မူဆယ်-ကွတ်ခိုင်ကြား KIA တပ်ဖွဲ့ဆက်ကြေးပိုကောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်-ကွက်ခိုင် ကြား မော်တောင်းကျေးရွာအနီးတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တပ်ဖွဲ့သည် သွားလာနေသည့် ကုန်တင်ကားသမားများထံ ဆက်ကြေးများကို အရင်ကထက် ပိုကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်-ကွတ်ခိုင် မော်တောင်းကားလမ်း

စစ်အာဏာသိမ်းပြီး နောက်ပိုင်း မူဆယ်-ကွက်ခိုင်ကြား သွားလာနေသည့် ကုန်တင်ကားသမားများကို ၂၂ ဘီးတွဲ ကားတစ်စီးလျှင် ကျပ်ငွေ (ငါးသိန်း) မှ (ဆယ်သိန်း) နှင့် ၁၂ ဘီး တွဲကားနှင့် သဲသယ်ဆောင်လာသည့် ကားများကို ကျပ်ငွေ (သုံးသိန်း) မှ (ငါးသိန်း) ထိ မော်တောင်း ဟိုခေကျေးရွာမှာ KIA အခွန်ပေးဆောင်ရကြောင်း မူဆယ်မြို့ကုန်သည် သမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကုန်တင်လာတဲ့ ကုန်သည်သမားတွေက ကွတ်ခိုင်မြို့ကို ရောက်ပြီဆိုရင် သူတို့ကို ဖုန်းကြိုဆက်ထားရတယ်။ မော်တောင်းကို ရောက်သွားရင်တော့ KIA ကို အခွန်ဆောင်ရတယ်။ အခွန်မဆောင်ဘဲ မူဆယ် ၁၀၅ မိုင်ကို ရောက်သွားရင်တော့ သူတို့ဒဏ်ငွေရိုက်တယ်။ ကုန်တင်ကား တစ်စီး (၁၀) သိန်းပေးရမယ့်အစား သူတို့က ၂ ဆသတ်မှတ်လိုက်ပြီး ကျပ်ငွေ သိန်း ၃၀ ပေးရတယ်။ တစ်ခါသွားရင် တစ်ကြိမ်ပေးရတယ် “ ဟု ၎င်းကုန်သည်တစ်ဦးက ပြောသည်။

ယခင်က တာလုံကျေးရွာရှိ KIA အခွန်ပေးဆောင်သည့် နေရာတွင် အခွန်ဆောင်ရသော်လည်း ယခုတွင် မောင်တောင်းအဝင် ဟိုခေရွာတွင် KIA အခွန်ဆောင်သည့် နေရာတွင် ဖြတ်ပိုင်းယူပြီး အခွန်ပေးဆောင်နေရ ကြောင်း သိရသည်။

ထို့ပြင် မူဆယ်- ကွက်ခိုင်ကြား ကားလမ်းမကြီးဘေးရှိ ကုန်စုံဆိုင်များ၊ ဈေးဆိုင်များ၏ အပေါ်မူတည်ပြီး တစ်နှစ်တစ်ကြိမ် KIA ထံတွင် အခွန်ပေးဆောင်ရကြောင်း ဈေးဆိုင်အမျိုးသမီး တစ်ဦးက ပြောသည်။

“ တစ်နှစ်တစ်ကြိမ် KIA ဆီကို အခွန်ဆောင်ရတယ်။ အရင်နှစ်တုန်းက ကျပ်ငွေ (ငါးသိန်း)ဆောင်ဖို့ ပြေစာစာရွက် ပေးလာတယ်။ အဲ့လောက်အခွန်ဆောင်ရတာတော့ ကျမတို့ မတတ်နိုင်ဘူးလေ။ သူတို့နဲ့ဆွေးနွေးပြီးတော့ အခွန်ဆောင်ရတာကျမတို့တော့ မဖြစ်စေချင်ဘူး။ လက်နက်ကိုင်ကို လှူသန်းတဲ့ အနေနဲ့ တစ်နှစ်ကို အများဆုံး ကျပ်ငွေ (တစ်သိန်း) ပေးဆောင်မယ်လို့ တောင်းဆိုတယ်။ ဒီနှစ်တော့ လာမကောက်သေးဘူး “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အခွန်ဆက်ကြေး ကောက်ခံနေသည့် ကိစ္စနှင့် ပတ်သက်ပြီး KIA ဗိုလ်မှူးကြီးနော်ဘူ ထံကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိကြောင်း သိရသည်။
“ ကျမတို့ ဈေးဆိုင်ခန်းဖွင့်ထားတဲ့သူတွေ၊ ကုန်တင်ကားသမားတွေတော့ အရမ်းခက်ခဲတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ကို ပြောပြီး လာဖြေရှင်းပေးဖို့လည်း အခုထိဘာအကြောင်း မှမကြားရသေးဘူး။ ကုန်တင်ကားသမားတွေဆို ဆီဈေးနှုန်းနဲ့ ကုန်တင် ရောင်းမထွက်တာ ဘယ်လိုမှ တွက်ချေမကိုက်တော့ဘူး “ ဟု ၎င်းအထက်ပုဂ္ဂိုလ် အမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်တွင် နမ့်ခမ်းမြို့နယ် KIA အမှတ် (၄) ၊ အမှတ် (၆) နှင့် အမှတ် (၁၀) တပ်မဟာ လှုပ်ရှားနယ်မြေအတွင်းရှိ ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ အခွန်ဆက်ကြေး ပေးဆောင်မှု ပျက်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...