါင်းကိုဖြတ်ပြီး မျက်နှာဘက်အထိကို ဖောက်ထွက်သွားတယ်၊ သေဆုံးသွားတဲ့အချိန်မှာ မျက်နှာနဲ့ ဦးခေါင်းပိုင်းကတော့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်ပါ တယ်၊ ကျည်ဆံ တစ်ချက်တည်းပါ” ဟု အထက်ပါ နီးစပ်သည့် ပုဂ္ဂိုလ်က ပြောသည်။

လုံးစိုင်းဝင်းအောင်၏ ရုပ်အလောင်းကို သုဿာန်ရှိရာသို့ သွားသဂြိုလ်ရန် ကြောက်လန့်နေကြသဖြင့် အိမ်နီးချင်း နှင့် နီးစပ်သည့်ဆွေမျိုးများ စုပေါင်းကာ ချောက်ကမ်းပါးအနီးသို့ တတ်တဆိတ် မြေမြုပ်သဂြိုလ်လိုက်ရကြောင်း လည်း သိရသည်။

“လက်ရှိ ကျန်နေတဲ့ မိသားစုဝင်တွေကလည်း သူတို့ပါ လုပ်ကြံခံရမလားဆိုပြီး စိုးရိမ်နေရပါတယ်၊ တရားဥပဒေ စိုးမိုးမှု မရှိတော့ နီးရာဓားကို ကြောက်နေရတဲ့ အနေအထားပေါ့၊ ကျနော်တို့ ဖာပွန်ဒေသက သျှမ်းလူမျိုးတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခဏခဏကြုံရတယ်၊ လုပ်တဲ့တရားခံကို သိရင်တောင် မပြောရဲတဲ့ ချုပ်ခြယ်ခြိမ်းခြောက်မှု ကြုံနေရတယ်” ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်မှ ငါးအိမ်စုကျေးရွာ(သျှမ်းရွာ) သည် KNU/KNLA တပ်မဟာ ၅ သွား လာလှုပ်ရှားသည့် နေရာဒေသတစ်ခုဖြစ်ပြီး လုံးစိုင်းဝင်းအောင်သည် စစ်ကောင်စီအားပေးထောက်ခံသူ မဟုတ်သည့် အတွက် မည်သည့်အတွက်ကြောင့် အသတ်ခံလိုက်ရခြင်းကို နားမလည်နိုင်ကြောင်း ဆွေမျိုး အသိုင်းအဝိုင်းများက ပြောဆိုကြသည်။

ဖာပွန်မြို့နယ်တွင် သျှမ်းလူမျိုး (၈၄၇၄) ဦး ရှိပြီး ငါးအိမ်စုရွာတွင် လူဦးရေ (၃၀၀) နီးပါးရှိကြောင်း သိရသည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပက်သက်ပြီး မြေပြင်အနေအထားနှင့် ဖြစ်စဥ်အခြေအနေများ မေးမြန်းရန်အတွက် KNU/KNLA တပ်မဟာ ၅ ထံ ကြိုးစားဆက်သွယ်နေသော်လည်း အဆက်အသွယ်မရရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...