KIA နာမည်ခံပြီး အခွန်ကောက်မှုများကို သတိထားစီစစ်ကြရန် ဗိုလ်မှူးကြီး နော်ဘူပြော

သျှမ်းပြည်မြောက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA အမည်ခံပြီး အခွန်ကောက်တောင်းဆိုမှု များကို သတိထား စီစစ်ကြရန် တပ်ဖွဲ့ပြောရေး ဆိုခွင့် ဗိုလ်မှူးကြီး နော်ဘူ က ပြောဆိုလိုက်သည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းတစ်နှစ်ကျော်ကြာလာပြီးနောက် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်း၌ KIO/KIA အမည်ခံကာ အခွန်တောင်း ဆက်ကြေးကောက်ခံမှုများ ရှိနေခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင် KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောလိုက်ခြင်းဖြစ်သည်။

“တန့်ယန်းမြို့ဆိုတာ ကျနော်တို့နဲ့ အရမ်းအလှမ်းဝေးတဲ့ ဒေသဖြစ်တဲ့အတွက် KIO/KIA အမည်နဲ့ ဆက်ကြေး ကောက်တဲ့ ကိစ္စက ဖြစ်စဥ်အသေးစိတ်ကို ကျနော်မသိရှိရသေးဘူး၊ ဒါပေမဲ့ KIO/KIA အမည်ခံပြီး လုပ်စားနေ တယ်လို့ပဲ မြင်တယ်၊ အဲ့ဒီနေရာမှာ ကျနော်တို့တပ်ဖွဲ့မရှိဘူး၊ ပြည်သူတွေ အဓိကထား စီစစ်ဖို့ လိုအပ်တယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် ညပိုင်းတွင် KIO/KIA အမည်ခံပြီး တန့်ယန်းမြို့ပေါ်ရှိ စိန်ပန်းပန့်ဆီဆိုင် အပါအဝင် တခြားစတိုးဆိုင်များကို ဖုန်းဆက်ကာ အခွန်ငွေ ပေးဆောင်ရန် ခြိမ်းခြောက်တောင်းဆိုမှု ရှိခဲ့ကြောင်း သိရသည်။


“ဖုန်းဆက်လာပြီးKIO/KIA အခွန်ဌာနက ဖြစ်တယ်၊ ပန့်ဆီဆိုင်အတွက် အခွန်ကျပ် သိန်း ၅၀ ပေးရမယ်ဆိုပြီး အဲ့ဒီ ဖုန်းနံပါတ်နဲ့ပဲ Viber ကနေ အခွန်ပြေစာတွေပို့လာတယ်၊ ပန့်ဆီဆိုင်တွေဆို သိန်း ၅၀၊ စတိုးဆိုင်တွေဆို ၁၀ သိန်း တဲ့၊ Kpay နဲ့ လွဲပေးရမယ် မဟုတ်ရင် သူတို့လူကိုယ်တိုင် လာတောင်းတဲ့အချိန် ဒီထက်ပိုများသွားနိုင်မယ် ဆိုပြီး ခြိမ်းခြောက်သွားတယ်” ဟု အမည်မဖော်လိုသူ တန့်ယန်းမြို့ခံအမျိုးသားက ပြောသည်။

လက်ရှိတွင် အခွန်ပေးဆောင်ရန်အတွက် KIO/KIA အမည်ခံအဖွဲ့မှ ခြိမ်းခြောက် ပိုက်ဆံတောင်းခြင်းကို ခံရသည့် တန့်ယန်းမြို့ပေါ်မှ ပြည်သူများသည် ပန့်ဆီဆိုင် ပိုင်ရှင် ၃ ဦးထက်မနည်းရှိနေပြီး စတိုင်းဆိုင်ပိုင်ရှင်များလည်း ရှိနေကြောင် စုံစိမ်းသိရသည်။

လက်ရှိတွင် တန့်ယန်းပြည်သူများအနေဖြင့် KIO/KIA အမည်ခံ အဖွဲ့မှ ခြိမ်းခြောက် အခွန်ဆောင်ခိုင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေသအတွင်းရှိ SSPP/SSA နယ်မြေတာဝန်ခံ အရာရှိကို အကျိုးကြောင်းတင်ပြ ထားကြောင်း သိရသည်။

ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့် ဗိုလ်မှူးဖုန်းဟန်က ၎င်းတို့ ထိန်းချုပ်နယ်မြေဖြစ်သည့် တန့်ယန်းမြို့နယ်အတွင်း KIO/KIA မှ လာရောက်အခွန် ကောက်ရန် မဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ကျနော်တို့မှာ မဟာမိတ် မူဆိုတာရှိတယ်၊ ဒါကြောင့် အခုတန့်ယန်းမြို့နယ်ထဲကို KIO/KIA ရောက်လာတာ မကြား မိဘူး၊ ဒါကြောင့် အခုအခွန်ဆောင်ဖို့ ပြောတဲ့အဖွဲ့က တပ်ဖွဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်စားနေတာလို့ မြင် တယ်၊ တကယ်လို့ KIO/KIA က လာတယ်ဆိုရင်လည်း ကျနော်တို့လက်မခံနိုင်ဘူး၊ သူတို့က ဒီတန့်ယန်းနယ်ထဲကို အခွန်ကောက်ဖို့အကြောင်းမရှိဘူး” ဟု ဗိုလ်မှူးဖုန်းက ပြောသည်။

ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီး ခြိမ်းခြောက်ငွေတာင်းခံရသည့် တန့်ယန်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက ဖုန်းဆက် လာသူသည် ကချင်သံမဟုတ်သည့်အတွက် KIO/KIA တပ်ဖွဲ့ဖြစ်သည်ကို အတည်ပြုရန်ခက်ခဲကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ငွေတောင်းနေတဲ့အသံက ကချင်အသံမဟုတ်ဘူး၊ လူလိမ်တွေလို့ထင်တယ်၊ တန့်ယန်းမြို့ပေါ်မှာ KIA လာစရာ အကြောင်းမရှိဘူး၊ လူထုက ဘယ်သူ့ကိုအားကိုးရမလဲမသိတော့ဘူး၊ လုံခြုံမှုကိုမရှိဘူး” ဟု အထက်ပါ အမျိုးသမီး က ပြောသည်။

KIO/KIA အမည်ခံပြီး အခွန်ကောက်ခံ တောင်းယူခြင်းသည် ကောင်းသည့် ကိစ္စရပ်မဟုတ်သည့်အတွက် လူမျိုးရေးပြဿနာများလည်း ဖြစ်လာနိုင်သဖြင့် ပြည်သူများ အထူးဂရုစိုက်ရန်နှင့် လက်ရှိတွင် KIO/KIA တပ်ဖွဲ့မှလည်း စီစစ်မှုများ ပြုလုပ်နေကြောင်း ဗိုလ်မှူကြီး နော်ဘူက ပြောသည်။

“ဒီလိုလုပ်တာတော့ မကောင်းဘူးပေါ့၊ အဖွဲ့အစည်းကို တိုက်ခံချင်လို့လား၊ ကိုယ်ကျိုးအကျိုးစီးပွား ရှာချင်တာ လား ဒီလိုမလုပ်သင့်ဘူး၊ ရှေ့တန်းမြေပြင်မှာ ရှိတဲ့ ကျနော်တို့တာဝန်ရှိသူက စီစစ်မှုတွေလုပ်နေတယ်၊ ပြည်သူ တွေ မီဒီယာတွေကိုလည်း ပူးပေါင်းကူညီပေးစေချင်တယ်” ဟု ဗိုလ်မှူးနော်ဘူက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်တွင် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်လာပြီး သျှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ပေါင်းများစွာ တည်ရှိနေပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဆက်ကြေး (အခွန်ဆောင်)နေရသဖြင့် ပြည်သူများအတွက် ဝန်ထုတ်ပိုကြီးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...