Tuesday, January 27, 2026

တောင်ကြီးမြို့ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် ဓားပြတိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ စစ်ကောင်စီခန့်အပ်ထားသော မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ် ဓါးပြဝင်တိုက်ခံရကြောင်း သတင်းသိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးအိမ် ဓားပြတိုက်ခံရ

ယမန်နေ့ (နိုဝင်ဘာလ ၁) ရက် ညနေပိုင်းတွင် သစ်တော ရပ်ကွက်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် နေအိမ်သို့ အမျိုးသားတစ်ဦး ဓားတစ်လက်ဖြင့် ဝင်ရောက်လာပြီး ဓားပြတိုက်ကာ ငွေကြေး ၅ သိန်းကျော် ကို ယူဆောင်သွားကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

“မနေ့ ညနေပိုင်းအချိန်မှာ အိမ်အကူ အမျိုးသမီးတစ်ဦးတည်း ရှိနေတဲ့အချိန် အမျိုးသား တစ်ဦးက လာပြီး ဓားပြ တိုက်သွားတာ၊ အိမ်အကူအမျိုးသမီး လက်ကိုလည်း ဓားနဲ့ထိုးလိုက်လို့ ဝဲလက်မှာ ဒဏ်ရာရသွားတယ်၊ ပြီးတော့ ဘုရားစင်မှာ ရှိတဲ့ ပိုက်ဆံငါးသိန်းကို လည်း ယူသွားတယ်” ဟု သစ်တောရပ်ကွက်မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့

အဆိုပါ ဓားပြလာတိုက်သည့် အမျိုးသားသည် ခေါင်းစီးမျက်နှာအုပ်ထားသည့် လူလတ်ပိုင်းအရွယ်ဖြစ်ကြောင်း အိမ်အကူအမျိုးသမီး ပြောပြချက်အရ သိရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ဦးအောင်ဆွေမြင့်သည် အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်ထားသည့် မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ပြီး လက်ရှိတွင် ကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးနိုင်ရေးအတွက် ‌တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရဲတပ်ဖွဲ့ ကို အကြောင်းကြားပြီး ရှာဖွေဖမ်းဆီးရန် ညွှန်ကြားကြောင်းလည်း သတင်းသိရသည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ကို သျှမ်းသံတော်ဆင့်မှ ကြိုးစား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

တောင်ကြီးမြို့သည် စစ်ကောင်စီလက်အောက်ခံ စစ်တပ်တိုင်းရုံးနှင် ပြည်နယ်ရုံးများ အခြေစိုက် မြို့ဖြစ်ပြီး လုံခြုံရေးအင်အားတင်းကြပ်ထားသည့် မြို့ဖြစ်သော်လည်း ခိုးယူလုယက်မှုများက နေ့စဥ်နီးပါး ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...